Friday, March 8, 2013

အပြစ်မကင်းတဲ့ချစ်ခြင်းတွေ





ဆိုစကားတင်း
ချစ်ခြင်းဖွဲ့တွေ
တွေဝေစွာပင်
ဝေးမှာစိုးကြောက်
လွမ်းလောက်ပါတဲ့
တွယ်ငြိတပ်မက်
ဝေဒနာ....

ရိုးသားစိတ်လေး
ကွယ်ပျောက်ပြေးမှာ
စိုးရွံ့ပါရဲ့
စိတ်မှာဖြစ်သော
ဒါဏ်ရာတွေလေ
အယင်ကထက်...ပိုများနေ

မပြောသာသည်
နှောင်တည်ရစ်ပတ်
သံယောဇဉ်စ
မြင်ခဲ့သည်လေ
သည်းရင်ပူစေ
ကျွမ်းမြေ့စေသား
အတွေးမှားတွေ
နှလုံးသားထိ
စွဲငြိဝင်.....

သည်းသည်းလှိုက်ခုန်
ရင်အစုံသည်
တွယ်ငြိခြင်း၏
မြစ်ဖျားခံရာ
သံသရာစက်ဝန်း
ခဏခြင်းသာ
ကြုံဖူးပါရဲ့
နုညံ့ဖက်ပွေ့
အတွေ့...၌ပင်
ပျော်မောခဲ့ဖူး
ရင်ခုန်ဖူး၏
ခွဲခဲ့ရလည်း
မလွမ်းသာ......

မလွမ်းသာသည်
ရင်မှာသည်းသည်း
အလွမ်းထဲနစ်မွန်း
ချစ်လွန်း၍သာ
အရာရာပင်
မတွယ်ငြိဟန်
ဟန်ဆောင်စကား
နှုတ်ဖျားတင်.......

“ရိုးရိုးသားသား”
စကားသည်လို
ဆိုခဲ့သည့်နှုတ်
မှားမိမှန်းပင်
စိတ်ဝယ်ထင်သည်
ချစ်မိရင်မှာ
မလွန့်သာ.....

“ချစ်သည်”သခင်
ရင်ခွင်ကသိ
ဖွင့်ဟလှစ်ကြား
စကားသည်လို
ဆိုချင်ပါသည်
တို့နှုတ်ဖျားမှ
မပြောသာသည်
ခွဲခက် မခွာဝံ့
မစွန့်သာသည်
ရင်ကဝေဒနာ
သခင်မြင်မလား.......


4 comments:

စႏၵကူး said...

ကဗျာလေးဖတ်သွားတယ်ဥဥ.. နားမလည်လို့ ၃ ခါ ပြန်ဖတ်တယ်... ဥဥ...
ခေါင်းစဉ်လေးကိုကြိုက်တယ်.. အချစ်ဖြစ်မှတော့ အပြစ်မကင်းနိုင်ကြတော့ဘူး သိပ်မှန်တယ်...

ချစ်သူမောင် said...

ကျေးဇူးပါကူကူးရေ

မိုးနတ်ကြယ်စင် said...

သည်းသည်းလှိုက်ခုန်
ရင်အစုံသည်
တွယ်ငြိခြင်း၏
မြစ်ဖျားခံရာ....

အဲ့နားလေးပိုလှတယ်....
ကဗျာတစ်ပုဒ်လုံးလဲ
ချစ်စရာတော်တော်ကောင်းတယ်..
စကားလုံးအသုံးအနှုန်းလေးတွေ
နှစ်သက်မိပါတယ် အကိုမောင်ရေ...
ခင်တဲ့...မိုးနတ်

Unknown said...

အချစ်​မှာမျကိစိမရှိဆိုတာ တကယ်​မှန်​​နေပြီလို့ ​ပြောရ​တော့မလို ဒီကဗျာ​လေးက ​ဖော်​ပြ​နေပါတယ်​ ချစ်​သူ​မောင်​ ရယ်