Thursday, April 24, 2025

ပလပ်ကျွတ်တဲ့နွေ

 ရန်ကုန်မှာနေ

အာရပ်လိုဝတ်

ချာပါတီစား

နံပြားစား

ပလာတာစား

အိုအေစစ်မရှိတဲ့အရပ် 

ကုလားအုတ်လည်းမရှိ

ရှားစောင်းပင်မရှိ

တကယ်နွေပူချက်က

သဲကန္တာရရှုံး

ဘိုင်စကယ်နေပူပူ

ထီးလည်းမပါ

အဝတ်သာရုံထားချင်မိ

အာရေဗျလား

အမ်းမရိတ်လား

ယူအေအီးလည်းမဟုတ်

ရန်ကုန်ပူချက်

လူးလူးလွန့်

ဖန်လုံအိမ်သတ္တိနဲ့

ရန်ကုန်ဟာ

သေလုလုပူ

ဟိုသည်အတု 

မိုးအတု 

ဆောင်းအတု

ဆိုပေမယ့်

နွေကျ အစစ်တဲ့.....