ညီမလေး
ဘာတွေတွေးနေလဲ
ကိုကို့မှာတော့
လွမ်းလိုက်ရတာ
မင်းကတော့ဟိုးအဝေး
ဘယ်လောက်အဝေးလဲဆို
ပြန်မဆုံနိုင်ကြတော့တဲ့ထိ.....
သံသရာခရီးနှင်
အပြီးပင်ထွက်ခွာ
ကြေကွဲကြေမွခြင်း
နေ့တွေညတွေ
ကိုကို့ရင်ကိုတိုက်စား
အေးခဲသွားယင်းက.....
ခုဆိုယင်
နှစ်ဆယ့်သုံးနှစ်တောင်လား
မေ့လို့မရပါလေ
သတိရတဲ့စိတ်ပိုကဲ
တမ်းတခြင်းတွေအဆစ်ပါ
သတိရပါတယ်ဆိုတာထက်
ပိုတဲ့စကားရှိမလား.......
ဒီညတော့
လွမ်းခွင့်ပြုနော်
မနက်ဖြန်ညီမဆီလာမယ်
သတိတရ
အမှတ်ရခြင်းတွေနဲ့
အလွမ်းတွေ
ပန်းလိုမဝေနိုင်လည်း
တမ်းတမ်းတတ
ငိုချင်းချ........
ချစ်သူမောင်
အမှတ်တရလေးတွေပါ
Wednesday, February 25, 2026
ညီမလေးကိုလွမ်းတဲ့ည
Sunday, December 28, 2025
မင်းနဲ့ဝေးတဲ့ညတွေ
မင်းရဲ့အကြောင်း
သတင်းအ ပေါင်း
အပေါင်းသင်းစုံနဲ့
ပြောဖူးတဲ့ နေ့
ကိုယ့်မှာရှိဖူး......
ရူးရူးမူးမူး
အလွမ်းသင့်
ကြေမွ ကြေကွဲ
နှလုံးသားဟာ
အခါးသက်သက်
စီးဆင်းခဲ့တဲ့
ပျားရည်မြစ်လား
ထင်မှတ်မှားဆဲ
မြင်ယောင်ထင်မှား
အိပ်မက်များစွာမှာ
မင်းသည်သာလျှင်
ပိုင်စိုးမိုးကာ
နေရာယူ.........
အယူမတူတဲ့အလွဲနဲ့
မူမတူတဲ့ငရဲဟာ
ရင်ကိုတိုက်စား
လွမ်းလို့ပြာကျ
နွမ်းလျအိပ်စက်ခြင်းညတွေ
အဖန်ဖန်နိုး
ဝိုးဝါးအိပ်မက်
ဂယောက်ဂယက်ပါလေ.....
ရင်ခွင်ညှာဦး
တမ်းတမူးရီ
အိပ်စက်သည်တွင်
မွမွကြေသည်
ရင်သည်ဟက်တက်
ကွဲသတည်း .......
အိပ်စက်ခြင်းသည်
ဖယ်ခွာပြေးထွက်
ညနက်နက်မှာ
လွမ်းလို့လောင်မြိုက်
အမှောင်တိုက်တွင်း
သက်ဆင်းခယ
ဒီတညလည်း
အိပ်လို့ပျော်ပါ
ရရပါစေ
တောင်းဆုချွေ။
Chitthu Maung
Saturday, June 14, 2025
မောင့်ချစ်သူ၏ အိပ်ဖန်စောင့်
ညတွေညတွေ
ထိုင်ထိုင်နေတယ်
Messenger မှာ
Good Night ပို့ပြီး
Seen ဖြစ်သလား
Reply လာနိုး
စောင့်မျှော်ကိုးလို့
တွယ်တာမြတ်နိုး
ချစ်ရပါ သော
မောင့်ချစ်သူ.........
မီးလည်းမစိမ်း
တမင်တိမ်းလို့
Messenger မဖွင့်
တမင်လွင့်တဲ့ည တွေဆို
Seen မဖြစ်မခြင်း
စောင့်မျှော်ခြင်းက
အချိန်တွေဝါးစား
ညတွေညတွေများ
မှေးစက်လည်းမပျော်
တမ်းတသော်လည်း
သူကမ ပေါ်လာ
ဘယ်နေရာ
ဘယ်ဘားမှာများ
သွားသွား နေသလား
ထင်မှတ် မှားလို့
ရင်သည်ပူ ကြွေ
သက်ပြင်းတွေလည်း
ခနခနချ.......
မောရပါသည်
မအိပ်နိုင်ပါ
သည်လိုညပေါ့
တမ်းတရင်းတွေး
Seen လေးကိုမြင်
Reply ဝင်မှ
အတွေးစဖြတ်
မတ်တပ်အိပ်ရလည်း
ပျော်မှာပဲ လေ
ရင်ခုန်ကြည်နူး
နေခဲ့ဖူးသည်
မောင့်ချစ်သူ၏
အိပ်ဖန်စောင့်.........
Chitthu Maung
Thursday, April 24, 2025
ပလပ်ကျွတ်တဲ့နွေ
ရန်ကုန်မှာနေ
အာရပ်လိုဝတ်
ချာပါတီစား
နံပြားစား
ပလာတာစား
အိုအေစစ်မရှိတဲ့အရပ်
ကုလားအုတ်လည်းမရှိ
ရှားစောင်းပင်မရှိ
တကယ်နွေပူချက်က
သဲကန္တာရရှုံး
ဘိုင်စကယ်နေပူပူ
ထီးလည်းမပါ
အဝတ်သာရုံထားချင်မိ
အာရေဗျလား
အမ်းမရိတ်လား
ယူအေအီးလည်းမဟုတ်
ရန်ကုန်ပူချက်
လူးလူးလွန့်
ဖန်လုံအိမ်သတ္တိနဲ့
ရန်ကုန်ဟာ
သေလုလုပူ
ဟိုသည်အတု
မိုးအတု
ဆောင်းအတု
ဆိုပေမယ့်
နွေကျ အစစ်တဲ့.....
Tuesday, March 11, 2025
ပန်တော်ကျ
ပန်းအကြွေ
နွမ်းလေ ဂုဏ်သိက္ခာရှိ
ဘယ်သူသိသိမသိသိ
ပန်တော်ကျပန်း
နင်ဆင်မြန်းလည်း
သိက္ခာရှိရှိ
တည်ကြည်ပါ၏
နှစ်လရှည်ကြာ
ဆယ့်နှစ်နှစ်တာမှာ
ရင်ထဲရှိတဲ့
ချစ်တဲ့အကြောင်းတွေ
အကုန်အစင်နှစ်ဦးသား
နားလည်နေ
အခိုက်တံ့တခုနဲ့
ကြွေပြီးသားပန်း
ဆွတ်ယူနမ်းရှိုက်
အလွမ်းသင့်လိုက်
ပန်းပွင့်လိုက်ပါ
ချစ်သောကလျာ
အာသာဝတီ
နွယ်နီနတ်ပန်း
မြင်ယောင်စမ်းသို့
အလွမ်းညီညီ
ပန်းလိုသီခဲ့
ဘယ်လိုမှ
မဖြစ်တဲ့အဆုံး
ဆုံလို့မရချိန်
လမ်းခွဲခြင်းမှာ
ချစ်ခြင်းကရတဲ့
ဝေဒနာတွေစီရီ
နေလို့လည်းမတတ်ခဲ့
ဖြည်လို့လည်းမရပ်တဲ့
သံယောဇဉ်အမျှင်များ
နေစရာနေရာမှားပေမယ့်
နေစရာနေရာရှားနေခဲ့
ဝေဒနာတွေနဲ့လေ
စေညွှန်ရာနေရာသွားချင်ခဲ့
Friday, February 28, 2025
မျက်ရည်ခြုံလွှာ
သည်လိုနဲ့လျှင်
ဝေးကြရလျှင်
ကြေကွဲကြေမွ
ရင်ခွင်ကြားက
အလွမ်းဆိုသည်
မြေပြင်ကိုရန်လို
ကောင်းကင်ကိုမုန်းထား
မင်းစကားတွေက
မြှားအစင်းစင်း
ထုတ်ဖောက်ထွင်းသို့
ငါဆိုသည်လည်း
အပိုင်းပိုင်း.........
ကြေကွဲကြေမွ
နေ့နေ့ညတို့
ဖြစ်တည်အလွမ်း
ကြေကွဲခန်းတွေ
ရတုတစ်စောင်
ပျို့တစ်ထောင်လား
ထင်မှတ်တွေးမိ
စကားလုံးမရှိ.......
သည်လိုနဲ့လျှင်
ဖြစ်တည်ခြင်းတွေ
ပြိုပျက်ခြင်းက
အလိုမကျခြင်း
ငိုရခြင်းတွေ
ဘဝပျက်စေ
သူညွှန်းလေသလား
အတွေးတွေဝေဝါး
ထင်မှတ်မှားစေ.......
အပြင်အရပ်မှာလေ
မြင်မြင်ရာကို
ရန်ညှိုးဖွဲ့
အဆင်ပြေရာမရှိတဲ့
စတေးခံရတဲ့
အချစ်တစ်ခုအတွက်
ငိုကြွေးခြင်းကပိုသည်း
အကြီမ်ကြိမ်ခြေမွှခံရခြင်း
အတွက် ......
အပိုင်းပိုင်းကျိုးကြေသောနှလုံးသားမှာ
မျက်ရည်ခြုံလွှာ
ရွှေပမာကို
ယုယပိုက်ထွေး
နွမ်းလျတေးသီ
ကြေကွဲရင်သည်
တစ်စစီ.........
Monday, February 17, 2025
ပြင်ထားတဲ့ဝရဇိန်
ဘာဖြစ်ဖြစ်
ဒီနေ့လည်း
မိုးဆက်ရွာတယ်
ရွာစမ်း...ပေါ့
အတိတ်နိမိတ်ကောက်တဲ့သူနဲ့
ကပ်ဆေးမိုးဆိုတဲ့သူနဲ့
အမှန်ကတော့
သူ့ဟာသူရွာတာ
ရာသီဥတုပဲ
ဘာတတ်နိုင်မလဲ.....
သည်လိုညည်းတဲ့သူကလည်းညည်းတယ်
မတ်ပဲနဲ့ပဲတီစိမ်း
နဂိုကမှ အထွက်မကောင်းရတဲ့ကြားထဲ
မိုးကဖျက်တော့
ငုတ်တုပ်မေ့ပြီပေါ့ဗျာ။
တဲ့ ..ကဲ ဘာကောင်းယင်
ဆန်ရေစပါးပေါကြွယ်ဝပြီး
ကောက်ပဲသီးနှံဖြစ်ထွန်းတယ်ဆိုတဲ့
အနက်ရဲ့ပြောင်းပြန် တွေးကြရအောင်......
မိုးကြိုးကတော့
ရွာတိုင်းပစ်တယ်
ပစ်တိုင်းလည်း
ဟိုကောင့်ကို ....မှန်စေချင်တယ်
ဦးပုညရေးသလိုများ
(ပျက်ရှာသည့်ဝရဇိန်ငယ်
ပန်းတိမ်မှာပြင်တုန်းထင့်လေး)
ဖြစ်နေသလား
မပြောတတ်......
Chitthu Maung
အရှေ့မြို့ရိုးက မိုးကြိုး......
ဘာဖြစ်ဖြစ်
ဘယ်လိုဖြစ်ဖြစ်
မနေ့က မိုးရွာတယ်
ရွာချင်လို့ရွာတာဖြစ်ဖြစ်
ဘယ်လိုဖြစ်ဖြစ်
မိုးရွာခဲ့တယ်.....
အရှေ့မြို့ရိုးက
မိုးစက်တွေလို့
တခါက နာမည်ကြီး
ဆရာတစ်ယောက်ဖွဲ့ဖူးတယ်
မီးတောက်အဖြစ်
ကခုန်လောင်ကျွမ်းခြင်း
အရှေ့မြို့ရိုးက
မိုးစက်တွေ......
