Saturday, July 28, 2012
မဟားဒယားမားကက်တင်း သို့မဟုတ် spam comments များ
phung bella said...
hi beautiful blog. We have a big classified site in Myanmar. Please visit
us back at: http://ads.com.mm/?
cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_ph
ung&utm_source=ads_lb_blog&utm_medium=lb_blog
July 10, 2012 1:40 PM
phung bella said...
hi beautiful blog. We have a big classified site in Myanmar. Please visit
us back at: http://ads.com.mm/?
cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_ph
ung&utm_source=ads_lb_blog&utm_medium=lb_blog
ဟုတ်ကဲ့ ချစ်သောဘလော့ဂါအပေါင်း (ဘလော့ဂီအပေါင်းလဲပါ)
မင်္ဂလာပါလို့နှုတ်ခွန်းဆက်သမေတ္တာပို့သလိုက်ပါတယ် ကျွန်တော် ကဗျာမရေး
ဖြစ်တာကြာပြီ မရေးဖြစ်ဆိုတွေးလို့မထွက်ဘူးကိုး ကဗျာဥာဏ်ဆိုတဲ့ကောင်က
တော်တော်ဒုက္ခပေးတာကလား အကြောင်းအရာတွေ့ပေမယ့်ကာရံကမတွေ့
တခါတလေ ကာရံတွေ့ပေမယ့် အကြောင်းအရာပျောက်ရှ အဲဒီတော့လည်းခေါင်း
စားပြီး အရောင်းအားမြှင့်တင်ရေးဝန်ထမ်းတွေကိုပဲ ဆဲရတော့မှာလား၊ အကုန်လုံး
သိမ်းကြုံးပြီးတော့မရမ်းချင်ပါ အလွန်လျှင်မြန်စွာတိုးတက်နေတဲ့ခေတ်ကြီးမှာ
မိမိကုန်စည်ရောင်းရဖို့ အဓိကကြံဆောင်နေတဲ့မားကက်တင်းသမား၊သမ တွေကို
ပထမတော့မုဒိတာလေးထားပြီးခွင့်လွှတ်ပါတယ် အော်သူတို့ စီးပွားရေးပဲလို့
ဒါပေမယ့်ဗျာလွန်ချက် က အတော်ဆိုးပါတယ် ကျွန်တော်တို့ဘလော့တွေအတွက်
feed back လို့ဆိုနိုင်တဲ့ comments ထဲအထိကြော်ငြာဝင်တာတော့မကောင်းဘူး
ပေါ့ဗျာ ဒါမှမဟုတ် spam တွေများလား ဒါမှမဟုတ် Hacker များလား အဲလို
အတွေးရောက်သွားပါတယ် ကျွန်တော် လင့်ကိုတောင်တို့မကြည့်ပဲ
ဖျက်ပစ်ခဲ့တဲ့ကွန်မန့် ကအကြောင်းအရာကို အပေါ်ဆုံးမှာ တင်ထားပါတယ်
spam လား virus လား hacker လား ဆိုတာတော့ကိုယ့်ကိုသာချင့်ချိန်ကြပါ
ကျွန်တော့ရဲ့ရင်ခုန်သံဖလှယ်ရာရပ်ဝန်းကို လာပြီးထိပါးတဲ့
သူတွေကိုအရမ်းမုန်းတယ် စီဘောက်တောင်ဖြုတ်ပစ်လိုက်ချင်တယ်ဗျာ စိတ်တွေ
ကုန်လွန်းလို့ ပါသူတို့ရဲ့ အရည်မရအဖတ်မရ ကြော်ငြာတွေ လဲမတင်ချင်ဘူး
ကိုယ့်ဝါသနာနဲ့ကို အေးဆေးကဗျာရေးနေချင်တာကို ဆက်ပြီးသိမ်းကြုံးပြော
ရပါဦးမယ် မားကက်တင်းသမား၊သမ တို့ ခင်ဗျာ ကြော်ငြာတာဈေးကွက်စီးပွား
ရေးခေတ်မှာအလွန်ထိရောက်တဲ့ရောင်းအားမြှင့်တင်ခြင်းပါ သို့ပေမယ့် အလွန်ကျွံ
ကြော်ငြာလို့ ကြော်ငြာဖိုးနဲ့ပြုတ်သွားတဲ့ ကုမ္ပဏီတွေရှိတာကိုခင်ဗျားတို့သိကြပါ
သလား၊ကျွန်တော်အလုပ်အတွက်မဖြစ်မနေကြော်ငြာကိုသုံးရပါတယ် ၊
များသောအားဖြင့် တနင်္ဂနွေအချပ်ပိုရောင်စုံ မှာပဲကြော်ငြာခြင်းဖြစ်ပါတယ် ၊
တစ်ခါကြော်ငြာပြီးယင် အရောင်းအ၀ယ်ဖုန်းစောင့်ရပါတယ် ။ သို့သော်လည်း
အဲဒီလိုအချိန်မျိုးမှာကြော်ငြာ မားကက်တင်းသမား၊သမ
တို့ရဲ့ဖုန်းမျိုးစုံဝင်လာတဲ့အခါ (တဖက်သူထပ်ကြော်ငြာချင်မှန်း မကြော်ငြာချင်မှန်း
မသိ) အတင်းစွတ်ကြော်ငြာခိုင်းတာမျိုး မလုပ်သင့်ပါဘူး
နောက်တော့ကျွန်တော်လည်း Black List ဆိုတဲ့ဆော့ဝဲသုံးဖြစ်သွားတော့တာပဲ
အခုလည်း စပမ် ကွန်မန့်တွေကိုဘယ်လိုရှင်းလင်းသုတ်သင်ရမလဲဆိုတာ
ကြံစည်လျှက်ရှိပါတယ်။
Subscribe to:
Post Comments (Atom)
6 comments:
အိုင်ပီဘန်းလိုက်ပါအကို
ဟုတ်မဒမ်ရေကျေးဇူး
ချစ်သူမောင်
ခံစားချက်ခြင်းတူတူပါပဲ
သူငယ်ချင်းကွန်မက်တွေဖတ်ရမလား
သူ့ ကြော်ငြာတွေကိုပဲလိုက်ကြည့်ရမလား
ကိုယ့်အလုပ်တော့ကိုယ်ဆက်လုပ်ပါ
သူ့ကြောင့်ဆိုပြီး ကိုယ့်လမ်းကိုမရပ်ပါနဲ့
ဆက်သွားပါ------
ပျောက်နေတယ်မှတ်တယ် အခက်အခဲတွေ ကျော်လွှားနေတာပါလားနော်။
စာတစ်ပုဒ်ရေးဖို့ဆိုတာ လွယ်မယောင်နဲ့ခက်တာ ကိုယ်ချင်းစားပါတယ်ကွယ်။ အားပေးနေပါတယ် မောင်ချစ်သူမောင်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေ။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်တယ်ဗျို့ကြော်ငြာတွေ တော်တော်စိတ်ပျက်ဖို့ကောင်းတာ
ဆက်လက်ပြီးသာ ကဗျာ တွေရေးပါ အကိုရာ။
ကျွန်တော်ဆိုမသိလို့ကတော့ ဘယ်လင့်ဒ်ကိုမှ မကလစ်ဘူး အာရုံနောက်လို့။
Post a Comment