Tuesday, June 28, 2011

ကံကောင်းတဲ့အရီး

ဒီလိုနဲ့ သူငယ်ချင်းအဖေသင်္ဂြိုလ် ပြီးပြီးချင်းပဲ(နာရေးကိစ္စ အစဆုံးအပြီး)
ညနေငါးနာရီထိုးပါပြီ။
တစ်နေ့လုံးအသုဘကိစ္စ လုပ်နေယင်း
အရီးဆီကိုစိတ်ရောက်ပြီးစိတ်ပူနေခဲ့တာကြောင့် ချက်ချင်းပဲ
အိမ်ပြန် ရေမိုးချိုးပြီးခေါင်းလျှော်ပြီးနောက် ပြည်
ကိုသွားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ညတွင်းချင်းပဲ
ဒဂုံအောင်လံ express နဲ့ တွေ့ရပြီပေါ့၊ Express သာဆိုတယ်
မိုးရွာနေတဲ့အချိန်မိုးယိုတာတော့ဘယ်လို
ဘယ်သူဖြေရှင်းတာမှမတွေ့ရပါဘူး။ မိုးကလည်းသည်းမိုးသည်းသည်းမှာမိုးယိုတဲ့
လေအိတ်ကားနဲ့
သိပ်တော့မနိပ်လှဘူး။ဒါပေမယ့်ကိုယ့်အရေး
နဲ့ကိုယ်ဆိုတော့လည်းမိုးယိုတာကိုသတိထားမိယုံလေးပါ
ဆိုရမလား အများသူငါလိုမသိချင်ယောင်
ဆောင်ခဲ့မိသလားမသိခဲ့ပါ။သို့သော်မိုးယိုသည်ကိုတော့ဘာမှ
မပြောဖြစ်ခဲ့ပါ။ညနှစ်နာရီကျော်လောက်မှာ ပြည်မြို့
ရဲ့အဝေးပြေးကွင်းရှေ့ကိုရောက် ပါတယ် ။
တွေ့ပါပြီနဖူးတွေ့ဒူးတွေ့(ပြည်က-----------အထူးကုဆေးခန်းဆိုသည်မှာ)
၁။ အလွန်ညစ်ပါတ်သောနေရာဖြစ်ပါသည် ။( ယင်ကောင် ခြင် အလွန်ပေါပါသည် )
၂။သမားတော်ကြီးများ တော်ကြပါသည် ။( မှတ်ချက် -
သူနာပြုများမှာသူနာပြုအစစ်များမဟုတ်ကြပါ
အများစုမှာ
သားဖွားသင်တန်း မှဆင်းသူများ ဖြစ်ပြီး
လူနာများကိုမည်သို့ပြုစုရမည်ကိုနားလည်သူများ
မဟုတ်ကြပါ၊ အများစုမှာ ဂျူတီချိန်နှစ်ခုယူပြီး
နေ့လည်ဖက်တွင်လည်းဟိုယောင်ယောင် ညဖက်တွင်
လည်းလူနာကိုပြုစုရန်မကြိုးစား အိပ်ဖို့ရန် အလွန်အားသန်လှသူများဖြစ်ကြသည်တခါတရံ
ထမင်းသွားစါးမည်ဟုအကြောင်းပြကာအဆောင်ပြန်ပြီးအိပ်နေတတ်ခြင်း)
၃။လူနာအများစုမှာ တော်တော်တောကျသောနေရာမှလာသူများဖြစ်ကြသည်( ဆေးရုံအုပ်ဆိုသူမှာ
အပေါက်ဆိုးသည့်အလျောက် မသိနားမလည်သူများကို အသက်ကြီးသူများဖြစ်စေကာမူ ဟောက်
ဟမ်းငေါက်ငမ်း ဆက်ဆံတတ်ခြင်း )
၎။ ဆေးထိုးသည့်အခန်း၊ ဆေးထည့်သည့်အခန်း အစရှိသောအခန်းများကို pay room များ အဖြစ်
အသွင် ပြောင်းကာ
လူနာများပြေလည်စေရေးဖန်တီးတတ်နိုင်ခြင်း(ဥုံဖွ၊အပ်ချလောင်း ဆိုသည်
ထိုထိုဆေးခန်းမှဆရာများ ဆရာများအတွက် ထမင်းစားရေသောက်မျှသာဖြစ်ပါသည်။
ရောဂါပျောက်
မပျောက်တော့မသေချာပါ )
၅။ပစ္စည်းကိရိယာစုံလင်သည့်အလျောက် ရောဂါရှာဖွေချိန် ကြာမြင့်ကာ
တလွဲတွေကုသတတ်ခြင်း (ဥပမာ-
လူနာမှာအစာအိမ်သွေးကြောပေါက်ကာသွေးအန်၍ရောက်လာသော်လည်း ပဏာမ
ဆီးလမ်းကြောင်းတွင်
ပိုးဝင်သည်ဟုဆိုကာကုသခြင်း)
ထိုထိုအချက်လက်များမှာပဏာမ ဥပမာ များသာဖြစ်ပါသည် ထိုကိစ္စများမှာ
ကျွန်တော် တစ်ရက်နှင့်တစ်ည
တိတိ ရှာဖွေတွေ့ရှိချက်များသာဖြစ်သည် ထို့ထက်ပိုသောအဖြစ်ပျက်ကောင်းများ
ရှိလျှင်ရှိနိုင်သည်။
ထားပါတော့လေ ကျွန်တော်ရောက်သွားတော့ အရီးခွဲစိတ်ခန်းမှထွက်လာပြီ
ကျွတော်စိတ်တော့
နည်းနည်းအေးရသည် ပြောချင်တာရှိသေးသည် အစာအိမ်သွေးကြောပေါက်သည့်လူနာကိုကုသသည့်
ကုထုံး ရှေးနည်းအရဆိုလျှင် သွေးထွက်သည့်ပမာဏအလွန်များ လျှင်ရေခဲအုံကာသွေးတိတ်စေရန်
ပြုလုပ်ပေးရသည် သွေးတိတ်သွားသည့်အခါတွင်လည်း ပူသည့် ကော်ဖီ အိုဗာတင်း လက်ဖက်ရည်
အစရှိသည်တို့ကိုကျွေးမွေးရန်မဆိုထားနှင့် (ရန်ကုန်တွင်ဆိုလျှင်
အစာအိမ်တွင်းကြည့်မှန်ပြောင်းဖြင့်
ချက်ချင်းရောဂါရှာဖွေသည်) ရေခဲမုန့်လောက်သာကျွေးသင့်သော်လည်း သူတို့ အခေါ် စပယ်ရှယ်
နာ့စ် က အိုဗာတင်းဖျော်တိုက်သည် ထိုကိစ္စမှာ အလွန်ဆိုးရွားလှသော
နောက်တစ်ခါ သွေးယိုစေရန်လှုံ့
ဆော်မှုဟုယူဆပါကမှားမည်မထင်ပါ။ဆေးရုံ ဆေးခန်းဆိုသည်မှာလူနာများ၏အသက်ကိုကယ်တင်သည့်
နေရာဖြစ်သော်ငြား မသိနားမလည်သူများကိုတာဝန်ပေးစေခိုင်းခြင်း များမှာ
လူနာများ၏အသက်ကို ရန်ရှာ
သည်နှင့်တူသည်ဟုထင်ပါသည်။
နောက်အချက်တစ်ချက်ရှိပါသေးသည် လူနာများ၏အသက်အရွယ်ကြီးရင့်နေသဖြင့် လက်လျှော့
လိုက် သည် လက်လျှော့လိုက်ပါ ထိုစကားမျိုး မပြောသင့်ုထင်ပါသည်။ကျွန်တော်
ရန်ကုန်တွင်လည်း
ဆီးနှင့်ကျောက်ကပ် ဆရာဝန်ကြီးတစ်ဦး( အငြိမ်းစား)
ထိုစကားမျိုးပြောဖူးသည်ကိုနားနှင့်သေချာ ကြား
ဖူးထားသဖြင့် သစ္စာအဓိဋ္ဌာန်နှင့်မညီသောစကားကိုပြောသည်ဟုထင်ပါသည်။
ထိုမျှလောက်သောဆေးခန်းမျိုးတွင်
အသက်ရှစ်ဆယ်ရှိကျွန်တော့အရီးအသက်မသေပါ ဆေးခန်း၏
luck ကြောင့်လား အရီးပဲကုသိုလ်ထူးသည်လားကျွန်တော်မပြောတတ်ပါ ။
သို့သော်ကျွန်တော်စိတ်အေး
ရပါပြီ ရှုပ်နေသောစိတ်များလည်းပိုရှုပ်ကာ ရှင်းမရတော့မဖြစ်
.......ကျွန်တော်ယ္ခုရေးသားဖေါ်ပြချက်
များမှာပုဂ္ဂိုလ်ရေးအရ မပါပါ။ ကျွန်တော့ဘ၀မှတ်တမ်းတစ်ခု၏အစိတ်ပိုင်းတစ်ခုသာ........။

စိတ်ရှုပ်ရသောနေ့ရက်များ


ပ်များနေတဲ့ကြားက အလုပ်တွေရှုပ်နေတဲ့ကြားက
ပိုပိုပြီး စိတ်ရှုပ်စရာတွေကြုံလာရတတ်ပါတယ် ။ ကြုံဖူးကြမယ်လဲထင်ပါတယ် ။
တစ်ခုပဲ အလုပ်များနေတဲ့
ကြားက ရွာကအရီးတစ်ယောက်နေမကောင်းဖြစ်ပါတယ် ဖြစ်တုန်းကတော့ ဘာဖြစ်တယ်လို့သေချာမသိ
ပါဘူး ပြည်က လောကပါလ မှာတင်ထားရတယ်ပဲသိတာ။ ကျွန်တော်ကအလုပ်များယင်လူမှုရေး ငဲ့လို့မရ
တဲ့အကြောင်းတွေရှိပါတယ်။ကျွန်တော့အလုပ်နဲ့ပါတ်သက်တဲ့သူများများ ကလည်း
ကျွန်တော့ကိုလူမှု
ရေးနဲ့ပါတ်သက်ပြီး နားလည်မပေးတတ်ကြတာ ငွေကတော့မပေးချင် ဆားဗစ်သာအလကားလိုချင်
ကြတာပါ။ ခက်တာက သူတို့အတ္တအတွက် ကျွန်တော်ကလူမှုရေးတွေပျက်ကွက်ကုန်တာပါ။ကျွန်တော်က
လူမှုရေးခေါင်းပါးတဲ့သူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ရတာပါ။အချိန်တိုင်း
ready ဖြစ်ပေး နေရတာ
ကြာတော့လည်း စိတ်ကုန်လာပါပြီ ။ business ဆိုပေမယ့် ကျွန်တော့ဆီက
စက်တစ်လုံးဝယ်ပြီးယင်
တစ်ချိန်လုံးကျွန်တော့ဆားဗစ်က stand by ဖြစ်နေရ တော့မှာပေါ့
အဲဒီလိုခံယူချက်နဲ့ လူမှုရေးမေ့
ထမင်းမေ့ ဟင်းမေ့ လူမှုရေးမေ့ အိမ်ကိုမနက် ၄
နာရီထိုးမှပြန်ရောက်တဲ့နေ့တွေလည်းမနည်းပါဘူး။
အဲတာတွေဟာ အောင်မြင်မှုရဲ့အစဖြစ်သလို ကျွန်တော့အတွက်
လူမှုရေးအရှုံးများစွာဖြစ်ပေါ်စေခဲ့ပါတယ်
ကျွန်တော့ကိုမကြည့်ပေးသူများ နားလည်မပေးနိုင်ကြသူများ
ခုဆိုခုလာစေချင်သူများ ကိုယ်ချင်းစာစေ
လိုပါတယ်။ နားလည်စေလိုပါတယ် ခက်တာကနားမလည်ကြပါဘူး သူတို့ဖြစ်ချင်တာတစ်ခုပဲသိသလို
ကျွန်တော့ဆီကနေစက်တစ်လုံးဝယ်ပြီးယင် ဆားဗစ် တစ်သက်လုံးရမယ်လို့ မှတ်သားထားကြသူများ
ကျွန်တော် ကတော့ခင်ဗျားတို့အတွက်နဲ့ မျက်နှာလဲရွဲ့ ခဲ့ပါပြီ
လူမှုရေးခေါင်းပါးတဲ့သူတစ်ယောက်ဖြစ်
နေခဲ့ပါပြီ အဲဒါအပြင် stress တွေများပြီး အပေါက်ဆိုးတတ်လာခဲ့တဲ့အခါ
စကားပြောတာ အချိုးမပြေ
တဲ့သူတစ်ယောက်လည်းဖြစ်စပြုနေပါပြီ ။
စရေးတုန်း ကတော့အရီးအတွက် နောက်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆုံးသွားတဲ့ကိစ္စ
စိတ်မကောင်းကြောင်းနဲ့ သတင်းစာတိုက်ကိုနာရေးကြော်ငြာ သွားထည့်ခဲ့တဲ့
အဖြစ်တွေရေးမလို့ပါ
မထင်မှတ်ပဲ ရင်ထဲက ပေါက်ကွဲသံတွေ ထွက်လာတော့ ဘာဆက်ရေးရမှန်းတောင်မသိတော့ပါဘူး
stress ဘယ်လောက်များနေလဲစဉ်းစားသာကြည့် ကြပါတော့။
မနေ့က အချစ်ဆုံးငယ်သူငယ်ချင်းတစ်ယောက်ဖုံးဆက်လာ ခဲ့ပါတယ်။ သူကပင်လယ်ကမ်းစပ်က
မြို့ (အမှန်တော့ ရွာ ) တစ်မြို့မှာနေတဲ့ သူတစ်ယောက်ပါ
။သူ့အဖေဆုံးသွားြ့ပီဆိုတဲ့ အကြောင်း
ဖုံးဆက်လာတာပါ။သူ့အသံကြား ရတော့မတွေ့ရတာကြာပြီဖြစ်တဲ့အတွက်ရုတ်တရက် ဝမ်းသာသွား
ခဲ့ရပါတယ်။ နောက်ဆက်တွဲစိတ်မကောင်းဖြစ်တာကလွဲယင်ပေါ့။
နောက်တော့သူနဲ့ဆုံပြီး စကားပြော
ဖြစ်ပြီးတဲ့နောက် နာရေးကြော်ငြာ ထည့်ပေးဖို့ ကိစ္စပြောဖြစ်ပြီး
မနေ့ညကလမ်းခွဲခဲ့ကြတယ် ။ အဲ ဒီနေ့
မနက်တော့ ကြေးမုံသတင်းစာ ကြော်ငြာဋ္ဌာနကိုရောက်ခဲ့ ပါတယ် ဒီနေ့စနေနေ့ဆိုတာ သတိမထားမိ
လိုက်တော့ရောက်သွားတာမနက်ကိုးနာရီခွဲ ရုံးနေ့တစ်ဝက်ပဲဖွင့်တယ်တဲ့
ပိတ်ရက်မို့လို့ နေ့လည်
၁၂ နာရီမှလာခဲ့ပါတဲ့ ကျွန်တော်တို့ရုတ်တရက် ဘာလုပ်ရမလဲမသိဖြစ်သွားရတယ်
စဉ်းစားကြည့်ကြပါ
တစ်ဖက်ကနာရေးဖြစ်နေတာပါ ။ကျွန်တော်တို့မှာ အချိန် ဘယ်လောက်ရမလဲ
ကျွန်တော်တို့မှာစီစဉ်စရာ
တွေအများကြီးရှိနေပါတယ် ကားငှားဖို့ကိစ္စ ယပ်တောင်ကမ်းရေဘူးကမ်းဖို့ကိစ္စ
သင်္ချိုင်း နေရာကိစ္စ
အစရှိတဲ့အလုပ်တွေကအများသားပါ ။အဲတာတွေစီစဉ်ဖို့တောင်အချိန်မရ
တာနာရေးကြော်ငြာကိစ္စကို
ထိုင်စောင့်ကြရမယ်ဆိုတော့စိတ်တော်တော် ပိန်သွားရပါတယ် ။ဒီမှာပြောစရာစကား
တစ်ခုရှိပါတယ်
သတင်းစာ ဆိုတာနိုင်ငံရဲ့နားနဲ့မျက်စေ့ ဆိုတဲ့ ကိစ္စ
ကျွန်တော့ခေါင်းထဲမှာအငြင်းပွားဖွယ်ဖြစ်သွားပါတယ်။
နောက် စူပါမင်းကားထဲမှာ လျှပ်စစ်မီးပျက်တာလားကွန်ပျူတာတွေ
ဗိုင်းရပ်စကိုက်တာလားသေချာတော့
မမှတ်မိတော့ အဲဒီအချိန်မှာဒေးလီးပလန်းနက် ကိုညတွင်းချင်း
ရှေးဟောင်းပုံနှိပ်စက်ကြီးတွေ အသုံးပြု
ပြီးမနက်စောစောထုတ်ဝေနိုင်အောင်ရိုက်နှိပ် ခဲ့တဲ့ သတင်းစာ
ပိတ်ရက်မရှိတဲ့သတင်း အဲဒီအချက်လက်
တွေနဲ့ ကျွန်တော့ခေါင်းထဲစိတ်ရှုပ်လို့နေတုန်း ကျွန်တော့ခါးမှာထိုးထားတဲ့
ဟန်းဖုန်းကထမြည်ပြန်ပါ
တယ် ပြည်မှာဆေးရုံတက်နေတဲ့ အရီးတစ်ယောက် အခြေနေမကောင်းဘူး ဆိုတဲ့သတင်းရပြန်တော့
သူငယ်ချင်းကိုပစ် ထားခဲ့ပြီး ပြည်ကိုချက်ချင်းထလိုက်သွားချင်ပြန်
နှစ်ကိုယ်ခွဲလို့လဲမရ အင်းစိတ်မော
လူမောနဲ့ လုပ်လက်စအလုပ် ကမပြီး ကျွန်တော့စိတ်ထဲ
တော်တော်ရှုပ်ထွေးသွားရပါတယ်။အရီး ဆိုတာ
ကျွန်တော်ရဲ့ (ဟိုးဝေးဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့ မြို့ကလေး )မှာပါတဲ့
အဲဒီမြို့ ကနေမနီးမဝေး
ကျွန်တော်တို့သွားနေကျရွာက သွားယင်လည်းအဲဒီအရီးအိမ်မှာတည်းနေကျ
အဲဒီအရီးကကျွန်တော်ဆို
ယင် တော်တော်ချစ်တာဆိုတော့ ကျွန်တော်လည်းလောလောဆယ်ဝေခွဲမရဒုက္ခဖြစ်နေတုန်း စိတ်ရှုပ်
နေတုန်း ရေးထားတဲ့ပို့စ် မှာ ဖတ်ပြီးလို့စိတ်ရှုပ်သွားကြယင်
ခွင့်လွှတ်ကြပါလို့..............


ဝတ္ထုရေးယင်းပို့စ်တွေတင်နေယင်းနဲ့ အလု

Saturday, June 18, 2011

နွေအလွန်တိမ်စွန်မှာမိုးရိပ်သန်းတော့(၃)

မင်း .. မဟုတ်သေးပါဘူးကွာ
အောင်ကို ၏ဝေဖန်သံ
ရန်နိုင်က ဟ...ငါကဘာမဟုတ်ရတာတုန်း
နေထွန်းက၀င်ပြောသည်.... နှစ်ခါတည်းဆုံဖူးတာများ မင်ကဟိုးအယင်
တည်းကသိနေသလိုလို ပြောနေတာလေ...
စောမင်း ကလည်း ...ဟုတ်တယ် မဖြစ်နိုင်တာ တွေ
အောင်ကိုကဆက်ပြီး ချစ်ခြင်းအစမျက်စေ့ ကလို့ ပြောကြတယ်ကွာ
နေထွန်း က ထောက်ခံသလိုလိုနှင့် ဟုတ်ဖူး
အချစ်မှာမျက်စေ့မရှိဘူးလို့ပြောကြတယ် .....လို့ထငြင်းသည်
သွားပြီ ဒီအုပ်စုလေးထဲမှာ ဒီနှစ်ယောက်ဆင်ခြေအများဆုံး
သူတို့နှစ်ယောက်စငြိကြပြီ စကားလည်းများလှသောအောင်ကိုနှင့်နေထွန်း
တို့၏ပွဲစဉ် သွားပြီ ရန်နိုင်တစ်ယောက် စိတ်ရှုပ်လို့
ကမ်းနားလာထိုင်ကာမှသပွတ်အူမျောလာတာတွေ့လိုက်သလိုမျိုးတော့ဖြစ်ပြီ
ခက်တာကကျောင်းမှာတည်းကပြောမနာဆိုမနာတွဲလာကြသူများ ဖြစ်ရာ
ရန်နိုင်ဘယ်သူ့ဖက်ကဘာဝင်ပြောရမှန်းမသိ ခက်သည်ကသူ
ကိုယ်တိုင်ပင် အစဆွဲထုတ်မိခြင်း တနည်း
မျက်ဝန်းနက်လေးအားသတိတရဖြစ်နေမိကြောင်းပြောမိရာကစသည့်ဇတ်လမ်း ရန်နိုင်
ဘာမှ
မပြောသာ နေထွန်းနှင့် အောင်ကိုငြင်းကောင်းဆဲ စောမင်းကတစ်ဖက်ဆီမှ
အတို့အထောင်လုပ်ကာ ထောက်ခံလိုက်ကန့်ကွက်လိုက်
လုပ်နေသည် ရန်နိုင် ထိုသုံးယောက်ကိုစိတ်ပျက်လက်ပျက်ကြည့်ပြီး ကဲငါသွားပြီ
ဟုရုတ် တရက်ထထွက်တော့မှ ဟဟ..နေဦး ဘောစိ
ရယ် ငါတို့စားထားတာလေးတွေရှင်းသွားဦးလေ ...ဟုသံပြိုင်ထွက်လာ၏ ။ရန်နိုင်က
ဘာဆိုင်လို့ရှင်းရမှာလဲလို့ပြောစဉ် စောမင်းက
မင်းနဲ့ မျက်ဝန်းနက် လေးတို့ မျက်စေ့က စတဲ့ ကိစ္စ အဲဟုတ်ပါဘူး အဲဟုတ်တယ် အာဟုတ်ဖူး
ကဲ စောမင်းရာတော်ပါတော့ကွာ ကြာယင်ငါရူးရမယ်
မင်းဟိုနှစ်ကောင်ကြားအတို့အထောင်လုပ်တဲ့ အရှိန်မကုန်သေးဘူး ငါနဲ့မျက်ဝန်း
နက်လေးလည်းဘာမှမဖြစ်သေးဘူး အဲဒီတော့ကိုယ့်ဟာကိုယ်ရှင်းကြ ။အမ်
အဲလိုတော့မလုပ်ပါနဲ့ကွာ မင်းကရန်ကုန်မှာနေပြီး လောလော
ဆယ် ကုမ္ပ ဏီထောင်ဖို့ ကြိုးစားနေတဲ့သူ ငါတို့က အဆောင်မှာနေယင်း
ကုမ္ပဏီသေးသေးလေးတွေမှာ လစာနည်းနည်းနဲ့ အလုပ်ဝင်နေတဲ့
သူတွေ ဒီနေ့နှစ်ဆယ့်သုံးရက်နေ့လေ ကြားဖူးတယ်မဟုတ်လားပြတ်တုန်းလပ်တုန်း
နှစ်ဆယ့်သုံး ဆိုတာလေ ဟု စောမင်းက အရှည်ကြီး
ရှင်းပြလေ၏ ။တော်ပါကွာဆက်ပြောနေယင် သဒ္ဓါ လွန်တော့မယ် လွန်ယင် တဏှာကျွံတော့မယ် .....
အဲရန်နိုင် အချင်းချင်းမင်းဘာတွေပြောနေတာလဲငါတို့ကိုတော့ချမ်းသာပေးပါကွာဟုအောင်ကို
က မျက်နှာငယ်လေးနှင့် ၀င်ပြောသည်
ရန်နိုင် ပြုံးလိုက် မိသည် သည်သုံးရက်အတွင်းပထမဆုံးပြုံးမိခြင်း
ဖြစ်မည်ဟုထင်သည် ဦးနှေက်စားရပါလားမျက်ဝန်းနက်လေးရယ်။
ကဲပါကွာငါရှင်းသွားပါ့မယ် .....ဒါပေမယ့်ငါမသွားချင်သေးဘူးမင်းတို့နဲ့
ထိုင်စကားပြောချင်သေးတယ် ထိုစဉ် နေထွန်းက မိန်းမလျာ
ပုံဖမ်းကာဟွန့်.. သူပဲအမျိုးမျိုး လို့ ၀င်ပြောတော့အားလုံရယ်ဖြစ်ကြသည်
ရယ်လိုက်ကြတော့လည်းစိတ်ထဲအနည်းငယ်ပေါ့ပါး သွားလေ၏။
အမှန်တော့ ရန်နိုင် ခုထိအဖြေရှာမရသေးသော အလွန်ရင်းနှီးနေသည်ဟူသော
အချက်ကိုဆက်တွေးနေမိသည် ဟိုသုံးကောင်ကတော့ထင်
ရာတွေပြောနေကြဆဲ...........
အိမ်ပြန် ရောက်တော့ကြီးမေကိုဧည့်ခန်းမှာ စာအုပ်အထူကြီး ကိုင်လျက်တွေ့သည်
ဟန်မဆောင်နိုင်ပဲ ကြီးမေ အနားပြေးထိုင်ကာ မျက်ဝန်း
နက်လေးအကြောင်း ဖွင့်ပြောပြ မိသည် ။
ကဲသား ကြီးမေပြောပြမယ်နားထောင် မင်းတစ်ခါမှမရောက်ဖူးတဲ့ အရပ်တစ်ခုကို
မင်းရောက်သွားမယ် ဒါပေမယ့် အဲဒီအရပ်ဟာ မင်းနဲ့
လုံးဝမစိမ်း တဲ့ဒါမှမဟုတ် မင်းရောက်ဖူးတဲ့ အရပ်လိုသိနေတဲ့
အတွေ့အကြုံမျိုးမင်းဖြစ်ဖူးလား
ဟုတ်ကဲ့ တခါတော့ဖြစ်ဖူးတယ်
ဘယ်တုန်းကလည်း
ပုဂံ ဘုရားတွေ ပထမဦးဆုံးအကြိမ် သွားဖူးစဉ်တုန်းက နေရာတော်တော်များများ
ကျွန်တော်သေချာသိနေသလိုခံစားရတယ်
ကဲမှတ်ထား သား ကြီးမေပြောမယ် အဲဒီအဖြစ်မျိုးတွေကို ဒီဂျာဗူးလို့ ခေါ်တယ်
ဒါပေမယ့်ကြီးမေကတော့ အနောက်တိုင်းလူတွေပြောသလို
မသိစိတ်ကိုအခြေခံတဲ့ ဒီဂျာဗူး ကိုသိပ်တော့သဘောမတွေ့လှပါဘူး ကြီးမေ
ကိုယ်တိုင် ဝေဖန်သုံးသပ်မိတာကတော့ ကံကံ၏အကျိုး
လို့ ဆိုချင်တယ် ဘုရားဟောထဲမှာလည်းပါသားပဲ အတိတ် ပစ္စက္ခ အနာဂါတ်
ကာလသုံးပါထဲမှာ တိုတိုပြောယင် သံသရာထဲမှာ လည်နေသရွေ့
အနီးစပ်ဆုံး ကျွမ်းဝင်ခဲ့ဖူးတာတွေကို ဒီဂျာဗူး အဖြစ်ပြန်မြင်တယ်လို့ထင်တယ်......
ကြီးမေရှင်းတော့မှ ရန်နိုင် ပိုရှုပ်သွားတော့၏
စဉ်းစားစရာတွေပိုလို့များလာ၏ ဒါဆိုမျက်ဝန်းနက်လေးကဘယ်သူလည်း သူလည်းသံသရာ
တကွေ့တချိုးမှာပါတ်သက်ဖူးသူလေလား.............ဒီညမိုးသည်းထန်ပေမယ့်ရန်နိုင်အိပ်မပျော်တော့......

--
ချစ်သူမောင်

Wednesday, June 8, 2011

နွေအလွန်တိမ်စွန်မှာမိုးရိပ်သန်းတော့(၂)


မနေ့က မိုးသည်းထန်ခဲ့၏ နွေအလွန် တော်တော်ကြာမှရွာသောမိုးဖြစ်၍ သည်း၏ ထန်၏ မိုးစက်ကြွေလွင့်ခြင်း ပြင်းထန်၏။ ထိုမိုးနှင့်
အတူ ငါးရစ်တက်၏ ငါးရစ်တက်ခြင်းဆိုသည် ငါးများအတွက် မျိုးပွားခြင်းဆိုင်ရာ အလုပ်ဖြစ်သည် ။ငါးရစ်တက်ချိန်မှစ၍ ရွာသောမိုးသည်
အရှိန်ရ၍ ရွာသောမိုး နှင့်အတူပင် သည်းထန်၏ ။ထိုတစ်နေ့ ရန်နိုင်အတွက် အမှတ်တရနေ့ တစ်နေ့ဖြစ်ခဲ့၏ ။ထိုသို့ဖြစ်ရန် မထင်မှတ်
ထားခဲ့ပါချေ။ထိုနေ့က ရန်နိုင်၏စိတ်ထဲတွင် သင်တန်းတက်ရန်စိတ်စောနေမိခဲ့၍ ပါတ်ဝန်းကျင်ကိုဂရုမစိုက် မိခဲ့ ရွာနေသောမိုးသည်း
အောက် တွင် မိုးကာကိုစွပ် ကြီးတော်ကြီးပေးလိုက်သောထီးကိုတစ်ဖက်ကကိုင်ကာ သင်တန်းတက်ရန်သာစိတ်စောနေမိခဲ့၏ ။ထိုနေ့က
ပရောဂျက်အသစ် တစ်ခုကိုလက်တွေ့ လုပ်ရန်စိတ်စောနေခြင်းဖြစ်သည် မထင်မှတ်လိုက်ပါ မိမိ ၏ကားရပ်နေကျနေရာမှသင်တန်း သို့
အလာ တစ်ယောက်ယောက်ကိုဝင်တိုက်မိလေ၏ တမင်သက်သက် ၀င်တိုက်မိခြင်းမျိုးတော့မဟုတ် ၀တ္ထု များတွင်တော့ တမင်သက်သက်
ဝင်တိုက်ခိုင်းတတ် လေ၏ ။ နောက်တော့ဘာညာ ရင်းနှီး သွားတတ်ကြ၏ ထိုသို့မဟုတ် ရန်နိုင်နှင့် က ဘုကျခဲ့ကြလေ၏ ။ဘယ်လိုဖြစ်လို့
ဝင်တိုက်ရတာလဲ ဟူသောရန်တွေ့သံချိုချိ နားထဲဖြတ်စီးမျော ရန်နိုင်စိတ်ထဲတော့ ဘုထတောချင်စိတ်ပေါ်လာ၏ ခင်ဗျားကရော ဘယ်ညာ
မကြည့်ပဲ ၀င်တိုက်မိအောင်ဖြစ်ရလား ဟူ ကောမိပြီး မျက်နှာကလေးမြင်တော့မှ မျက်ဝန်းနက်လေး ပါလား ခရမ်းရောင်ထီးလေးကိုင်လို့
ရန်နိုင်ကိုစူးစူး ရွားရွား ကြည့်နေသည့်ပုံကို ရန်နိုင့်စိတ်ထဲစွဲလမ်းသွားရသည်ဟုဆိုလျှင်..........
နောက်တော့ မိမိ ဘယ်ညာမကြည့်ပြောလိုက်မိသော စကားအတွက်အားတုံ့အားနာ ဖြစ်ရ၏ စိတ်ဟူသောအရာအလိုလိုက်လျှင်လိုက်သလို
တောင်းပန်မိပြန်၏ အာဆောရီး ကျွန်တော်စိတ်လောသွားလို့ပါဗျာ  တမင်ဝင်တိုက်တာမဟုတ်ပါဘူး ။
ဟွန့်.. တတ်လည်းတတ်နိုင်တယ် ခုနကလူကိုဟောက်ပြီးတော့
အဲလိုလဲမဟုတ်ပါဘူး ကျွန်တော်ကစိတ်လောပြီးသွားနေမိတာ ၀င်တိုက်မိတော့စိတ်ထဲ ကသိကအောက်ဖြစ်လို့ပြောမိတာ ခွင့်လွှတ်ပါလို့
တော့မပြောဘူး စိတ်တော့မကောင်းဘူး ဗျာ
ဒါဆို ရှင်ကရူးနေတာပေါ့
ဟယ် ဘယ်လိုကောင်မလေးလဲ စိတ်မကောင်းဘူးဆိုတာ ဆောရီးရဲ့အဓိပ္ပာယ်ပဲ ဘယ့်နဲ့ငါ့ကိုအရူးလို့စွပ်စွဲရပြန်တာတုံး ခက်တယ်
မြန်မာစကား နားမလည်တတ်ယင်ပြောလို့ကိုမရဘူး ငါတရုတ်လိုပြောလိုက်ရ ဒါမှမဟုတ်  ဗျနာရောလို့ကိုရီးယားကားတွေထဲကလိုတောင်း
ပန်လိုက်မှ ရှင်းမယ်နဲ့တူတယ်။
ဟုတ်တယ် ..အယ်..ဟုတ်ပါဘူး ကျုပ်ကဘာလို့ရူးရမတုန်း ခင်ဗျားကိုတောင်းပန်နေတာဗျ တောင်းပန်တာမှနားမလည်ယင် စကောတွေ
ဇကာတွေပါပန်ပြရမယ်နဲ့တူတယ် ထိုသို့ဘုတောလိုက်မှ မျက်ဝန်းနက်လေး ထံမှ အပြုံးစနှင့် မိမိကို ကလေးတစ်ယောက်လိုကြည့်
နေသည့် အကြည့်ကို ခံစားလာမိကာ ရောယောင်ပြုံး ပြဖြစ်လေသည် ။ ထိုနေ့က မိုးတွေရွာနေခဲ့၏ ။တစ်ယောက်နှင့်တစ်ယောက်မိတ်
မဆက်ဖြစ်ကြပါ သည်လိုနှင့်လမ်းခွဲဖြစ်ကြသည် ရန်နိုင်၏စိတ်ထဲတွင် မျက်ဝန်းနက်လေးအား အလွန် ရင်းနှီးနေ လေ သည်။သင်တန်းက
ပရောဂျက်တွင် လည်းအာရုံ မရတော့ မန်မိုရီစတစ်နှင့်ကူးကာ အိမ်ရောက်မှ ဆက်လုပ်မည်ဟုဆုံးဖြတ်ချက်ချလိုက်၏ အာရုံထွေပြား
ခြင်းလောမသိ ရန်နိုင်စိတ်ထဲတွင် မရှင်း ပရိုဂရမ်းမင်းတော့မဟုတ်ပါဘူးဟုတွေးနေယင်း.............မျက်ဝန်းနက်နက်လေးတစ်စုံကို
မြင်ယောင်နေမိ ၏စိတ်ထဲ တွင်လာစွဲထင်နေသောမျက်ဝန်းနက်လေး၏အရိပ်သဏ္ဍန် က အထင်အရှား........။

Monday, June 6, 2011

နွေအလွန်တိမ်စွန်မှာမိုးရိပ်သန်းတော့(၁)


ဟိတ်.........
ရုတ်တရက်ခေါ်သံ ကြား လိုက်သည့်အတွက် လှည့်ကြည့်မိလိုက်သည် ။ သို့သော် မခေါ်သလိုလို မသိသလိုမသိကျိုးကျွံအမူယာကြောင့်
ကြောင်အမ်းအမ်း ဖြစ်သွားသည့်အတွက် ရန်နိုင် စိတ်ထဲခိုးလိုးခုလု ။
ရွှတ် ရွှတ်.....
အဲ...လုပ်ပြန်ပြီဟ  ရန်နိုင် အတွေးစတို့ရပ်တံ့သွားပြန်သည်  မနေ့က ကြီးတော်ကြီး နှင့် စကားပြောမိသော အကြောင်းအရာ ကိုတွေးနေမိ
သည့်အတွက် ရန်နိုင်စိတ်အနှောင့်အယှက် အနည်းငယ်ဖြစ် ခဲ့ရလေသည် ။ ရှေ့ကိုကြည့်လိုက်ပြန်တော့ ကိုယ့်ရှေ့မှာဘယ်သူမှမရှိ
လှည့်ကြည့်ပြန်လျှင်လည်း ခုနကလိုမသိကျိုးကျွံ အမူယာကိုတွေ့ရဦးမည် ရန်နိုင် စိတ်ရှုပ်ထွေးသွားခဲ့ တော့သည် ။
အမှန်တော့ ရန်နိုင်တွင်မိခင်မရှိတော့ ဖခင်မှာလည်းစီးပွားရေးလုပ်ငန်းများနှင့်လုံးခြာလိုက်နေသူ သည်ကြီးတော်ကြီးသာ ရန်နိုင် ၏ မိခင်
တူဝရီး ဆိုသော်လည်း ကြီးတော်ကြီးကအလွန်ခေတ်မှီ သည် ။တခါတရံ ကိစ္စအချို့မရှင်းသည်ကို မိတ်ဆွေသဖွယ်တရင်း တနှီး ဆွေးနွေး၍
ရသူဖြစ်သလို ရန်နိုင် အားအလွန်ချစ်ကာ သည်အရွယ် ရောက်သည်အထိ ဆုံးမပဲ့ပြင်ခဲ့သူ လည်း ဖြစ်သည် ။ မနေ့က မိန်းကလေးများ၏
ချစ်တတ်မှု နှင့်ပါတ်သက်၍ ကြီး တော်ကြီး နှင့်ဆွေးနွေး ခဲ့ သော အကြောင်း ပြန်စဉ်း စားနေစဉ် အနောက်ဖက်မှ ကောင်မလေးတစ်သိုက်
ထံမှ ထိုသို့သောနောက်ပြောင်မှုကိုကြုံ ရခြင်းပင်။တစ်သိုက်ဟု ဆိုလင့်ကစား လေးယောက်တည်းပါ ရေများရေနိုင်ပဲလား သို့သော် ရန်နိုင်
ခေါင်းငုံ့ မခံချင် ဒါပေမယ့် ရန်သွားဖြစ်လို့မရ ကိုယ့်ကိုခေါ်တာမဟုတ်ဟုငြင်း လျှင်လည်း ကိုယ်သာအရှက်ရမည် သို့သော် ခုနကလှည့်
အကြည့် မျက်ဝန်းနက်နက် ရွှန်းလဲ့ လဲ့ ကောင်မလေးတစ်ယောက် ကိုတွေ့စဉ် စိတ်ထဲ ထဲမှာ တစ်မျိုး ခံစားရသည် ရင်းနှီးကျွမ်းဝင်ဖူး
သလိုလို မသေတော့မသေချာ။ ထိုနေ့က မိုးတွေရွာမလို အုံ့ ဆိုင်းနေခဲ့လေသည် ။
ရုတ်တရက် ရန်နိုင် တုံ့ပြန်မှု တစ်ခု ချက်ချင်းပြုလိုက်၏ ။နောက်ပြန်လှည့်ကာ ခုနက ဟိတ် တို့ ရွှတ်ရွှတ် တို့အသံထွက်လာသော
ကောင်မလေး လေးယောက်ကိုရင်ဆိုင်လိုက်၏ ။
"ဒီကအစ်မကြီးတို့ဆီမှာအကြွေ တစ်ထောင်ဖိုးလောက်အမ်းလို့ရမလား " မေးလည်းမေး လက်ထဲကတစ်ထောင်တန် ကိုထောင်ပြ ယင်း
တစ်လက်စတည်း " ကျွန်တော့မှာဘတ်(စ) ကားစီးဖို့ အကြွေ မရှိလို့ပူပန်နေတုန်း အစ်မတို့နဲ့တွေ့တာအတော်ပဲ" ဟုရိုးသားသံလေးနှင့်
ပြန်ပြောလိုက်၏ ။သည်တော့မှ ထိုအုပ်စုတစုလုံး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည် ဆံပင် ကျောလည်လောက် လှိုင်းတွန့်ပုံကောက်ထား
ပြီး အညိုရောင်သမ်းသော ဆံပင်ပိုင် ရှင်တစ်ယောက် ကတော့ အံမယ်သူက အလာကြီးပါလား ဆိုသောအာမေဋိတ် သံထွက်လာတော့၏ ။
ထို့နောက် အကြွေ ကိစ္စ ခေါင်းခါလည်ခါနှင့် ရှောင်ရှားဝေ့၀ိုက် ကြတော့၏ ။သည်တော့လည်း ရန်နိုင် ကအစ်မကြီးတို့မကူညီနိုင်တာ
ကျွန်တော် အခက်တွေကပြီပေါ့ ဟုမျက်နှာငယ်လေးနှင့် ဆိုမိပြန်တော့ တစ်ထောင်တန် နဲ့ လည်းဘတ်(စ) ကား စီးလို့ရပါတယ် ဟူသော
စကားသံထွက်လာပြန်၏ ။မရဘူးဗျ ကျွန်တော် စပယ်ယာအဟောက်ခံရမှာ တခါတလေ ပြန်မအမ်းတာများလို့ဆုံးပေါင်းများပြီ ကဲကျွန်တော်
အကြွေအမ်း ဖို့ကိစ္စ လိုက်ရှာလိုက်ဦးမယ် ဟု ပြောပြောဆိုဆို ချာကနဲလှည့်ထွက် လိုက်သည် နောက်က လေးယောက် ဘာမှ မပြောနိုင်
ပါးစပ်အဟောင်းသား နှင့်ကျန်ခဲ့ ၏ အမှန်တော့ရွယ်တူတွေလောက်ရှိမှာကိုရန်နိုင် အစ်မကြီးတို့ ဆိုသည့်စကားကိုနှုတ်မှမချလှိမ့်ခေါ်
နေခြင်း ကိုဘ၀င်မကျဖြစ်သွား ကြသလားမပြောတတ်ခက်သည်ကမျက်ဝန်းနက်လေးထံမှဘာသံမှမကြားခဲ့ ရ အားတုံ့အားနာ အရိပ် မျက်နှာ
တွင်တွေ့ ရသည် ။ဆံပင်ရှည်ရှည် အရပ် ကမိမိထက်နည်းနည်းနိမ့်မည် ကလန်ကလားတော့မဟုတ်  မျက်နှာ
ခပ်သွယ်သွယ် နှာတံပေါ် ပေါ် မှတ်မိနေသည် ရန်နိုင် စိတ်ထဲမှမှတ်မိနေသည့် ရုပ်ရည် မျိုး ဘယ်သူနဲ့တူသလဲအတိကျမမှတ်မိ ခေါင်းစား
သွားသည် သည်နေ့ရန်နိုင် စိတ်ထဲပျော်သလိုလို ။ပြည်မြန်မာကုန်တိုက်ထဲသို့ချိုးဝင်၍ မိမိ ကားရပ်နားထားရာ သို့လာခဲ့ ပြီး ကားယူမောင်း
ထွက် ခဲ့၏ ကက်ဆက်ခလုတ်ကိုဖွင့်လိုက်စဉ် မောင်စိန်ဝင်း(ပုတီးကုန်း)၏ကဗျာကို ခင်မောင်တိုး သီချင်းအဖြစ်သီဆိုထားသော အချစ်ဦး
ဆိုသည့် သီချင်းသံကဖိတ်အံကျလာခဲ့၏ တိုက်ဆိုင်မှုပေပဲလား ရိုးစင်းမှု တစ်ခုသက်သက် ဆိုလျှင် ...............

နဖူးကွဲ ကာဒူးပြဲပါသော်လည်း

လူကဆင်ခြင်ပါသော်လည်း ကံတရားကမနေရဘူးထင်ပါ့ ဖြစ်ပုံက ကျွန်တော်တစ်ချိန်တုန်းက
ရေးဘူးခဲ့တဲ့ "အရက်"ဆိုတာကြောင့်ပါ ကျွန်တော်ကတော့မသောက်ဖြစ်တာ တော်တော်
ကြာခဲ့ပါပြီ။မ ဖြစ်ချင်တာတွေ ဖြစ်လာခဲ့တာပါပဲ မှတ်မှတ်ရရ ဒီလရဲ့ပထမဆုံးနေ့ ဇွန်လတစ်
ရက်နေ့မှာပါ။ ကျွန်တော်ကားတိုက်ခံရပါတယ် တော်သေးတယ်ကျွန်တော်ချည်းသက်သက်
မဟုတ်ပဲ ကျွန်တော့်ကားလေးကိုဝင်တိုက်ခံရတဲ့အတွက် ကျွန်တော် အသက်မသေပါ သို့သော်
နဖူးကွဲပြီး တစ်ချိန်က အက်ဆီးဒင့်ဖြစ်ခဲ့ဘူးတဲ့ကျွန်တော့ရဲ့ဘယ်ဖက်ခြေထောက်ဒါဏ်ရာ
ထပ်ရပြန်ပါတယ် ။ ဖြစ်ပျက်ပုံကတော့ ပြောမပြောချင်တော့ပါဘူး ဒါပေမယ့်ပြောပါ့မယ်
အဲဒီညက ကျွန်တော် ထုံးစံအတိုင်းအိမ်ပြန်လာခဲ့တာပေါ့ ပြဿနာမရှိခဲ့ပါဘူး အိမ်နားရောက်
တော့မှပြဿ နာကဖြစ်တာပါ ကျွန်တော့်ကားကို မျက်နှာချင်းဆိုင် ကလာတဲ့ city taxi ကား
က၀င်တိုက်ပါတော့တယ် ကျွန်တော်လည်းတိုက်မိမှာစိုးလို့မြင်မြင်ချင်း
ရှောင်တယ် ရှောင်လို့
မလွတ်ပါဘူး ။ ကျွန်တော်ထိုင်နေတဲ့ နေရာတည့်တည့်ကိုတိုက်မိတာပါ ။ အရှိန်တော်တော်
ပြင်းပါတယ် အဲဒါကြောင့် ရှေးဟောင်းကျွန်တော့ဂျစ်ကားလေး က တစ်ပတ်လည်ထွက်သွားခဲ့
ရပါတယ်။ ကားထဲက ကျွန်တော်လည်းမစားသာပါဘူး စတီယာရင်ခွေနဲ့ မျက်နှာနဲ့ အရှိန်ပြင်း
စွာဆောင့်မိတဲ့ အတွက် နဖူးကွဲသွားပါတော့တယ် ဒူးကလည်း ကားရှေ့ က မှန်ထောင် ချိတ်တဲ့
ချိတ်က ခွဲပြီးအထဲ ၀င်သွားခဲ့တာပေါ့ ၊ချစ်သူမောင်
စတီယာရင်ခွေကုန်းနမ်းပြီး ဒက်ရှ်ဘုတ်ကို
ဒူးနဲ့တိုက်တာလို့ပြောလဲတတ်နိုင်ဘူးဗျာ။အဲဒီညကတော်တော်လေးစိတ်ပျက်စရာကောင်းခဲ့တာ
ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ် မှာအရိုးဋ္ဌာနက ဆရာတစ်ယောက်ရယ် မျက်နှာနဲ့မေးရိုးပိုင်း
ဆိုင်ရာဋ္ဌာနက ဆရာတစ်ယောက် ၀ိုင်ပြီးချုပ်လိုက်ကြတာ ဆတ်ဆတ်ခါနေတာပေါ့ သနား
အောင်ရေးပြနေတာမဟုတ်ပါဘူး တစ်ကယ်ခံစားရလို့ရေးတာပါ မျက်နှာမှာငါးချက် ဒူးမှာ
ငါးချက်၊ စဉ်းစားကြည့်ယင် ကွဲကွဲပြီးချင်း
သွေးပူနေတုန်းချုပ်ယင်အဲလောက်နာမှာမဟုတ်ဘူး
YGH ကိုရောက်တဲ့ အချိန်ကဖြစ်ပြီး လေးနာရီနီးပါလောက်ကြာမှရောက်သွားတော့ ခံစားရတာပါ။
ဘာလို့ချက်ချင်းမသွားလဲ လို့မေးကြပါ ဖြေချင်လွန်းလို့ ။မှုခင်းနဲ့ဆိုင်တဲ့
ကိစ္စတွေမှာ ကျွန်တော်
တို့မြန်မာနိုင်ငံက ဆရာဝန်များဟာအလွန်လက်ရှောင်ကြပါတယ် ။နောက်တစ်ခု ယာဉ်တိုက်မှု
ဖြစ်ကြောင်းသတင်းပို့ပြီး ချိန်မှ တစ်နာရီကျော်ကြာမှယာဉ်မှုစစ်ရောက်ပါတယ် ။နောက်ပြီး
ရဲထောက်ခံချက်မပါပဲ လည်း အစိုးရဆေးရုံတစ်ရုံမှာ သွားပြဖို့မလွယ်ပါ ။ အဲဒီအခြေနေတွေက
ယာဉ်တိုက်မှုတွေ မှာလူသေမှု မြင့်မားစေတဲ့ အချက် ထဲမှာပါပါတယ် ကျွန်တော်ကတော့သေ
လောက် တဲ့ဒါဏ်ရာမဟုတ်လို့ထားပါတော့ဗျာ။
နောက်တစ်ခု ယာဉ်တိုက်မှုမဖြစ်ရအောင် ယာဉ်ကို ဆင်ခြင်စွာမောင်းကြယင် မကောင်းဘူးလား
ခင်ဗျာ သို့ပေမယ့်ကိုယ်ကဆင်ခြင်ပါသော်လည်း တစ်ဖက်သားမဆင်ခြင်တဲ့အခါ ထွက်ရတဲ့
ဒေါသမျိုး (ဘယ်လိုမှမပြောပြတတ်အောင်ထွက်တဲ့ဒေါသပါ) ။ကျွန်တော် အတိုက်ခံရတာမူးနေ
တဲ့ ကားဆရာက၀င်တိုက်တာပါ အတော်မူးနေတာပါ လူမှန်းမသိလောက်အောင်ပါ ။ ကျွန်တော်
တို့နိုင်ငံမှာအရက်မူးတိုင်း ကရိယာ
တစ်ခုလားနှစ်ခုလားမသိရှိတယ်လို့ကြားမိပါတယ် ခုထိအသုံး
ပြုတာမတွေ့သေးတော့တစ်ကယ်ရှိမရှိလည်း မသိရပါ။နောက်တစ်ခု က မူးယင်မမောင်းနဲ့လို့
ဆိုင်းဘုတ်ကပ်ထားတာနဲ့ လူတွေကလိုက်နာရိုသေကြမယ်မထင်ပါ ။အားလုံးဟာ စိတ်ပျက်စရာ
ချည်းပါပဲလို့ ဆိုကြယင်တော့ အယောင်ဆောင်မှုတွေနဲ့သာ လို့သာပြောလိုက်ချင်ပါတော့တယ်။