ဘယ်သူဘာပြောပြော
မနေ့က ရွာချိန်မဟုတ်ပဲ
မိုးရွာတယ်
တစ်ကယ့် မိုးတွင်းအလား
ရွာပါ အစွမ်းကုန်
ကမ္ဘာမြေသန့်စင်ဖို့
မြန်မာ့မြေသန့်စင်ဖို့
ကျန်တာမပြောလို
မိုးခြိမ်းပြီးမိုးကြိုးပစ်တယ်
ထိစမ်းဟ........
ဟိုကောင့်ခေါင်းကို....
Chitthu Maung
Sunday, January 26, 2025
ဇန္နဝါရီ အလွမ်း
ဇန္နဝါရီ အလွမ်း
အချစ်ဆုံးရေ
မင်းကိုလွမ်းတဲ့အခါ
ဆံဖျားကစ
ခြေဖျားအဆုံးထိ
လွမ်းပါတယ်
ရင်ထဲမှာ
တမ်းတတဲ့အခါ
မင်းဆီအပြေးလှမ်းချင်မိ
မီးကလာချင်သလိုလာနေတာ
အိပ်ယင်းတန်းလန်း
ပူလောင်လို့နိုးထလာရတဲ့အခါ
အယင်ဆုံးမင်းကိုတမ်းတ
လွမ်းရ နွမ်းလျလျ ညတွေ
တမ်းတရတဲ့အဖြစ်တွေပါ
အသက်ရှူလိုက်တိုင်း
သတိရတမ်းတတော့
နေရတာက
အလွမ်းရွာရဲ့အလယ်
သံယောဇဉ်နဲ့ချစ်ခြင်း
သမုဒယမျဉ်းများရဲ့ဆုံမှတ်
ဪ........
တမ်းတတယ်
အရမ်းလွမ်းတာပဲကွယ် ။ ။
Sunday, December 1, 2024
အထီးကျန်ခြင်း
အထီးကျန်လ
ဆောင်းရဲ့ညတွေ
တွေတွေဝေဝေ
တစ်ယောက်တည်းတွေး
စဉ်းစားလေလဲ
ဘယ်လိုတွေးတွေး
အထီးကျန်......
အကျည်းတန်လ
မတွေမဝေပဲ
ဖြတ်သန်းနေရ
ဒီတခါဆို
လေးနှစ်တိုင်ပြီ
လွမ်းပြီးအထီးကျန်
ခြောက်သွေ့လမ်းများ
မစိုပြေ
ငိုနေလဲ
ပိုကြေကွဲ
အလွမ်းများစွာနဲ့
တစ်ရက်နေ့ဒီဇင်ဘာ
ရောက်လာပြန်......
ကမ္ဘာဟာလည်နေတယ်
အချိန်တွေကတိုက်စား
မပျော်ရွှင်နိုင်တဲ့ဘဝတွေ
လာမယ့်နှစ်မှာ
ပျော်ပါစေသား
ဆုတောင်းပွားလည်း
ခုနှစ်မှာတော့
ဖြစ်မလာသေးတဲ့
Sweet December
အလွမ်း တမ်းတခြင်းတွေနဲ့
ပိုကြေကွဲ
ငိုနေလည်း
အပိုဖြစ်ဆဲ
တမ်းတလည်း
နွမ်းလျယုံ
တကယ်တမ်းက
အထီးကျန်တဲ့လ
ဒီဇင်ဘာ။
Tuesday, August 27, 2024
ရမက်နွမ်းလျအိမ်ပြန်ချိန်
တွဲမရလို့
ခွဲကြတဲ့ခါ
မလွမ်းပါနဲ့
လွမ်းတဲ့အကြောင်း
တစ်ယောက်ကိုတစ်ယောက်
ဖွင့်ဟဖြစ်ယင်
လွမ်းတဲ့အကြောင်း
ပြောပြဖြစ်ယင်
ဘယ်လိုဘယ်ပုံ
ခွဲလို့ရမလည်း
ထိန်းမရအောင်
ချစ်တဲ့စိတ်.......
ရှေ့ဆက်မရလို့
နောက်လှည့်မယ်လို့
စဉ်းစားတဲ့အခါ
နောက်ကရှေ့မှာလား
ရှေ့ကနောက်မှာလား
ရှေ့ကဆက်မှာလား
နောက်ကဆက်မှာလား
တွေတွေဝေဝေ
အတွေးထွေပြား
စဉ်းစားမရတဲ့ခါ
အိုကွာ.....မထူးဇတ်ခင်း
လွမ်းခြင်းတွေက
ခြေရာထပ်
ဖြေဆည်ရာမတတ်တဲ့အခါ
နာကျင်ကြေမွ
နေလို့မရ..........
