Friday, March 20, 2009

ကြာခဲ့ပြီလေ

ကြာခဲ့ပြီလေ
ရက်ရှည်မက်ခဲ့
အိပ်မက်နိုးထ
တစ်ခဏလား
ထင်ယောင်မှားခဲ့.......

ကြာခဲ့လေပြီ
အမှတ်တရများစွာ
ရင်မှာသိမ်းထုပ်
ပျော်ရွှင်ဖွယ်မဟုတ်သော
လွမ်းဖွယ်သောကများ
ပြေရာပြေကြောင်း
မတောင်းပန်ဖြစ်ခဲ့
နှစ်ရက်လတွေ........

အတိတ်ဆိုသည်
ပစ္စုပ္ပန်ကို
တုနှိုင်းမယှဉ်သာ
ကမ္ဘာတစ်ခုစာ
ဝေးကွာခဲ့သော
အချိန်နေရာဟောင်းများ
တမ်းတမက်မောခြင်း
အလျဉ်းကင်းသော
နေ့ရက်များစွာ
သံသရာမှာကျင်လည်
ပျော်ရွှင်ဖွယ်အတိ
နေ့ရက်များ
ရောက်လာခဲ့သည့်အတွက်
သံသရာနဲ့ကံကြမ္မာကိုကျေးဇူးတင်
ဘဝမှာနေပျော်ပြီထင်
ချစ်သမီးရဲ့မျက်နှာလေးမြင်................။ ။