Monday, May 23, 2011

တိတ်တခိုးတွယ်တာ

ကဲ ....
သခင်လို့တင်စား
ရင်မှာထားတဲ့
မောင့်..အချစ်ရေ
စိတ်အာရုံထွေပြား
သတိရနေစဉ်ခိုက်
စိုးမိုးလိုက်လေ
နွဲ့ နွဲ့သံချိုက
ရင်ကိုသပ်လျှို
လိုက်သလိုပဲ
စူးစူးနစ်နစ်နဲ့
ရူးပြီးချစ်တဲ့အချစ်က
ပူစေတယ်.....

အစတည်းက
အမှားနဲ့စခဲ့
ဘ၀ရဲ့
ရက်အပိုင်းခြားတွေ
ရွေ့လျားကာအမြန်ကုန်ခဲ့
သင်္ချာတစ်ပုဒ်လို
အမှားနှစ်ခါထပ်လို့
အမှန်ဖြစ်ချင်ပေမယ့်
သံသရာနယ်မှာ
အပြန်တစ်ရာမက
ကျင်လည်ချင်ခဲ့လည်း
အမှန်သာဆိုယင်
တို့တို့ချင်းသာ
ဆုံတွေ့ခြင်းဖြစ်စဉ်
မရှိရမှာ........

ကွယ်ရာမှာတော့
လွမ်းနေချင်တယ်
မလွမ်းသင့်မှန်း
ရင်ခွင်နန်းက
အသိသားလေ
မတွေမဝေ
ရင်ခွင်က
ချစ်ခြင်းကိုပေးဆပ်
နှင်းအပ်ခဲ့စဉ်က
မင်းပါးပြင်ထက်မှာ
ချွေခဲ့တဲ့အနမ်း
အတုယောင်မဟုတ်မှန်း
သိပါစေ.......

စွဲလန်းတမ်းမက်
ရင်ကအငွေ့အသက်
တစ်ချက်တစ်ချက်
တွေးမိလိုက်တိုင်း
နွေးကနဲလှိုက်ဖို
သောကတွေပဲ
ပိုလာသလို
မောလျခြင်းဝေဒနာ
ခံစားရခက်
မဖြေသာနေ့ရက်များမှာ
မနေသာညနက်နက်မှာ
မင်းကိုတမ်းတ
အလွမ်းညတွေ
ရှည်ခဲ့ပါ၏.......

သတိတရ
တမ်းတတိုင်းလေ
မှိုင်းမှုန်ဝေတဲ့
စိတ်အစဉ်
သခင်သာလျှင်
ပိုင်စားစိုးမိုး
အဝေးကနေရတဲ့
သခင့်ဓါတ်ပုံတွေ
အမှတ်တရအဖြစ်
ငေးကြည့်ပါရစေ
အဝေးတိတ်တခိုး
မြတ်နိုးစိတ်လေးနဲ့
တိတ်တိတ်ကလေးပဲ
တွယ်တာလို့သာ
နေပါရစေ.......... ။ ။


--
ချစ်သူမောင်

2 comments:

စန္ဒကူး said...

ဥဥရေ..နေကောင်းပြီလား..
ခံစားချက်တွေပြင်းထန်နေတယ်နော်...
ကဗျာလေးထပ်ပြီးခံစားသွားတယ်..

ချစ်သူမောင် said...

ကျေးဇူးကူကူးရေ နေကောင်းသွားပြီ ဒါပေမယ့် car accident မစိုးရိမ်ရပါဘူး သူများကမူးပြီးဥဥကားကိုလာတိုက်တာ :P