ဘာဖြစ်ဖြစ်
ဘယ်လိုဖြစ်ဖြစ်
မနေ့က မိုးရွာတယ်
ရွာချင်လို့ရွာတာဖြစ်ဖြစ်
ဘယ်လိုဖြစ်ဖြစ်
မိုးရွာခဲ့တယ်.....
အရှေ့မြို့ရိုးက
မိုးစက်တွေလို့
တခါက နာမည်ကြီး
ဆရာတစ်ယောက်ဖွဲ့ဖူးတယ်
မီးတောက်အဖြစ်
ကခုန်လောင်ကျွမ်းခြင်း
အရှေ့မြို့ရိုးက
မိုးစက်တွေ......
ဘယ်သူဘာပြောပြော
မနေ့က ရွာချိန်မဟုတ်ပဲ
မိုးရွာတယ်
တစ်ကယ့် မိုးတွင်းအလား
ရွာပါ အစွမ်းကုန်
ကမ္ဘာမြေသန့်စင်ဖို့
မြန်မာ့မြေသန့်စင်ဖို့
ကျန်တာမပြောလို
မိုးခြိမ်းပြီးမိုးကြိုးပစ်တယ်
ထိစမ်းဟ........
ဟိုကောင့်ခေါင်းကို....
Chitthu Maung
No comments:
Post a Comment