Friday, February 28, 2025

မျက်ရည်ခြုံလွှာ


 သည်လိုနဲ့လျှင်

‎ဝေးကြရလျှင်

‎ကြေကွဲကြေမွ

‎ရင်ခွင်ကြားက

‎အလွမ်းဆိုသည်

‎မြေပြင်ကိုရန်လို

‎ကောင်းကင်ကိုမုန်းထား

‎မင်းစကား‌တွေက

‎မြှားအစင်းစင်း

‎ထုတ်ဖောက်ထွင်းသို့

‎ငါဆိုသည်လည်း

‎အပိုင်းပိုင်း.........


‎ကြေကွဲကြေမွ

‎နေ့နေ့ညတို့

‎ဖြစ်တည်အလွမ်း

‎ကြေကွဲခန်းတွေ

‎ရတုတစ်စောင်

‎ပျို့တစ်ထောင်လား

‎ထင်မှတ်တွေးမိ

‎စကားလုံးမရှိ.......


‎သည်လိုနဲ့လျှင်

‎ဖြစ်တည်ခြင်းတွေ

‎ပြိုပျက်ခြင်းက

‎အလိုမကျခြင်း

‎ငိုရခြင်းတွေ

‎ဘဝပျက်စေ

‎သူညွှန်းလေသလား

‎အတွေးတွေဝေဝါး

‎ထင်မှတ်မှားစေ.......


‎အပြင်အရပ်မှာလေ

‎မြင်မြင်ရာကို

‎ရန်ညှိုးဖွဲ့

‎အဆင်ပြေရာမရှိတဲ့

‎စတေးခံရတဲ့

‎အချစ်တစ်ခုအတွက်

‎ငိုကြွေးခြင်းကပိုသည်း

‎အကြီမ်ကြိမ်ခြေမွှခံရခြင်း

‎အတွက် ......

‎အပိုင်းပိုင်းကျိုးကြေသောနှလုံးသားမှာ


‎မျက်ရည်ခြုံလွှာ

‎ရွှေပမာကို

‎ယုယပိုက်ထွေး

‎နွမ်းလျတေးသီ

‎ကြေကွဲရင်သည်

‎တစ်စစီ.........

Monday, February 17, 2025

ပြင်ထားတဲ့ဝရဇိန်

 


ဘာဖြစ်ဖြစ်

ဒီနေ့လည်း

မိုးဆက်ရွာတယ်

ရွာစမ်း...ပေါ့

အတိတ်နိမိတ်ကောက်တဲ့သူနဲ့

ကပ်ဆေးမိုးဆိုတဲ့သူနဲ့

အမှန်ကတော့

သူ့ဟာသူရွာတာ

ရာသီဥတုပဲ

ဘာတတ်နိုင်မလဲ.....


သည်လိုညည်းတဲ့သူကလည်းညည်းတယ်

မတ်ပဲနဲ့ပဲတီစိမ်း

နဂိုကမှ အထွက်မကောင်းရတဲ့ကြားထဲ

မိုးကဖျက်တော့

ငုတ်တုပ်မေ့ပြီပေါ့ဗျာ။

တဲ့ ..ကဲ ဘာကောင်းယင်

ဆန်ရေစပါးပေါကြွယ်ဝပြီး

ကောက်ပဲသီးနှံဖြစ်ထွန်းတယ်ဆိုတဲ့

အနက်ရဲ့ပြောင်းပြန် တွေးကြရအောင်......


မိုးကြိုးကတော့

ရွာတိုင်းပစ်တယ်

ပစ်တိုင်းလည်း

ဟိုကောင့်ကို ....မှန်စေချင်တယ်

ဦးပုညရေးသလိုများ

(ပျက်ရှာသည့်ဝရဇိန်ငယ်

ပန်းတိမ်မှာပြင်တုန်းထင့်လေး)

ဖြစ်နေသလား

မပြောတတ်......


Chitthu Maung

အရှေ့မြို့ရိုးက မိုးကြိုး......

 



ဘာဖြစ်ဖြစ်

ဘယ်လိုဖြစ်ဖြစ်

မနေ့က မိုးရွာတယ်

ရွာချင်လို့ရွာတာဖြစ်ဖြစ်

ဘယ်လိုဖြစ်ဖြစ်

မိုးရွာခဲ့တယ်.....


အရှေ့မြို့ရိုးက

မိုးစက်တွေလို့

တခါက နာမည်ကြီး

ဆရာတစ်ယောက်ဖွဲ့ဖူးတယ်

မီးတောက်အဖြစ်

ကခုန်လောင်ကျွမ်းခြင်း

အရှေ့မြို့ရိုးက

မိုးစက်တွေ......


ဘယ်သူဘာပြောပြော

မနေ့က ရွာချိန်မဟုတ်ပဲ

မိုးရွာတယ်

တစ်ကယ့် မိုးတွင်းအလား

ရွာပါ အစွမ်းကုန်

ကမ္ဘာမြေသန့်စင်ဖို့

မြန်မာ့မြေသန့်စင်ဖို့

ကျန်တာမပြောလို 

မိုးခြိမ်းပြီးမိုးကြိုးပစ်တယ်

ထိစမ်းဟ........

ဟိုကောင့်ခေါင်းကို....


Chitthu Maung