Thursday, August 28, 2008

နေကြတ်တဲ့နေ့လကြတ်တဲ့ည






ကာရံတွေထွေပြား
စိတ်ကစားတဲ့နေ့
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့နေ့
တစုံတဦးကိုတမ်းတမိတဲ့နေ့
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........

အဖွားဆိုတဲ့
နေမင်းတဆူ
ကွယ်ပျောက်တဲ့
နေ့တစ်နေ့
တစ်ကယ်ဆန်းစစ်ကြည့်ယင်
အနှစ်နှစ်ဆယ်ပြည့်ပြီ
ငါ့ဘ၀မှာနေကြတ်ခဲ့တာ
အနှစ်နှစ်ဆယ်ရှိခဲ့ပြီ........

ကာရံတွေနဲ့ကစား
ဗျာများတဲ့ည
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့ည
တစုံတဦးကိုတမ်းတမိတဲ့ည
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........

ကိုကို့ရဲ့အသက်ကလေး
လမင်းတစ်စင်းလို
ကွယ်ပျောက်သွားတဲ့
ညတစ်ည
တစ်ကယ်ဆန်းစစ်တော့
ငါးနှစ်စာတိုင်ခဲ့ပေါ့
ငါ့ဘ၀မှာ
လကြတ်သွားတာ
ငါးနှစ်ကျော်ကြာခဲ့ပြီ..........

တည်ငြိမ်ပြီလို့ထင်တဲ့ရင်
တခါတခါလည်း
လွမ်းလို့ကောင်းဆဲပါ
လွမ်းတွေနွေတစ်ရာ
စမ်းရေလည်းမဖြေသာ
အနမ်းတွေဝေဆာလည်းနေလို့မရ
ဖြေလို့မရတဲ့ဘဝ
နှောင်ကြိုးတွေ
ရစ်ပတ်နေတဲ့
"ခဏ"ဆိုတဲ့ဒီဘဝ
အလွမ်းနွေတစ်ရာ
စမ်းရေနဲ့နွေကန္တာမှာ
ငါလည်းမောနေ
သောကပွေ
ရင်ကအလွမ်းတွေပါလေ.........။ ။

Wednesday, August 27, 2008

ဖြစ်တည်မှု(၂)

12 week
The fetus is 7cm to 9cm in length
and weighs 28g
Fingers and toes are distinct
Placenta is complete
Fetal circulation is complete.
ဟီး ၇ စင်တီမီတာကနေ၉စင်တီမီတာလောက်အထိတဲ့ လက်ချောင်းနဲ့ခြေချောင်းလေးတွေ
ကွဲကွဲ ပြားပြားတွေ့ရပေါ့..............

Monday, August 18, 2008

UCG Test

UCG test
ယူစီဂျီတက်(စ) ဆိုတာကတော့ အလွယ်တကူပြောရယင်ကိုယ်ဝန်ရှိမရှိစမ်းသပ်တာပါ
တချိန်က တော့ စမ်းသပ်ခံရမယ့်သူရဲ့ဆီးကို (မနက်စောစောအိပ်ယာထထခြင်းဆီး)
ယူပြီး ဓါတ်ခွဲခန်းမှာ စမ်းသပ်တာပါ အဲဒီလိုစမ်းသပ်မှုမှာ ခန္ဓာကိုယ်ရဲ့ ဟိုမုန်းဓါတ်ထွက်ရှိ
မှုပမာဏကိုစမ်းသပ်ပြီး ကိုယ်ဝန်ရှိမရှိ ဓါတ်ခွဲခန်းကအဖြေ ထုတ်ပေးပါတယ် ။
အဲဒီကိစ္စနဲ့ပါတ်သက်လို့ ရယ်စရာအကြောင်းလေးတခုကြုံဖူးခဲ့ ဖူးပါတယ် ဘယ်လို
ရယ်စရာလဲ ဆိုတော့ တချိန်တုန်းက ဆီးနမူနာယူပြီးစမ်းသပ်စဉ် အခါက ဖြစ်ရပ်လေးပါ
အဲဒီ ယူစီဂျီစမ်းသပ်မှုလုပ်မယ့် စုံတွဲ တစ်တွဲဆီက ဆီးနမူနာကိစ္စနဲ့ ပါတ်သက်ပြီးဖြစ်ရပ်
လေးပါ၊အမျိုးသမီးမနက်စောစောအိပ်ယာထထခြင်း ဆီးကိုဓါတ်ခွဲခန်းပို့ရမယ်ဆိုတော့
အဲဒီမနက်မှာအမျိုးသမီးက မနက်စောစောဆီးယူဖိုကမေ့သွားပြီး ဈေးဝယ်ထွက်သွားပါ
တယ် ယောက်ျား လုပ်သူအိပ်ယာကနိုးလာတော့ မနေ့ညနေဓါတ်ခွဲခန်းကပေးလိုက်တဲ့
ဆီးပုလင်းကိုသတိရသွားပါတယ်မိန်းမကို ဆီးယူဖို့လိုက်ရှာတော့ ဈေးသွားပြီဆိုတာသိ
လိုက်ရတယ် သူလည်းကြံရာမရဖြစ်သွားတယ် အဲတာနဲ့သူ့ရဲ့ဆီးကို ဆီးပုလင်းထဲထည့်
ပြီးဓါတ်ခွဲခန်းပို့ လိုက်တယ် အဲဒီအချိန်က ကျန်းမာရေးအသိပညာနည်းပါးနေသေးတဲ့
အချိန်လည်း ဖြစ်နေတာကိုး ဟီး ဓါတ်ခွဲခန်း အဖြေထွက်လာတော့ ဘယ်လိုထွက်လာ
တယ် ထင်လဲ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ အဖြေထွက်လာတယ် ဘာလို့လဲတော့မသိပါဘူး
အဲဒီမှာ ယောက်ျားလုပ်သူ မျက်စေ့ပြူးတော့တာပဲ သူ့ဆီးကိုမိန်းမနာမည်နဲ့ ပေးလိုက်
တဲ့ဓါတ်ခွဲခန်းအဖြေ ဖြစ်နေတော့ သူ့မှာကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်သွား
တာ သူလည်း ဘာပြောရမှန်းမသိဖြစ်သွားတယ် သူတလွဲလုပ်တာကိုး ဟီး ရယ်တော့ရယ်
ရတယ် တချိန်က ဇတ်လမ်းတပုဒ်ကိုသတိရ မိတယ်၊ပဋိသန္ဓေ တားဆေး သောက်ခိုင်းတဲ့
ဖြစ်ရပ်လိုပေါ့ အမျိုးသမီးသောက်ရမယ့်ကိစ္စကို အမျိုးသားသောက်တဲ့ဇတ်လမ်းမျိုးပါပဲ
သောက်တာသောက်တယ် မထိရောက်ဘူးကလေးတစွတ်စွတ်မွေးနေတုန်းပဲ ဆိုတဲ့ဇတ်
လမ်းမျိုးပါ အဓိက တော့ အနည်းဆုံးကျန်းမာရေးအသိပညာနည်းနည်း တော့ ရှိဖို့လို
ပါလိမ့်မယ် ၊ ခုခေတ်တော့ အဲလောက်ခက်ခက်ခဲခဲ ဓါတ်ခွဲခန်း ပို့ဖို့မလိုတော့ပါ
ဘူး UCG test လုပ်ဖို့ Strip လေးတွေဆေးဆိုင် တွေမှာအလွယ်တကူဝယ်လို့ရနေပါပြီ။
စမ်းသပ်တာလည်းလွယ်ကူပါတယ် ကိုယ်ဝန်ရှိမရှိစမ်းသပ်မယ့် အမျိုးသမီးရဲ့ မနက်စော
စော အိပ်ယာထထ ခြင်းဆီးကိုယူ ပြီး Strip လေးကို စိမ်ရမယ့်အပိုင်းကိုနှစ်လိုက်ယုံပါပဲ
အဖြေကလည်းလွယ်ပါတယ်။ ပန်းရောင်အစင်းကြောင်းလေး တစ်ကြောင်းတည်းပေါ်လာ
ယင် ကိုယ်ဝန်မရှိသေးပါဘူး အဲ နှစ်ကြောင်းဆိုယင်တော့ ကလေးလိုချင်နေသူတွေအတွက်
ဝမ်းသာစရာသတင်း တခုရပြီပေါ့။ ပြီးတော့ အနေထိုင် အစားသောက်ဆင်ခြင်လို့ လည်းရ
ပြီပေါ့။

Sunday, August 17, 2008

ဖြစ်တည်မှု(၁)

ဖြစ်တည်မှု တခုအစပြုခဲ့ ပါပြီ ဘာကြောင့်လဲ မေးယင်တော့ ကလေးရပြီလို့ဆိုချင်ပါတယ်
ရည်းစားရသလိုရင်ခုန်ရပါတယ် အော်မိဘမေတ္တာ တကယ်ကြီးမားလှပါလား ၊ဟိုးအယင်တည်းက
လဖက်ရည်တစ်ခွက်သူများငါးမတ်ရောင်းယင် သူကတစ်ကျပ်ခွဲ အဲမှားလို့ မိဘမေတ္တကြီးမားတာ
လဖက်ရည် ဈေးကြီးတာနဲ့ရောသွားလို့ တလာကကျွန်တော်လက်ခွဲလိုက်ရပါတယ် လက်ခွဲပြီး
ဒါဏ်ရာမကျက်သေးတော့ ဆရာဝန်ကြီးနဲ့ဆက်ပြ နေခဲ့ ရပါတယ် တနေ့ ဆရာဝန်သွားပြပြီး
အပြန်မှာ ကျွန်တော့ရဲ့ (သက်ကလေး) မိန်းမ က ကားမူးတယ်လို့ပြောပါတယ်။တစ်ချိန်လုံး
ကားနဲ့လျှောက်သွားနေတဲ့သူက ကားမူးတယ်ဆိုတော့ နည်းနည်းစဉ်းစားစရာပေါ့ ကျွန်တော်
ကတော့ထင်ပါတယ် ကိုယ်ဝန်ရှိနေပြီ ဆိုတာပါ....အဲတာနဲ့ UCG test လုပ်တဲ့ strip လေးဝယ်
လိုက်ပါတယ်.......နောက် နေ့မနက် စမ်းသပ်လိုက်တော့ ပန်းရောင် အစင်းလေးနှစ်ကြောင်း
တွေ့လိုက်ရတယ် ပျော်လိုက်တာဖြစ် ခြင်း ...... မိန်းမရဖူးတယ် ကလေးမရဖူးခဲ့ပါ တော်တော်
ပျော်သွားခဲ့တယ်လေ အပျော်တွေ အပျော်တွေ ဘယ်လောက်ထိပျော်လဲမေးယင် နှစ်ရက်လောက်
ထမင်းစားကောင်းအောင်ကိုပျော်နေခဲ့ တယ် သက်ကလေးကို ကျေးဇူးတင်ကြောင်းတွေတဖွဖွပြော
လို့....မမောမပန်းနိုင်ခဲ့ ပါဘူး တစ်သက်နဲ့တစ်ကိုယ်အဲလောက် ပျော်ခဲ့တာမရှိပါဘူး တစ်ကယ်
အလွမ်းဇတ်ကို တစ်ခန်းရပ်ပြီး ချစ်ရတဲ့မိသားစုလေးနဲ့ ငြိမ်းချမ်းသာယာတဲ့ဘ၀လေးတစ်ခုတည်
ဆောက်ပြီးပျော်ရွှင်စွာနေချင်တဲ့ဆန္ဒည်းပြည့်ဝပြီ...............လောလောဆယ်ကလေးက ရှစ်ပတ်
သားကျော်ကျော် လေး တနေ့ အိုဂျီသွားပြလိုက်တယ် စစ်ခိုင်းတာစုံလို့ပါသွေးစစ်တယ် HIV
အသည်းရောင်အသားဝါ B ,C ဟေမိုဂလိုဘင် စုံလို့ပါဗျာ အာထရာဆောင်းရိုက်ခိုင်းတယ်
ဟီး....ကလေး သေးသေးလေးကိုမြင်ရတယ် ဘာမှတော့မရှိသေးဘူး 2.5 cmတဲ့
ကျွန်တော်လက်လှမ်းမှီသလောက်လေ့လာတင်ပြပါ့မယ် ဆွဲတော့မဆိတ်နဲ့နော် အဲမှားပြန်ပြီ
မေ့ကုန်လို့စာအုပ်ပြန်ရှာရတာအမော .......ကဲစပြီ.............
စကင်နာမရှိလို့စာချည်းတင်လိုက်မယ်.....စိတ်မဆိုးကြကြေး............
Fetal Developement
4weeks
The feature is 0.75cm to 1cm in length
Trophoblast embed in decidua.
Chorionic villi from
Foundation for nervous system,genitourinary system,skin,bone and lungs are formed
Buds of arms and legs beging to form.
Rudiments of eyes ears and nose appear.
ဟီး ထူးဆန်းတာ ကိုယ်ဝန်လေးပတ်မှာကလေးက ပုံတောင်ပေါ်နေပြီ ဒါပေမယ့်အာထရာဆောင်းပုံထဲမှာ
အလုံးလေးပဲ
8weeks
The feature is 2.5 cm in length and weigh 4gm
Fetus is markedly bent
Head is disproportionately large.
owing to brain development
Sex differentiation beings
Centers of bone begin to ossify
ဒီအရွယ်လေးလဲဘာပုံမှမထွက်သေးဘူး အထီးလေးလားအမလေးလားစခွဲပြီတဲ့ ဟီးအဲတာလဲမမြင်ရသေးဘူး
ဦးနှောက်လည်းစတင်ဖွံဖြိုးတယ်လို့ပြောရမလား ခုမှဦးနှောက်စဖြစ်တယ်လို့ဆိုရမလား လောလောဆယ်
တော့ သက်ကလေး Morning Sickness တော့တော်တော်ခံစားနေရတယ် ကြည့်ပြီးသနားတယ်။
အော်...အဲတာမြင်မှ အမေတို့အဖေတို့ရဲ့ ချစ်ခြင်းတွေ ကိုသေချာမြင်လာရတော့တယ် ကျွန်တော်
ဆိုးခဲ့ မိုက်ခဲ့ တေခဲ့ လေခဲ့ တာတွေ အတွက် အဖေတို့အမေတို့ကို ကိုယ်ချင်း စာမိတယ် တော်သေးတယ်
အမားရောအပါးပါ လန်းဖြာပကတိ ကျန်းမာစွာရှိနေသေးတယ် ကျွန်တော့အတွက် အကောင်းပါ မိဘကျေး
ဇူး ဆပ်ခွင့်ရနေပါသေးတယ် တစ်ချိန်က မှားခဲ့မိုက်ခဲ့တာတွေ ခွင့်လွှတ်နိုင်တဲ့ အပါးနဲ့ အမားတို့ရဲ့ မေတ္တာ
ဘယ်လောက်ကြီးမားခဲ့ပါသလဲ................။ ။



Tuesday, August 5, 2008

ပန်းလိမ္မော်




အဲဒီပန်းလိမ္မော်သီးလေးတွေပါ ကျွန်တော်အစကတော့အလှစိုက်ထားတာပါ တော်တော်လည်း
သီးပါတယ် အပင်ကသုံးပင် ၀ယ်တုန်းကတော့အချိုသီးလို့ပြောပါတယ် ဒါပေမယ့်ချိုလည်းမချို
ချဉ်လည်း မချဉ်ပါဘူး အဲဒီတော့ကျွန်တော်ဘာလုပ်တယ်ထင်သလဲ ရေစင်အောင်ဆေးပါတယ်
နောက် အသီးထိပ်ကနေလေးစိတ်ခွဲ ပြီးတော့ ယိုထိုးလိုက်ပါတယ် အသီးကနှစ်ပိသာလောက်ရ
ပါတယ် အဲဒီတော့ထန်းလျက် တစ်ပိသာ ၀ယ် လိုက်ပါတယ် နောက်ပထမဆုံး ကျိုပြီး ထန်းလျက်
ရည်ကို ပိတ်စိမ်းပါးနဲ့ စစ်လိုက်ပါတယ် အဲမနည်းမနော သဲတွေ အမှိုက်တွေထွက်လာတော့တယ်
ပြီးတော့မှ ထပ်ပြီး စစ်ပြီးသားထန်းလျက်ရည်ကို ထပ်ကျိုတဲ့အထဲ အဲဒီခုနကရေဆေးပြီးလေး
စိတ်စိတ်ထားတဲ့ အသီးတွေကိုထည့်ရေကုန်အောင်ကျိုပစ်လိုက်တာပါ အခွံပါအပါပေါ့ ဆေး
ဘက်ဝင်မ၀င်တော့ မသိပါဘူး စားလို့တော့ကောင်းတယ် ဘာပဲဖြစ်ဖြစ်ယိုတော့ထိုးတတ်သွားပါပြီ။