Friday, November 12, 2010

Nov-Dec အိပ်မက် ခဏမက်ခဲ့

နော့(ဗ)ရောက်ပြီ တဲ့လား
မသဲမကွဲအတွေးများထဲမှာ
ဆောင်းရဲ့ ဝေဒနာ
ရေးရေးထင်ကျန်
ဝို့ဝါးအရိပ်
တိတ်တဆိတ်လား
ထင်မြင်မှား.........

တွေဝေသွားခဲ့တဲ့
ဒီနေ့ရက်ဟာ
တစ်ခဏမက်ခဲ့ပြီး
ဘ၀အတွက်
ရှိသမျှအရာ
အားလုံးဆုံးရှုံးသွားစေတဲ့
နော့(ဗ)ဒက်ဇအိပ်မက်ရဲ့
အစပါလား........

အတွေးများစွာ
ရင်ကိုနာကျင်စေခဲ့
ယနေ့ထက်တိုင်အောင်ပဲ
မေ့မရခဲ့တဲ့
အမှတ်တရများစွာ
ရေးရေးမြင်
ထင်ထင်သိကာ
ကျေနပ်နေတော့မလား
မကျေနပ်ပဲမေ့ထားခဲ့ရမလား
အတွေးတွေမှားကာ
ေ၀၀ါးဝါးပါ..........

ထာဝရထားခဲ့ပြီပဲလေ
အဲလိုတွေးကာ
ဘာသာဟန်လုပ်
နှုတ်ဆိတ်နေယင်း
ကွေကွင်းရခြင်း
အကြောင်းရင်းတွေ
နှင်းတွေကြားထဲ
စောစောစီးစီး
ထပြီးထိုင်လို့
တွေဝေငေးမော
မတွေးတောချင်ပေမယ့်
တွေးတောဖြစ်နေသော
တချိန်တစ်ခါက
ပျောက်ဆုံးခဲ့ပြီးဖြစ်သော
အိပ်မက်၏ တစ္ဆေ
ခြောက်လှန့်နေခြင်း
ကြောင်းရင်းမှန်
ရှာလေ မတွေ့........

လွမ်းသည်ဆိုသည့်
ထိုထိုစကားကို
နှုတ်ထွက်မြွက်ဆိုခြင်းကိုလည်း
မစွမ်းသာခဲ့
နွမ်းလျလျနဲ့
တမ်းတခြင်းမျိုးလည်းမဟုတ်
ဘာပဲဖြစ်ဖြစ်
အမှတ်တရတစ်ခုအဖြစ်သာ
ရှိပါစေတော့ကွယ်
မောင့်ချစ် ငယ် ရေ.........။ ။

--
ချစ်သူမောင်

2 comments:

အိမ့်ချမ်းမြေ့ said...

ရင်တွင်းဖြစ် ကဗျာလေးတွေကို ခံစားသွားပါတယ်ရှင်း)

ချစ်သူမောင် said...

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျ....