Monday, June 6, 2011

နဖူးကွဲ ကာဒူးပြဲပါသော်လည်း

လူကဆင်ခြင်ပါသော်လည်း ကံတရားကမနေရဘူးထင်ပါ့ ဖြစ်ပုံက ကျွန်တော်တစ်ချိန်တုန်းက
ရေးဘူးခဲ့တဲ့ "အရက်"ဆိုတာကြောင့်ပါ ကျွန်တော်ကတော့မသောက်ဖြစ်တာ တော်တော်
ကြာခဲ့ပါပြီ။မ ဖြစ်ချင်တာတွေ ဖြစ်လာခဲ့တာပါပဲ မှတ်မှတ်ရရ ဒီလရဲ့ပထမဆုံးနေ့ ဇွန်လတစ်
ရက်နေ့မှာပါ။ ကျွန်တော်ကားတိုက်ခံရပါတယ် တော်သေးတယ်ကျွန်တော်ချည်းသက်သက်
မဟုတ်ပဲ ကျွန်တော့်ကားလေးကိုဝင်တိုက်ခံရတဲ့အတွက် ကျွန်တော် အသက်မသေပါ သို့သော်
နဖူးကွဲပြီး တစ်ချိန်က အက်ဆီးဒင့်ဖြစ်ခဲ့ဘူးတဲ့ကျွန်တော့ရဲ့ဘယ်ဖက်ခြေထောက်ဒါဏ်ရာ
ထပ်ရပြန်ပါတယ် ။ ဖြစ်ပျက်ပုံကတော့ ပြောမပြောချင်တော့ပါဘူး ဒါပေမယ့်ပြောပါ့မယ်
အဲဒီညက ကျွန်တော် ထုံးစံအတိုင်းအိမ်ပြန်လာခဲ့တာပေါ့ ပြဿနာမရှိခဲ့ပါဘူး အိမ်နားရောက်
တော့မှပြဿ နာကဖြစ်တာပါ ကျွန်တော့်ကားကို မျက်နှာချင်းဆိုင် ကလာတဲ့ city taxi ကား
က၀င်တိုက်ပါတော့တယ် ကျွန်တော်လည်းတိုက်မိမှာစိုးလို့မြင်မြင်ချင်း
ရှောင်တယ် ရှောင်လို့
မလွတ်ပါဘူး ။ ကျွန်တော်ထိုင်နေတဲ့ နေရာတည့်တည့်ကိုတိုက်မိတာပါ ။ အရှိန်တော်တော်
ပြင်းပါတယ် အဲဒါကြောင့် ရှေးဟောင်းကျွန်တော့ဂျစ်ကားလေး က တစ်ပတ်လည်ထွက်သွားခဲ့
ရပါတယ်။ ကားထဲက ကျွန်တော်လည်းမစားသာပါဘူး စတီယာရင်ခွေနဲ့ မျက်နှာနဲ့ အရှိန်ပြင်း
စွာဆောင့်မိတဲ့ အတွက် နဖူးကွဲသွားပါတော့တယ် ဒူးကလည်း ကားရှေ့ က မှန်ထောင် ချိတ်တဲ့
ချိတ်က ခွဲပြီးအထဲ ၀င်သွားခဲ့တာပေါ့ ၊ချစ်သူမောင်
စတီယာရင်ခွေကုန်းနမ်းပြီး ဒက်ရှ်ဘုတ်ကို
ဒူးနဲ့တိုက်တာလို့ပြောလဲတတ်နိုင်ဘူးဗျာ။အဲဒီညကတော်တော်လေးစိတ်ပျက်စရာကောင်းခဲ့တာ
ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ် မှာအရိုးဋ္ဌာနက ဆရာတစ်ယောက်ရယ် မျက်နှာနဲ့မေးရိုးပိုင်း
ဆိုင်ရာဋ္ဌာနက ဆရာတစ်ယောက် ၀ိုင်ပြီးချုပ်လိုက်ကြတာ ဆတ်ဆတ်ခါနေတာပေါ့ သနား
အောင်ရေးပြနေတာမဟုတ်ပါဘူး တစ်ကယ်ခံစားရလို့ရေးတာပါ မျက်နှာမှာငါးချက် ဒူးမှာ
ငါးချက်၊ စဉ်းစားကြည့်ယင် ကွဲကွဲပြီးချင်း
သွေးပူနေတုန်းချုပ်ယင်အဲလောက်နာမှာမဟုတ်ဘူး
YGH ကိုရောက်တဲ့ အချိန်ကဖြစ်ပြီး လေးနာရီနီးပါလောက်ကြာမှရောက်သွားတော့ ခံစားရတာပါ။
ဘာလို့ချက်ချင်းမသွားလဲ လို့မေးကြပါ ဖြေချင်လွန်းလို့ ။မှုခင်းနဲ့ဆိုင်တဲ့
ကိစ္စတွေမှာ ကျွန်တော်
တို့မြန်မာနိုင်ငံက ဆရာဝန်များဟာအလွန်လက်ရှောင်ကြပါတယ် ။နောက်တစ်ခု ယာဉ်တိုက်မှု
ဖြစ်ကြောင်းသတင်းပို့ပြီး ချိန်မှ တစ်နာရီကျော်ကြာမှယာဉ်မှုစစ်ရောက်ပါတယ် ။နောက်ပြီး
ရဲထောက်ခံချက်မပါပဲ လည်း အစိုးရဆေးရုံတစ်ရုံမှာ သွားပြဖို့မလွယ်ပါ ။ အဲဒီအခြေနေတွေက
ယာဉ်တိုက်မှုတွေ မှာလူသေမှု မြင့်မားစေတဲ့ အချက် ထဲမှာပါပါတယ် ကျွန်တော်ကတော့သေ
လောက် တဲ့ဒါဏ်ရာမဟုတ်လို့ထားပါတော့ဗျာ။
နောက်တစ်ခု ယာဉ်တိုက်မှုမဖြစ်ရအောင် ယာဉ်ကို ဆင်ခြင်စွာမောင်းကြယင် မကောင်းဘူးလား
ခင်ဗျာ သို့ပေမယ့်ကိုယ်ကဆင်ခြင်ပါသော်လည်း တစ်ဖက်သားမဆင်ခြင်တဲ့အခါ ထွက်ရတဲ့
ဒေါသမျိုး (ဘယ်လိုမှမပြောပြတတ်အောင်ထွက်တဲ့ဒေါသပါ) ။ကျွန်တော် အတိုက်ခံရတာမူးနေ
တဲ့ ကားဆရာက၀င်တိုက်တာပါ အတော်မူးနေတာပါ လူမှန်းမသိလောက်အောင်ပါ ။ ကျွန်တော်
တို့နိုင်ငံမှာအရက်မူးတိုင်း ကရိယာ
တစ်ခုလားနှစ်ခုလားမသိရှိတယ်လို့ကြားမိပါတယ် ခုထိအသုံး
ပြုတာမတွေ့သေးတော့တစ်ကယ်ရှိမရှိလည်း မသိရပါ။နောက်တစ်ခု က မူးယင်မမောင်းနဲ့လို့
ဆိုင်းဘုတ်ကပ်ထားတာနဲ့ လူတွေကလိုက်နာရိုသေကြမယ်မထင်ပါ ။အားလုံးဟာ စိတ်ပျက်စရာ
ချည်းပါပဲလို့ ဆိုကြယင်တော့ အယောင်ဆောင်မှုတွေနဲ့သာ လို့သာပြောလိုက်ချင်ပါတော့တယ်။

No comments: