Wednesday, February 25, 2026

ညီမလေးကိုလွမ်းတဲ့ည




‎ညီမလေး
‎ဘာတွေတွေးနေလဲ
‎ကိုကို့မှာတော့
‎လွမ်းလိုက်ရတာ
‎မင်းကတော့ဟိုးအဝေး
‎ဘယ်လောက်အဝေးလဲဆို
‎ပြန်မဆုံနိုင်ကြတော့တဲ့ထိ.....

‎သံသရာခရီးနှင်
‎အပြီးပင်ထွက်ခွာ
‎ကြေကွဲကြေမွခြင်း
‎နေ့တွေညတွေ
‎ကိုကို့ရင်ကိုတိုက်စား
‎အေးခဲသွားယင်းက.....

‎ခုဆိုယင်
‎နှစ်ဆယ့်သုံးနှစ်တောင်လား
‎မေ့လို့မရပါလေ
‎သတိရတဲ့စိတ်ပိုကဲ
‎တမ်းတခြင်းတွေအဆစ်ပါ
‎သတိရပါတယ်ဆိုတာထက်
‎ပိုတဲ့စကားရှိမလား.......

‎ဒီညတော့
‎လွမ်းခွင့်ပြုနော်
‎မနက်ဖြန်ညီမဆီလာမယ်
‎သတိတရ
‎အမှတ်ရခြင်းတွေနဲ့
‎အလွမ်းတွေ
‎ပန်းလိုမဝေနိုင်လည်း
‎တမ်းတမ်းတတ
‎ငိုချင်းချ........

No comments: