Tuesday, April 24, 2018

ပင်လယ်ရင်ခွင်မှာ ထွေးပွေ့ထားတဲ့နေ့တွေညတွေ










အာ့မြေအာ့ရေ
အာ့လေကိုချစ်တယ်
ကမ်းရိုးတမ်းတစ်လျောက်
တောင်တန်းတွေဖြတ်ကျော်ပြီးသွားရတဲ့
ပင်လယ်နဲ့ထိစပ်နေတဲ့
ဘင်္ဂလားပင်လယ်အော်ရဲ့
အကွေ့အဟိုက်ထဲကရွာကလေး
အာ့မြေကိုချစ်တယ်......

ပင်လယ်ဝန်းရံထားတဲ့
ကမ်းရိုးတန်းတစ်လျောက်
ချစ်တဲ့သူနဲ့အတူ
ကားမောင်းရတာကို
ဘာနဲ့မှမလဲနိုင်ခဲ့
အာ့အရသာကိုတပ်မက်
ပင်လယ်ဖက်ကတိုက်လာတဲ့လေကိုရှူရှိုက်ယင်း
ပင်လယ်ပြာပြာဖက်ကိုငေးယင်း
လှိုင်ပုတ်သံကြမ်းကြမ်းကိုနားထောင်ရင်း
(တခါတရံလည်းနုနုညံညံ့ပေါ့)
ကောင်းကင်အပြာကြီးအောက်မှာ
စိတ်ကူးတွေလွင့်ပျံရင်း
အာ့မြေကိုပိုပိုချစ်ခဲ့...............

သိပ်ချစ်တာပဲ
ကောင်မလေးရေ
ကိုယ်တွေရဲ့ကမ်းစပ်မှာ
ခြားနေတဲ့ချောင်းလေးအကြောင်း
တံတားလေးထိုးဖို့
စိတ်ကူးယဉ်ဖြစ်တာလေး
ပြောပြတော့ သူကရယ်တယ်
တစ်ကယ်ကျနော့ရဲ့စိတ်ကူးက
ရှန်ဟိုင်းမြို့တွင်းတံတားလေးလို
ခုံးခုံးလေး ဒါပေမယ့်
ယဉ်ကျေးမှုအမွေအနှစ်တော့
ဖြစ်စေမပေါ့လေ
သူကလည်းပြောပါတယ်
ဝါးတံတားလေးလောက်ဖြစ်ယင်
အဆင်ပြေပါတယ်တဲ့...
ဒါပေမယ့်လေ......
ခုထိဘာတံတားမှအကောင်ထည်ပေါ်သေး
မင်းစိတ်ဆိုးနေမလားကွယ်................

မင်းကိုချစ်လို့
ရိုးမကိုတုံး လိုခုန်ခဲ့သူပါလေ
အရည်းကြီးအကျင့်မဟုတ်ပါပဲ
ကားနဲ့လည်းခုန်တယ်
ဆိုင်ကယ်နဲ့လည်းခုန်
ဇောကပ်နေဆဲမို့ ရိုးမဟာ
ခုန်လို့ကောင်းပါတယ်..............

လွမ်းတယ်ကောင်မလေးရယ်
သတိရလို့ဖုန်းဆက်ချင်ယင်တောင်မှ
လိုင်းမမိတဲ့အရပ်မှာမို့
ပြောချင်တဲ့စကားတွေ
နှုတ်ဖျားမှာဆွံ့အ
ထွက်လာတဲ့စကားတွေမြိုချယင်း
မင်းကိုအရမ်းလေ.....လွမ်းနေတယ်

No comments: