အချစ်ဆိုသည်
အလွမ်းဆီတွင်
ပျော်မွေ့လေသော
စိတ်ဒါဏ်ရာအမာရွတ်.......
သစ္စာမရှိခြင်းလည်းမဟုတ်ချင်
အလွမ်းရင်ခွင်သည်လည်း
အချစ်၏စေစားရာအရုပ်အလား
ပီပီပြင်မရှိခဲ့...........
ချစ်တတ်ခဲ့လေသော
အကြောင်းတရားတို့သည်ကား
ပညတ် ပရမတ်ခွဲခြား၍မရခဲ့........
တွယ်တာနှောင်ရစ်
ချစ်တတ်ခဲ့သောနှလုံးသား၏
အကြောင်းတရားတို့သည်ကား
စိတ်ဝိဉာဉ်၏စေစားရာ.........
ဝေဒနာများစွာဖြစ်သော
ရင်ခွင်အစုံသည်ကား
စေတသိက်၏ဘဏ်တိုက်.......
အမြတ်တနိုးတန်ဖိုးထားရာ
ချစ်တတ်သော နှလုံးသားသည်
အလွမ်းအစုစုတို့၏
သိုမှီးသိမ်းဆည်းရာ.........
လတ်တလော
ချစ်ခင်နှစ်သက်ရာ
အကြောင်းတရားတို့
သည်လည်းသစ္စာတရားတို့
ဖောက်လွဲဖောက်ပြန်ဖြစ်ရာ
နေရာမဟုတ်ခဲ့........
ရင်းနှီးမှုအကြောင်းအရင်းခံ
ဖြစ်တည်မှု အရာအားလုံး
ရင်ခွင်မှာစွဲနစ်စွာ ဖြစ်တည်တတ်သော
ရင်ခုန်လှိုက်မောမှုတို့အား
ခုံမင်တပ်မက်နေခြင်းလည်းမဟုတ်........
သို့သော် ချစ်သည်
တစုံတစ်ယောက်ကိုရင်းနှီးစွာ
ရယူပိုင်ဆိုင်လိုမှုမပါ
အဖြူထည်သက်သက်
ချစ်ခြင်းတို့ဖြစ်တည်ရာ
ထိုမြေကမ္ဘာသည်
ချစ်ခြင်းများစွာဖြင့်ပြည့်စုံသော
အလွမ်းတရားတို့ကင်းဝေးသော
အဖြူရောင်ကမ္ဘာလေးသည်
ကျွန်တော်၏ပျော်မြူး
ရွှင်ပျ လန်းမြသောနေရာသာ
ဖြစ်ပါစေမောင့်သခင်...။ ။
No comments:
Post a Comment