Monday, February 5, 2018

အချစ်ဦး



တွေ့နေရယုံ
မြင်ရယုံမျှ
နေသာကြည်နူး
နေခဲ့ဖူးသည်.....

မရွယ်စူးပဲ
ဘ၀တကွေ့
ပြန်ဆုံတွေ့လျှင်
ရင်ခုန်ကြည်နူး
နေဖူးပြန်သည်.....

ဖေးမပြောကြား
စကားတွေမှာ
နှောင်တွယ်နွယ်ရစ်
အသစ်ဖြစ်တည်
တသရင်မှာ
လှိုက်မောသည်......

ပြောတဲ့စကား
နားမှာသကာဖြစ်
ပျားရည်နှစ်သို့
ချိုမြကြည်အေး
ရင်ကိုနွေးစေ.......

ကြည့်တဲ့မျက်ဝန်း
ရင်ကိုဖောက်ဝင်
စူးစူးနင်နင်
လှိုက်ဖိုမောလျ
ချိန်တိုင်းတမ်းတ
လွမ်းပိုသည်......။     ။

No comments: