Saturday, September 15, 2012

ရောင်စဉ်လေးညှို့ သို့ တမ်းခြင်း




















ရောင်စဉ်လေးညှို့ရယ်
ရှောင်ဖယ်မယ်ဆိုယင်လည်း
ရင်ကဒါဏ်ရာ
စာနာစွာဖေးမ
တွေးဆပေးခဲ့ပါဦးလေ.....

ရောင်စဉ်လေးညှို့ရယ်
မောနေတဲ့ကိုယ့်ရင်ခွင်
မင်းမမြင်သာအောင်
အလွမ်းတွေစုပြီး
တမ်းတခြင်းတွေထုတက်
အလွမ်းတွေရက်ဆက်
မရှည်စေလို
နွမ်းကြွေအမျက်ထွက်
မနေစေလို
ပန်းတွေထွက်သက်
ပြေစေလို
အနေမပိုလည်း
အဖြေလိုဆဲဝေဒနာ
နေ.....မငိုရဲပါ
ပိုသည်းရင်ကဝေဒနာ......

ရောင်စဉ်လေးညှို့ရယ်
အမုန်းမျှားအစင်းစင်း
ပစ်ခွင်းမယ်ဆိုယင်လည်း
နာကျင်စွာအပ်နှင်း
ကိုယ့်ဖြစ်ရပ်အရင်းနဲ့
နှလုံးသားကချစ်ခြင်း
ထုဆစ်ခြင်းတွေကို
ဆန်းစစ်ကာဆင်ခြင်
မှားနေယင်တောင်မှ
အပြစ်ရယ်လို့မယူစေချင်ပါ....

ရောင်စဉ်လေးညှို့သခင်
မှောင်နေတဲ့တစပြင်လို
မောင့်ရင်ကိုထွန်းလင်းလှည့်
ဘဝမှာတခဏတာ
တွယ်ငြိတပ်မက်နေချင်သေးတယ်
ပကာသနပဲဖြစ်ဖြစ်
မာန်မာနပဲဖြစဖြစ်
သဘောရှိပါကွယ်
ငယ်ဂုဏ်လေးနဲ့
စပယ်ရုံနဘေးမှာ
လွယ်ယုံလည်းမတွေးနဲ့ပေါ့ကွယ်....

ရောင်စဉ်လေးညှို့ ရယ်
ခဏတာဆိုတဲ့ဘဝမှာ
မကြာခဏအမှားမဖြစ်ပဲ
သဘာဝအဆင်းအဖြစ်
ချစ်နေယင်းနဲ့ပေါ့
ခဏတာသာတည်တံ့မယ့်
မင်းရဲ့အဖြစ်ကို
တွေးလို့ရင်လေး
မောင့်အတွေးစတွေ
ညတာရှည်..........။     ။