Saturday, May 9, 2009

ချစ်ခြင်းနဲ့မုန်းခြင်းကြားက ခြားနေတဲ့ခြင်ထောင်

ငါ့ကို
မမုန်းပါနဲ့
ချစ်ခြင်းနဲ့မုန်းခြင်း
အဲဒီနှစ်ခုကြားမှာ
ဇာခြင်ထောင်တစ်ချပ်ပဲ
ခြားတယ်ဆိုလား.........
အဲဒီတော့မင်းနဲ့ငါဟာ
ခြင်ထောင်အတွင်းနဲ့
အပြင်ဖက်ဆိုတဲ့
စည်းခြား....................

ငါ့ကို
မတမ်းတပါနဲ့
တကယ်တော့
ဘာမှမဟုတ်တဲ့ငါဟာ
မင်းအတွက်.....
တမ်းတဖို့မဟုတ်ပါ
တကယ်တော့
တမ်းတခြင်းရဲ့နောက်ကွယ်မှာ
အလွမ်းဆိုတာရှိတတ်
အဲဒီအလွမ်းရဲ့
နောက်မှာလည်း
ချစ်ခြင်းဟာဖြစ်တည်တတ်.......

ငါ့ကို
သတိမရပါနဲ့
တကယ်တော့ငါဟာ
ပရော်ဖက်ရှင်နယ်ပါ
အချစ်နဲ့အမုန်းကို
ကိုယ်တိုင်ဖန်တီး
ယူတတ်သူပါ.......

ငါ့အနား
မလာပါနဲ့
တစ်ကယ်တော့ငါဟာ
အန္တရာယ်ရှိ
မြွေဆိုးတစ်ကောင်ပါ
ချစ်ခြင်းမုန်းခြင်းနဲ့ပါတ်သက်ယင်
လိုရာဖန်ဆင်းရှင်ပါ.........

တစ်ခုတော့ရှိတယ်
အခုငါပြောတာ
နင့်အတွက်
BELIEVE IT OR NOT
ဖြစ်ချင်လည်းဖြစ်နေမှာနော့
မယုံလို့
လက်တွေ့တော့
မစမ်းသပ်လိုက်ပါနဲ့
လွမ်းရတာပင်ပန်းလွန်းတယ်..........။ ။

Monday, May 4, 2009

မောင့်အဖြစ်မောင့်အပြစ်သာရှိစေရယ်လို့

ဘလော့ရယ်ရေးချင်
တင်ချင်နေတာတွေများ
ခက်တယ်ရယ်ခုချိန်
မီးတွေရယ်ခါခါပျက်ကာလ
ကွန်နက်ရှင်ရယ်သူမလာ
မောင့်မှာလေအချိန်မအားရှာဘု
လွမ်းသူ့သက်လယ်
အမျက်ရယ်သိုထား
အွန်လိုင်းမှာတွေ့တောင်မှ
ခွန်းတုံပြန်ပြောဖို့
မျက်နှာလွှဲကာသူရှောင်တယ်
မောင့်အဖြစ်မှာလေ
ကြောင့်ကြ ရစ်ရတာကြောင့်
ဘလော့မှာပို့စ်မတက်သေးယင်ဖြင့်လေ
စီးပွားရေးသောင်းကျန်းနေတယ်လို့
မှတ်ထားကာ လေ
ခွင့်လွှတ်ပါဦး.........။ ။