Saturday, October 21, 2017

အလွမ်း....အစစ်

လွမ်းနေတယ်ဆို
ကြင်သူ့မျက်နှာ
မြင်ရလေနိုး
မျှော်ကိုးကာလျှင်
လာခဲ့ပါသည်
ချစ်သူ့အိမ်ရှေ့
အပင်နား......

ရင်မှာလွမ်းလို့
တမ်းတတာလွန်
အကျွန့်ရင်ကို
သခင်မြင်လေမလားကွယ်......

တွယ်တာတမ်းတ
အလွမ်းညတွေ
မရှည်စေချင်
မောင့်ရင်ခွင်သည်
ပူလောင်မီးစ
လောင်မြိုက်ညီး.......

မြင်ယုံတွေ့ယုံ
မျှော်လင့်ယုံပါ
စောင့်မျှော်ကိုးစား
တွေ့ခွင့်ငြားလည်း
မတွေ့မမြင်
စိမ်းကားလျှင်လေ
ရင်သည်ပူလျက်
အနေခက်သည်
သခင်သိယုံ
ကြားမိယုံ........


No comments: