Monday, November 2, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၃)

နှင်းစဉ်းစားနေမိသည်  ကိုကျော်အဘယ့်ကြောင့်နှင်းကိုရှောင်နေသနည်း တွေ့ချင်သူကတွေ့ချင်လို့မတွေ့ချင်သူကရှောင်ပုန်း
နေခြင်းအတွက် မိမိ ၏မိန်းကလေးသိက္ခာကျ ရပြီလားဟု ။ထိုသို့လည်းမဆိုသာပါချေ ကိုကျော်တစ်ယောက် အမြဲ အလုပ်များ
နေတတ်တာမို့ ၊ တစ်နေ့တော့တွေ့ရမည်ဟုမျှော်လင့်ထားလျက်သာ ၊ တစ်ကယ်တော့ကျော်စွာကို လက်ထပ်လိုစိတ် အလျဉ်း
မရှိခဲ့ သို့သော် ဒေါ်ဒေါ်၏ စကားကိုမလွန်ဆန်သာပါ ။ မိမိဖက်က အတိုင်းတာတစ်ခုအထိဖုံးစကားပြောချိန်များတွင် ကိုကျော်ကို
စိတ်ဝင်စားသည့် အရိပ်ယောင် ပြသည့်အခွင့်အရေးရရှိခဲ့သလို ပြလည်းပြခဲ့မိသည် သို့သော် ကိုကျော်ကစကားလမ်းကြောင်း
လွှဲပစ်တတ်သည် မသိသယောင်ပြုခဲ့ပေါင်းများလေသည် ။အဘယ်ကြောင့်ပါနည်း နှင်းစိတ်တို့မွန်းကျပ်လာခဲ့ရလေသည် ။
တွေးယင်းလည်းစိတ်ထဲရှုပ်လှသည်မို့ ကိုလှမြင့်၏ဖုံးကိုလှမ်းခေါ်ဖြစ်လိုက်သည် ။
"ဟဲလို ကိုလှမြင့်လား "
"ဟုတ်ပါတယ်အစ်မ"
"ကျွန်မစိတ်တွေမွန်းကျပ်နေလို့ကျွန်မကိုတစ်နေရာရာပို့ပေးနိုင်မလား"
"အစ်မဘယ်ကိုသွားချင်တာလဲဆိုတာပြောလေ ကိုကျော်စွာမဖြန်ပြန်ရောက်မှာမဟုတ်လား"
"ဟုတ်ပါတယ်  စိတ်နဲနဲလွတ်လွတ်လပ်လပ်ဖြစ်မယ့်ရန်ကုန်ကတစ်နေရာကိုလိုက်ပို့ပေး ကျွန်မမသွားတတ်လို့"
"ဟုတ်ပြီလေအစ်မ ခဏစောင့် ဆယ့်ငါးမိနစ်အတွင်း ကျွန်တော်အရောက်လာခဲ့မယ် "

စိတ်တွေမွန်းကျပ်နေတယ်တဲ့လားနှင်းရယ် ကိုကျော်ကိုခွင့်လွှတ်ဖို့မတောင်းဆိုချင်ပါဘူး ဒါပေမယ့် ခုလိုအဖြစ်အားလုံးဟာ
ကိုကျော်အပြစ်တွေပါ ကိုကျော်နှင်းနဲ့စခင်တည်းက မပွင့်လင်းတဲ့ကိုကျော့် အပြစ်တွေပါ ။ခုလိုအကျိုးဆက်တွေဖြစ်လာပြီး
နှစ်ယောက်စလုံးရင်နာခံစားရမယ်ဆိုတာ မတွေးမိခဲ့ဘူး ကိုကျော့်ဘ၀အကြောင်းနှင်းကိုမပြောပြဖြစ်ခဲ့ဘူး ။
တစ်ဝက်တစ်ပျက်စဉ်းစားယင်း မောင်ကျော်ရွှေတောင်ကြားလမ်းအတွင်းသို့
ကားမောင်းဝင်လိုက်သည် ။ကိုကျော်စွာအဒေါ်အိမ်ရှေ့အရောက် နှင်းထွက်စောင့်နေသည် ။ အိုးလှလိုက်တဲ့နှင်း ညနေစောင်း
နေရောင်အောက်မှာ မရမ်းစေ့ရောင် ၀မ်းဆက်နှင့် အညာသူဟုဆိုသော်လည်း အသားရေက၀င်းဝင်းမွတ်မွတ် ရတုတွေ
အစီရီပေါ်လာ သည်စိတ်ထဲမှာပေါ့ ၊
"ကဲမနှင်း ဘယ်သွားချင်တာလဲ "
"တစ်နေရာရာစိတ်လွတ်လွတ်လပ်လပ် ရှိမယ့်တစ်နေရာ နောက်ပြီး မနှင်းဆိုတာထက် ကိုကျော်ခေါ်သလိုနှင်းပဲခေါ်ပါလားကိုလှမြင့်"
"ဟုတ်ကဲ့ ပါမနှင်း"
"ကဲပြောယင်းဆိုယင်း"
နှစ်ယောက်သားရယ်ဖြစ်ကြသည် နောက်တော့မောင်ကျော်အင်းလျားဖက်ကိုမောင်းလာခဲ့သည် အင်းလျားသည်လှလွန်း၏
ကန်ပေါင်၏ ဟိုသည်မှာ စုံတွဲလေးတွေအနှံပြား ကောင်မလေးအစုစုတို့ကလည်းဟိုသည်တဖွဲ့စီ ။
"ကဲ နှင်း အင်းလျားကန်ဘောင်ပေါ်ရောက်ပြီ အကြော်စားယင်း နှင်းစိတ်ထဲကခံစားရတာတွေရှင်းပစ်လိုက် ဟိုဖက်ကရေစပ်နားက
ဆိုင်မှာထိုင်ကြတာပေါ့ " ထိုသို့ပြောယင်းလှမြင့်တစ်ဖြစ်လဲမောင်ကျော်ကရှေ့မှဦးဆောင်ဆင်းသည် ။
သို့သော်နှင်းစိတ်ထဲမှာတွေတွေဝေေ၀ အဘယ်ကြောင့်ဆိုသော် လှမြင့် ၏နှင်းဟုခေါ်သောလေသံက ကိုကျော်နှင့်တစ်ထေ
ရာတည်း တူနေသည်ဟုထင်သည် သို့သော် ကြာရှည်တွေးချိန်မရလိုက်ပါ လှမြင့်ကကန်စပ် ကဆိုင်သို့ရောက်သွားပြီမို့။
နှင်းစိတ်ထဲဒွိဟစိတ်တွေပိုများလာလေသည် ။ထို့ပြင်လှမြင့်ကိုစိတ်ထဲမှရင်းနှီးနေသည်ဟုဖာသာသိလေသည်။
လှမြင့်ရွေးထိုင်သောခုံနားသို့အရောက်မှ နှင်းအကြံတစ်ခုရ၏ အငိုက်ဖမ်းကြည့်ရန် ခလုတ်တိုက်မိချင်ယောင်ဆောင် ပြီးလှမြင့်
အား အမလေးကိုကျော် ရုတ်တစ်ရက်လှမြင့်ကြောင်သွားပြီးနှင်းကိုမလဲကျစေရန်ထိန်းပေးကာ ဘာမှမထူးသည့်မျက်နှာပေးနှင့်
အစ်မလေးကလည်း ဂရုစိုက်ပါဦးဟုသာ......ဆိုလေသည် သို့သော်နှင်း၏သံသယများပျောက်မသွားခဲ့ပါ လှမြင့်သည် ကိုကျော်
ဖြစ်ရမည်ဟုတထစ်ချယုံကြည်လေသည် ။

No comments: