Monday, April 30, 2018

ကြိုတင်လွမ်းခြင်း

မောင့်ချစ်သူရေ
တာဝန်ကျရာအရပ်
ပြန်တော့မယ်လို့
သည်လိုစကား
ကြိုတင်ကြားအံ့.....
ရင်ခွင်မှာလေ
ပူလောင်ပြီး
အလွမ်းမီးလျှံ
လောင်စေပြီလား
နှစ်ကိုယ်တူယှဉ်
အတူရှိဖူးရာအရပ်
သွားတော့မယ်ဆိုစကား
ကြားမိတဲ့ခိုက်
ရင်တွင်းမှာဘလောင်ဆူ
သောကအပူတွေပေါ့ကွယ်..........

မောင့်ချစ်သူ
သခင်သွားယင်
အလွမ်းတွေလျှံငြီး
တောက်လောင်ပြီးလျှင်
မိုးအောက်မြေပြင်
ရန်သူထင်သည်
မောင့်ရင်တွင်းက
အဖြစ်များလေ
ချစ်သူသိမလား
ခင်ထားသွားတော့
လောင်မြိုက်ကျွမ်းဝေဒနာဟာ
ပူပင်သောက
အများသား.............

ကြိုတင်ကာမှာကြား
စိတ်ချပါရစေ
မောင်ရေ......ဆိုတဲ့စကားမှာ
မြေပြင်ကို
ရန်သူထင်
ရွာမလိုမိုးကို
ရန်ပြု....
သည်မြေမှာထင်ထင်သမျှအရိပ်
ရန်သူဖြစ်စိမ့်လားလေ
မမြင်ချင်
မကြားချင်
မသိချင်ပါ
အလွမ်းဆိုတဲ့ဝေဒနာဟာ
လွန်စွာခါးသီးလို့
အပူမှာဆယ်နွေဆကဲ
သောကနွံထဲ
တဝဲလည်လည်
မနေချင်လဲ
နေလည်းမရ
ပူလောင်လှလို့
ချစ်ရေ.......
အမြန်ရောက်အောင်သာ
မောင့်ထံပြန်လာခဲ့..........

No comments: