Saturday, January 17, 2009

အမှတ်တရများစွာနဲ့ဇန်နဝါရီ

အမှတ်တရတွေ
ရင်မှာသိမ်းစု
ရတနာလိုဥကာထားခဲ့
တနေ့တရက်
အတွေ့ခက်ယင်
လွမ်းရက်ရာထောင်ဝေတယ်ခင်
ဆိုတဲ့စာသား စကားတွေရယ်.......

ပြန်ပြောယင်တမင်ဆန်းတာလို့
ထွင်ပြောတယ်ထင်ချင်ထင်မယ်
တကယ်သာဆိုချစ်တဲ့ညလေး
ဘယ်ကိုလဲလို့တွေးနေယင်း
အမှတ်တရအဖြစ်တွေနဲ့
အမြတ်မရတဲ့အဖြစ်တွေပါကွဲ့..........

လွမ်းတယ်လို့မပြောသာပေမယ့်
လွမ်းချင်နေတာရင်ကသိ
ဒီလိုပိုအေးတဲ့နှစ်တွေဆို
တခါတခါတော့လည်းငယ်ဘဝကိုသတိရ
မီးကိုတမ်းတမိသယောင်
အပြာရောင်မီးခြစ် အဝါရောင်လေဒီရှုးပုံရင်ထိုး
ငွေဆွဲပြားလေးတစ်ခု
အမြတ်မရပေမယ့်အမှတ်တရ.........

ချစ်တဲ့ ညလေး
ဘယ်ဆီပြေးထွက်
အလွမ်းရက်ရှည်ကြာ
နွမ်းမောလျဝေဒနာတွေ
ရင်မှာတင်းကျပ်
အလွမ်းဇတ်အလား
ထင်ယောင်မြင်မိမှား
သောကဖြစ်စေသောဝေဒနာများ........

ဘာပဲဖြစ်ဖြစ်
ချစ်တော့ချစ်ခဲ့တဲ့
တချိန်ကယောရှီဒါနဲ့
ချစ်ခဲ့တယ်ထင်တဲ့
ကေလေးကိုလည်းသတိရ
အမှတ်တရအားလုံး
ရင်မှာစုနေ
အတွေးတွေမတွေဝေချင်...........

လွမ်းသည်ရင်က
အမှတ်တများ၏
ဒါဏ်ရာတချို့
ပြန်လည်ကာမတူးဆွချင်ပေမယ့်
မှတ်မိနေတဲ့အသိက
ရင်မှာငြိနေပေါ့
မန်မိုရီစတစ်လို
ဖြစ်နေယင်လည်းအကောင်းသား
အားလုံးကိုပယ်ဖျက်
တွယ်မက်မနေချင်ပေမယ့်..........

လွမ်းတယ်ဆိုတာ
ခံစားလို့ကောင်းတဲ့အရာမဟုတ်
နွမ်းလျလျရုပ်နဲ့
မောလျတဲ့ရုပ်.......... ။ ။

ချစ်သူမောင်


No comments: