ဟယ်....ဘုရားဘုရား
အသံတွေကြားနေရပါလား
ဝုန်းဒိုင်း သံတွေ
ဒီဂျေသံနဲ့ရောစပ်
ကြားလို့မသင့်တော်တဲ့အသံ
ရင်ထဲကိုဖြတ်စီးသွားခဲ့
မဖြစ်သင့်တာပဲ
"ဗုံးကွဲတယ်တဲ့"
နှစ်သစ်မှာမင်္ဂလာယူနေချိန်
ရင်မှာဆူလောင်ပွက်စေဖို့
ကြားရတဲ့သတင်းဆိုး
အိုး မဟုတ်ပါစေနဲ့..........
မယုံမရဲနဲ့
အွန်လိုင်းပေါ်တက်လိုက်တော့
ဖေ့(စ)ဘွတ်ကအစ
ရိုက်တာအဆုံး
သေချာသတဲ့
အသံတွေကြားနေရပါလား
ဝုန်းဒိုင်း သံတွေ
ဒီဂျေသံနဲ့ရောစပ်
ကြားလို့မသင့်တော်တဲ့အသံ
ရင်ထဲကိုဖြတ်စီးသွားခဲ့
မဖြစ်သင့်တာပဲ
"ဗုံးကွဲတယ်တဲ့"
နှစ်သစ်မှာမင်္ဂလာယူနေချိန်
ရင်မှာဆူလောင်ပွက်စေဖို့
ကြားရတဲ့သတင်းဆိုး
အိုး မဟုတ်ပါစေနဲ့..........
မယုံမရဲနဲ့
အွန်လိုင်းပေါ်တက်လိုက်တော့
ဖေ့(စ)ဘွတ်ကအစ
ရိုက်တာအဆုံး
သေချာသတဲ့
အဖြစ်ပျက်တွေ
ရင်မှာမခံစားနိုင်အောင်
ဓါတ်ပုံတွေနဲ့တကွတွေ့ရ
ခက်တော့နေသား
ပျော်စရာတွေပျောက်ပျက်
သင်္ကြန်နေ့ရက်မှာ
အမင်္ဂလာ သတင်းဆိုး
၉/၁၁ လိုမျိုး
ရင်ထဲကိုတိုးတိုက်ကြေကွဲစေတယ်
ဒီတစ်ခါကလေ
ရင်မှာမခံစားနိုင်အောင်
ဓါတ်ပုံတွေနဲ့တကွတွေ့ရ
ခက်တော့နေသား
ပျော်စရာတွေပျောက်ပျက်
သင်္ကြန်နေ့ရက်မှာ
အမင်္ဂလာ သတင်းဆိုး
၉/၁၁ လိုမျိုး
ရင်ထဲကိုတိုးတိုက်ကြေကွဲစေတယ်
ဒီတစ်ခါကလေ
မြန်မာပြည်မှာတဲ့
ဗုံးဆိုတာဒီလောက်ရှားတဲ့
ငါတို့ပြည်မှာ
သုံးလုံးတောင်ဘယ်ကရလဲ
အတွေးတွေေ၀၀ါး
ထွေပြားသွားစေတယ်..........
အရှေ့အလယ်ပိုင်းက
ပါလက်စတိုင်းဆိုလည်းထားပါတော့
ခုဟာက အသေခံလား
အသေမြန်လား
ချိန်ကိုက်တာလား
ခေါင်းထဲကိုအတွေးတွေ
စီရရီရောက်လာတယ်
ဘာလို့ခွဲတာလဲ ???
ဘာရန်ငြိုးရှိလို့လဲ???
အပြစ်မဲ့သူတွေ
အားလုံးပျော်နေတဲ့အချိန်မှာ
ဒီဂျေ သီချင်းသံနဲ့
ရောသမ မွှေလိုက်တဲ့
မင်္ဂလာနှစ်သစ်ကို
ကွဲပျက်စေတဲ့ဗုံး
ဖျက်ချင်လို့ပဲခွဲခွဲ
...........လို့ပဲခွဲခွဲ
မသမာမှုတွေကလည်း
ရက်စက်အကျည်းတန်လွန်းတယ်
ခွဲတဲ့ကောင်တွေလည်း
ရိုင်းစိုင်းယုတ်မာပက်စက်လွန်းတယ်.......။ ။
ဗုံးဆိုတာဒီလောက်ရှားတဲ့
ငါတို့ပြည်မှာ
သုံးလုံးတောင်ဘယ်ကရလဲ
အတွေးတွေေ၀၀ါး
ထွေပြားသွားစေတယ်..........
အရှေ့အလယ်ပိုင်းက
ပါလက်စတိုင်းဆိုလည်းထားပါတော့
ခုဟာက အသေခံလား
အသေမြန်လား
ချိန်ကိုက်တာလား
ခေါင်းထဲကိုအတွေးတွေ
စီရရီရောက်လာတယ်
ဘာလို့ခွဲတာလဲ ???
ဘာရန်ငြိုးရှိလို့လဲ???
အပြစ်မဲ့သူတွေ
အားလုံးပျော်နေတဲ့အချိန်မှာ
ဒီဂျေ သီချင်းသံနဲ့
ရောသမ မွှေလိုက်တဲ့
မင်္ဂလာနှစ်သစ်ကို
ကွဲပျက်စေတဲ့ဗုံး
ဖျက်ချင်လို့ပဲခွဲခွဲ
...........လို့ပဲခွဲခွဲ
မသမာမှုတွေကလည်း
ရက်စက်အကျည်းတန်လွန်းတယ်
ခွဲတဲ့ကောင်တွေလည်း
ရိုင်းစိုင်းယုတ်မာပက်စက်လွန်းတယ်.......။ ။
2 comments:
ကိုမောင်......
အဲ့ဒီသတင်းကို ညကျမှသိရတယ်...။
စိတ်ထဲရော၊ ရင်ထဲမှာပါ မကောင်းဘူးဗျာ...။
ကဗျာလေးကို ဖတ်လိုက်ရတာ... သူငယ်ချင်းတစ်ယောက် အနားမှာ တိုးတိုးလေးပြောပြနေသလိုပဲ ခံစားရတယ်...။
နှစ်သစ်မှာ အစစအဆင်ပြေစွာနဲ့ မိသားစုအားလုံး ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေလို့.....။
ခင်မင်တဲ့
ဏီလင်းညို
Post a Comment