Sunday, February 24, 2013

တိတ်ဆိတ်တွယ်ငြိတပ်မက်ဝေဒနာ





သခင်ရင်မှာ
နင်အမြဲရှိတယ်
အတွေးထဲတွေဝေ
မှောက်မှားဖောက်ပြားတဲ့စိတ်နဲ့
ခြောက်ခြားခြင်းအရိပ်တွေ
ရင်မှာဝင်လို့နေရာယူ........

ရင်ထဲမှာ
အစဉ်အမြဲငြိတွယ်
အတွေးထဲမှာ
အစဉ်အမြဲရှိတယ်
တိတ်ဆိတ်စွာမနေသာခြင်းရဲ့
တဖက်နံရံမှာ
အနေနီးလို့
ရင်မှာမနေတတ်ခဲ့
အခြေကြီးလို့
နင်ဟာလေ
အဖြေမတတ်ခဲ့သလားကွယ်....

သံယောဇဉ်အပိုင်းစနဲ့
ပြန်မပြောချင်တဲ့
စကားအခွန်းခွန်းဟာ
အထင်သေးအမြင်သေးဖြစ်ခဲ့
ချစ်မိသူငါ့
ရင်မှာရတက်မအေးအောင်
လှိုက်ဖိုမောလျတဲ့
ရင်ဝေဒနာအစုံက
နင်ရယ်လို့ငြိတွယ်မြဲပါ......

သခင်ခြေရင်း
ဝပ်စင်းခစား
ချစ်ခြင်းများနဲ့
နင့်အပါးမှာ
အမြဲအစဉ်
နေရာယူနေချင်
တွယ်မက်တဲ့စိတ်
တမ်းတရစ်စေ
နှောင်မိတဲ့ကြိုး
တွယ်ကာပတ်ရစ်
သိပ်ချစ်သတဲ့........

အမှန်နဲ့အမှားလို
ခံစားတွေဝေ
ရင်မှာမနေတတ်
အနေကြပ်ခဲ့
မတတ်သာသည်
လှိုက်ဖိုမောလျ
ရင်ခွင်မှာ........။     ။

3 comments:

နွေတေးရှင် (မင်းဧရာ) said...

အစ်ကိုကြီး အသက်ကြီးပြီဗျး))။

သံယောဇဉ်ဆိုတာ ဖြတ်နိုင်သူအတွက်တော့ အေးချမ်းတာပါဘဲ။

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးး
စာသားလေးတွေက နူးညံ့လှပလိုက်တာ
ညလေးနောက်တင်မဲ့ ကဗျာလိုနဲ့ဆင်တင်တင်ပဲ
ပြောရရင် အကိုမောင်ရယ်...နဲနဲအောက်ကျ
နောက်ကျနိုင်တဲ့ အချစ်မျိုးပါပဲ :)))

ချစ်သူမောင် said...

ဟိဟိကောင်လေး မင်းဧရာရယ် ရင်ကခံစားမှုမရှိလို့ဘာမှမထွက်လာတာကြာပေါ့ ...သံယောဇဉ်မပြတ်မှဖြတ်ယင်တော့ကာရန်တွေကွယ်
နဘေတွေပျောက်လိမ့်မယ် တခုခုကိုခံစားနေရမှ ထွက်လာတဲ့စကားလုံးတွေကိုစီရတာနော် နာ့ကိုအတင်းမဖြတ်ခိုင်းနဲ့ သံယောဇဉ်ကိုပြောတာနော်....

မိုးနတ်ရေ
ချစ်ချင်းမှာအောက်ကျနောက်ကျတွေလို့ မတွေးနိုင်ပါဘူးကွယ်

ခင်မင်လျှက်

ချစ်သူမောင်