Saturday, June 18, 2011

နွေအလွန်တိမ်စွန်မှာမိုးရိပ်သန်းတော့(၃)

မင်း .. မဟုတ်သေးပါဘူးကွာ
အောင်ကို ၏ဝေဖန်သံ
ရန်နိုင်က ဟ...ငါကဘာမဟုတ်ရတာတုန်း
နေထွန်းက၀င်ပြောသည်.... နှစ်ခါတည်းဆုံဖူးတာများ မင်ကဟိုးအယင်
တည်းကသိနေသလိုလို ပြောနေတာလေ...
စောမင်း ကလည်း ...ဟုတ်တယ် မဖြစ်နိုင်တာ တွေ
အောင်ကိုကဆက်ပြီး ချစ်ခြင်းအစမျက်စေ့ ကလို့ ပြောကြတယ်ကွာ
နေထွန်း က ထောက်ခံသလိုလိုနှင့် ဟုတ်ဖူး
အချစ်မှာမျက်စေ့မရှိဘူးလို့ပြောကြတယ် .....လို့ထငြင်းသည်
သွားပြီ ဒီအုပ်စုလေးထဲမှာ ဒီနှစ်ယောက်ဆင်ခြေအများဆုံး
သူတို့နှစ်ယောက်စငြိကြပြီ စကားလည်းများလှသောအောင်ကိုနှင့်နေထွန်း
တို့၏ပွဲစဉ် သွားပြီ ရန်နိုင်တစ်ယောက် စိတ်ရှုပ်လို့
ကမ်းနားလာထိုင်ကာမှသပွတ်အူမျောလာတာတွေ့လိုက်သလိုမျိုးတော့ဖြစ်ပြီ
ခက်တာကကျောင်းမှာတည်းကပြောမနာဆိုမနာတွဲလာကြသူများ ဖြစ်ရာ
ရန်နိုင်ဘယ်သူ့ဖက်ကဘာဝင်ပြောရမှန်းမသိ ခက်သည်ကသူ
ကိုယ်တိုင်ပင် အစဆွဲထုတ်မိခြင်း တနည်း
မျက်ဝန်းနက်လေးအားသတိတရဖြစ်နေမိကြောင်းပြောမိရာကစသည့်ဇတ်လမ်း ရန်နိုင်
ဘာမှ
မပြောသာ နေထွန်းနှင့် အောင်ကိုငြင်းကောင်းဆဲ စောမင်းကတစ်ဖက်ဆီမှ
အတို့အထောင်လုပ်ကာ ထောက်ခံလိုက်ကန့်ကွက်လိုက်
လုပ်နေသည် ရန်နိုင် ထိုသုံးယောက်ကိုစိတ်ပျက်လက်ပျက်ကြည့်ပြီး ကဲငါသွားပြီ
ဟုရုတ် တရက်ထထွက်တော့မှ ဟဟ..နေဦး ဘောစိ
ရယ် ငါတို့စားထားတာလေးတွေရှင်းသွားဦးလေ ...ဟုသံပြိုင်ထွက်လာ၏ ။ရန်နိုင်က
ဘာဆိုင်လို့ရှင်းရမှာလဲလို့ပြောစဉ် စောမင်းက
မင်းနဲ့ မျက်ဝန်းနက် လေးတို့ မျက်စေ့က စတဲ့ ကိစ္စ အဲဟုတ်ပါဘူး အဲဟုတ်တယ် အာဟုတ်ဖူး
ကဲ စောမင်းရာတော်ပါတော့ကွာ ကြာယင်ငါရူးရမယ်
မင်းဟိုနှစ်ကောင်ကြားအတို့အထောင်လုပ်တဲ့ အရှိန်မကုန်သေးဘူး ငါနဲ့မျက်ဝန်း
နက်လေးလည်းဘာမှမဖြစ်သေးဘူး အဲဒီတော့ကိုယ့်ဟာကိုယ်ရှင်းကြ ။အမ်
အဲလိုတော့မလုပ်ပါနဲ့ကွာ မင်းကရန်ကုန်မှာနေပြီး လောလော
ဆယ် ကုမ္ပ ဏီထောင်ဖို့ ကြိုးစားနေတဲ့သူ ငါတို့က အဆောင်မှာနေယင်း
ကုမ္ပဏီသေးသေးလေးတွေမှာ လစာနည်းနည်းနဲ့ အလုပ်ဝင်နေတဲ့
သူတွေ ဒီနေ့နှစ်ဆယ့်သုံးရက်နေ့လေ ကြားဖူးတယ်မဟုတ်လားပြတ်တုန်းလပ်တုန်း
နှစ်ဆယ့်သုံး ဆိုတာလေ ဟု စောမင်းက အရှည်ကြီး
ရှင်းပြလေ၏ ။တော်ပါကွာဆက်ပြောနေယင် သဒ္ဓါ လွန်တော့မယ် လွန်ယင် တဏှာကျွံတော့မယ် .....
အဲရန်နိုင် အချင်းချင်းမင်းဘာတွေပြောနေတာလဲငါတို့ကိုတော့ချမ်းသာပေးပါကွာဟုအောင်ကို
က မျက်နှာငယ်လေးနှင့် ၀င်ပြောသည်
ရန်နိုင် ပြုံးလိုက် မိသည် သည်သုံးရက်အတွင်းပထမဆုံးပြုံးမိခြင်း
ဖြစ်မည်ဟုထင်သည် ဦးနှေက်စားရပါလားမျက်ဝန်းနက်လေးရယ်။
ကဲပါကွာငါရှင်းသွားပါ့မယ် .....ဒါပေမယ့်ငါမသွားချင်သေးဘူးမင်းတို့နဲ့
ထိုင်စကားပြောချင်သေးတယ် ထိုစဉ် နေထွန်းက မိန်းမလျာ
ပုံဖမ်းကာဟွန့်.. သူပဲအမျိုးမျိုး လို့ ၀င်ပြောတော့အားလုံရယ်ဖြစ်ကြသည်
ရယ်လိုက်ကြတော့လည်းစိတ်ထဲအနည်းငယ်ပေါ့ပါး သွားလေ၏။
အမှန်တော့ ရန်နိုင် ခုထိအဖြေရှာမရသေးသော အလွန်ရင်းနှီးနေသည်ဟူသော
အချက်ကိုဆက်တွေးနေမိသည် ဟိုသုံးကောင်ကတော့ထင်
ရာတွေပြောနေကြဆဲ...........
အိမ်ပြန် ရောက်တော့ကြီးမေကိုဧည့်ခန်းမှာ စာအုပ်အထူကြီး ကိုင်လျက်တွေ့သည်
ဟန်မဆောင်နိုင်ပဲ ကြီးမေ အနားပြေးထိုင်ကာ မျက်ဝန်း
နက်လေးအကြောင်း ဖွင့်ပြောပြ မိသည် ။
ကဲသား ကြီးမေပြောပြမယ်နားထောင် မင်းတစ်ခါမှမရောက်ဖူးတဲ့ အရပ်တစ်ခုကို
မင်းရောက်သွားမယ် ဒါပေမယ့် အဲဒီအရပ်ဟာ မင်းနဲ့
လုံးဝမစိမ်း တဲ့ဒါမှမဟုတ် မင်းရောက်ဖူးတဲ့ အရပ်လိုသိနေတဲ့
အတွေ့အကြုံမျိုးမင်းဖြစ်ဖူးလား
ဟုတ်ကဲ့ တခါတော့ဖြစ်ဖူးတယ်
ဘယ်တုန်းကလည်း
ပုဂံ ဘုရားတွေ ပထမဦးဆုံးအကြိမ် သွားဖူးစဉ်တုန်းက နေရာတော်တော်များများ
ကျွန်တော်သေချာသိနေသလိုခံစားရတယ်
ကဲမှတ်ထား သား ကြီးမေပြောမယ် အဲဒီအဖြစ်မျိုးတွေကို ဒီဂျာဗူးလို့ ခေါ်တယ်
ဒါပေမယ့်ကြီးမေကတော့ အနောက်တိုင်းလူတွေပြောသလို
မသိစိတ်ကိုအခြေခံတဲ့ ဒီဂျာဗူး ကိုသိပ်တော့သဘောမတွေ့လှပါဘူး ကြီးမေ
ကိုယ်တိုင် ဝေဖန်သုံးသပ်မိတာကတော့ ကံကံ၏အကျိုး
လို့ ဆိုချင်တယ် ဘုရားဟောထဲမှာလည်းပါသားပဲ အတိတ် ပစ္စက္ခ အနာဂါတ်
ကာလသုံးပါထဲမှာ တိုတိုပြောယင် သံသရာထဲမှာ လည်နေသရွေ့
အနီးစပ်ဆုံး ကျွမ်းဝင်ခဲ့ဖူးတာတွေကို ဒီဂျာဗူး အဖြစ်ပြန်မြင်တယ်လို့ထင်တယ်......
ကြီးမေရှင်းတော့မှ ရန်နိုင် ပိုရှုပ်သွားတော့၏
စဉ်းစားစရာတွေပိုလို့များလာ၏ ဒါဆိုမျက်ဝန်းနက်လေးကဘယ်သူလည်း သူလည်းသံသရာ
တကွေ့တချိုးမှာပါတ်သက်ဖူးသူလေလား.............ဒီညမိုးသည်းထန်ပေမယ့်ရန်နိုင်အိပ်မပျော်တော့......

--
ချစ်သူမောင်

No comments: