ဘယ်လိုဖြစ်ဖြစ်
မောင့်အချစ်ရေ
နှစ်ယောက်တစ်ကမ္ဘာ
တည်ခဲ့ကြတဲ့
နေ့ရက်တွေကို
တသလွမ်းတယ်
ညညတွေဆို
တွေဝေငေးမော
အလွမ်းဆိုတဲ့တောမှာ
မောင်ဟာဘုရင်ပေါ့ကွယ်.......
မောင့်ရင်ကသိ
ထပ်တူညီမျှ
ချစ်သူဘ၀တွေမှာ
ရင်ချင်းထပ်လို့
အလွမ်းတွေတူပြိုင်
ယှဉ်နိုင်ခဲ့ကြ
သည်းသည်းလှုပ်ရင်က
အလွမ်းစာမျက်နှာမှာ
တမ်းတ တွယ်ငြိ
တပ်မက်မိခြင်း
ဝေဒနာဆင့်ကဲ
ရင်ခွင်ထဲမှာ
ဖြေမဆည်သာ........
စက္ကန့်လေးတစ်ခုတောင်
ခွဲမနေချင်လောက်အောင်
ချစ်မိသည့်ချစ်ခြင်းတွေနဲ့
ထပ်တူညီမျှခြင်းတွေ
တမ်းတခြင်းနဲ့ခံစား
လွမ်းသမျှချစ်ခြင်းနဲ့
အနမ်းရဲ့ညဖြစ်ခြင်းအတွက်
ပျော်ရွှင်ကြည်မြတဲ့ကမ္ဘာ
မောင်တို့နှစ်ယောက်အတွက်
ထာဝရဖြစ် တည်စေသား.......။ ။
1 comment:
ဒီကဗျာလေးကို ဘယ်သူ့အတွက်ခံစားပြီးရေးတယ်ဆိုတာကိုသိပါတယ် အရမ်းကြိုက်တယ်
Post a Comment