သည်လိုတွေးလေ
ချစ်ခဲ့ကြတာပဲ
ဆယ့်နှစ်နှစ်တာကာလ
ရှည်လျားခဲ့သည်ပဲ
ချစ်ခြင်းငယ်ပြိုင်
ဘယ်သူနိုင်နိုင်မလဲ
အလွမ်းကမ္ဘာဖြတ်လို့
တောအထပ်ထပ်
တောင်အသွယ်သွယ်
အနယ်နယ်ခရီးနှင်
အနောက်ဖက်ကမ်း
ပင်လယ်လမ်းထိ
မီးကုန်ယမ်းကုန်
နှစ်ကိုယ်တူယှဉ်
ချစ်ကြင်ခဲ့ခြင်းများ
နောင်တမဲ့
ချစ်ခြင်းတရား
အစဉ်အမြဲ
တည်ပါစေသား........
ကဲကွယ် တစ်ကယ်
တွဲမရလို့
ခွဲရတဲ့အခါ
မလွမ်းပါနဲ့
ရင်မှာသိုသိပ်
မြိုသိပ်စရာမလို
မငိုပါနဲ့
သခင်သက်ထား
အဝေးမှာဆို
မတမ်းမတ
မနွမ်းလျနှင့်
အတိတ်တစ်ခု
မေ့ပစ်ဖို့ရန်
အကြောင်းပြုတယ်
ပေါင်းစုလို့
သခင်.......
ဝမ်းမြောက်ပါလေတော့.........
Wednesday, July 31, 2024
စောက်ကျင့်ယုတ်တဲ့အချစ်
မင်းရက်စက်ပါ
မင်းအပေါင်းသင်း
သူငယ်ချင်းတွေကြားမှာ
ငါ့ကိုချမပြချင်တိုင်း
မင်းရက်စက်ပါ
မင်းဆွေမျိုးအသိုင်းဝိုင်းကြားမှာ
ငါ့ကိုချမပြချင်တိုင်း
မင်းရက်စက်ပါ
အားအားယားယား
မင်းလမ်းသလားပြီး
သွားချင်လာချင်
ဘားထိုင်ချင်တိုင်း
မင်းရက်စက်ပါ
မင်းလုပ်ချင်ရာ
လုပ်နေတဲ့အချိန်တိုင်း
ငါ့မှာ မင်းနဲ့
ပြောချင်လွန်းလို့
စောင့်စားရတဲ့နာရီတွေ
ရှည်ကြာ
မင်းမသိတာမဟုတ်
တမင်လျစ်လျူ
ဥပေက္ခာပြု
ဖုန်းအသံပိတ်
လိုင်းပါပိတ်လို့
မင်းလုပ်ချင်ရာ
လုပ်နေတဲ့အခါ
ငါကချစ်တာ
ရင်နာနေရ
လေထဲဆွေ့ဆွေ့ခုန်
အန္တရာယ်ကာလကြား
စိတ်ပူရတာသေလု
မင်းမသိပါဘူး
မင်းသိတာ
မင်းလုပ်ချင်ရာလုပ်တဲ့အခါ
ငါ့ကိုပလစ်တာ.....
သစ္စာပြု
အရှင်ဘုရား
ဩကာသ အစချီကာ
ရှိခိုးဦးခိုက်
ကန်တော့ပန်းဆင်ပြီး
သစ္စာပြုအဓိဌာန်ပါမည်......
ဘုရားတပည့်တော်သည်
တပည့်တော်၏
ချစ်သူအပေါ်
ချစ်ရသည့်ချစ်ခြင်းသည်
အကြွင်းမဲ့ဖြစ်ပါသည်
သူ့အပေါ်တွင်
စိုးစိမျှဖောက်ပြန်ခြင်း
အလျှဉ်းမရှိခဲ့ပါ........
ဤမှန်သောသစ္စာကြောင့်
ဘုရားတပည့်တော်တို့၏
ချစ်ခြင်းကို
နှောင့်ယှက်ဖျက်ဆီးလျှက်ရှိကုန်သော
ချစ်သူ၏
မကောင်းရာမကောင်းကြောင်း
သူငယ်ချင်းအပေါင်း
တို့သည်လည်းကောင်း
ချစ်သူ၏
စိတ်သဏ္ဍန်တွင်
ထင်ဟပ်နေသည့်
ပျက်စီးရာပျက်စီးကြောင်း
စိတ်အစုံသည်လည်းကောင်း
ပျက်သုဉ်းကြေမွဖြစ်ရပါစေသား
အရှင်ဘုရား......
ဤသစ္စာ
မှန်ကန်ပါက
နှစ်ကိုယ်တူနီး
ချစ်ခရီးသည်
ပေါင်းဖက်ခြင်းသို့
အမြန်ရောက်ရပါစေသား
အရှင်ဘုရား.........
သစ္စာမမှန်
ဖောက်ပြန်သူဖြစ်ပါက
အန္တရာယ်
ရန်စွယ်အဆုံးမရှိသော
ငရဲသို့ကျပြီး.........
ဤသစ္စာ
တည်ကြည်မှန်ကန်ပါက
ချစ်သူ၏စိတ်
စေတသိက်သည်
ဘုရားကျွန်တော်မျိုးအပေါ်
သာယာညွတ်ပြောင်းခြင်းသို့
အလျှင်အမြန်
ရောက်ရပါစေသား
အရှင်ဘုရား..........
Wednesday, June 12, 2024
တမ်းတ ၁
အလွမ်းတွေ
အရမ်းသည်းတဲ့အခါ
ငူငူငိုင်ငိုင်
ဆိုတာထက်
အပြင်ထွက်ဖို့ကြံလည်း
သွားစရာမရှိ
ဪ....
ခက်ရချည့်
တမ်းတခြင်း
ရင်အစုံ
မင်းခုံမင်သလား
အတွေးမှာတွေ
ထွေပြားဝေ
ဘေးစကားတွေ
ဝေဝါးစေသလား
အဖြေမှားနေလား
အတွေးခက်
ဆွေးရက်ဖြေမဆည်
အလွမ်းကိုရွာတည်
ဝေးကြရလျှင်
မတတ်သာလို့
ခပ်ခွာခွာ
နေကြရတဲ့အခါ
ရင်မှတင်းစု
ဝေဒနာထုတည်
အလွမ်းဆီမှာ
မနေရဲလည်း
တူဆုံးဖြတ်ခြင်းက
မှားနေပြီလား
ပြန်စဉ်းစားယင်း
မျက်ရည်လည်
အခက်ပွေတယ်
အချစ်ရယ်....
နွမ်းလည်းမောလျ
စိတ္တဇတို့
တွယ်မှီခိုဝင်
စိတ်အစဉ်သည်
တောင်စဉ်ရေမရ
အတွေးများက
တဝဲဝဲလည်
အလွမ်းရယ်လို့
သမုတ်လို့မရ
နာကျင်ထိခိုက်
ကြေမွခြင်း....
ကြေကွဲခြင်း
အဖန်ဖန်ထပ်
မနေရဲခြင်းတွေ
ခြေရာမပြတ်
တမ်းတခြင်းတွေ
အထပ်ထပ်လာတဲ့အခါ
ဘဝကိုအရှုံးပေးမှ
နှလုံးအေးတော့မယ်ထင်
မဆုံရလျှင်
သေလိုကသေပါစေ
အတွေးတွေထွေ
ဖြေမဆည်မျက်ရည်များ
ရင်ခွင်ကကြေမွ
ပျက်သုဉ်းခြင်းက
အခုမှစတာလား
အိပ်ခက်ည
လွမ်းတာရှည်
ဝေဒနာများ
ထင်မှတ်မှားဆဲ
ကိုယ့်ရင်ကိုကိုယ်ညာ
မခံစားနိုင်တဲ့အခါ
သေရွာသွားချင်
မဆန်းတော့



.jpeg)
.jpeg)

