မန္တလေးကိုမရောက်ဖြစ်တာ
တော်တော်ကြာခဲ့ပေါ့
အတော်ပြောင်းလဲသွားတဲ့မြို့
မနေ့ကတွေ့လိုက်ရလို့
အတော်အံဩခဲ့........
တချိန်ကမိုးတွင်းမှာတောင်
မိုးရွာဖို့တော်တော်ခက်တဲ့မြို့ဟာ
မိုးကောင်းကောင်းရွာတာ
လမ်းပေါ်မှာရေလျှံခဲ့
ဆိုင်ကယ်အိတ်ဇော
မမြုပ်ယုံသာ.........
တစ်ခုဆိုးတာက
ဘီယာဆိုင်တွေပေါသလို
အဖြူဆိုင်တွေလည်းတိုးပွားလာခဲ့
ညအလင်းဆိုင်မှတ်လို့
ဝင်ထိုင်မိကာမှ
အဖြူဆိုင်မှန်းသိတော့
ပြန်လှည့်ခဲ့ရ.........
မရောက်ဖြစ်တဲ့
ဆယ့်ငါးနှစ်အတွင်း
အဲ့ဒီတုန်းက
ချီပိုးထိန်းကျောင်းခဲ့ဖူးတဲ့
မီးငယ်လေးတောင်မှ
အပျိုကြီးဖားဖားဖြစ်နေခဲ့ပေါ့
မန္တလေးဟာ
အဲ့ဒီမီးငယ်လေးနဲ့အတူ
အရွယ်ရောက်ခဲ့
ဒါမှမဟုတ်
ငါ့ရဲ့မီးငယ်လေးကပဲ
မန္တလေးနဲ့အတူ
အရွယ်ရောက်ခဲ့သလားပဲ
ဘူတာကြီးကတော့
ဆေးအသစ်ကို
သနပ်ခါးလူးထားသလိုလူးပြီး
သစ်ချင်ယောင်ဆောင်နေခဲ့တာ........
ဒါပေမယ့်....
ဟိုးအယင်တုန်းကလိုပဲ
စက်ဘီးတွေအစား
တရုတ်ဆိုင်ကယ်နဲ့
မြင်းလှည်းအစား
ဆိုင်ကယ်ကယ်ရီတွေလည်း
ပေါမှပေါ
လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က
မြိူ့ကျဉ်းလေးက
အရှေ့အနောက်
တောင်မြောက်ချဲ့ကားပြီး
အတော့ကိုကျယ်ဝန်းလာခဲ့
ဒါနဲ့..မျက်စေ့လည်နေတုန်း
မီးငယ်လေးကမေးတယ်
ဦးဦး အန်တီ မီးမီးရောတဲ့..လေ
ငါမှင်တက်မိနေခဲ့.........
ကဲ ငါဘာပြန်ဖြေရမလဲ
မန္တလေးကိုပဲမေးရမလား
မီးမီးကိုပဲမေးရမလား
တွေးရခက်နေတုန်းပဲ......
မကြုံဖူးတဲ့မန္တလေးရဲ့
ရာသီဥတုနဲ့ကြုံခဲ့ရပြီး
အိပ်မက်သလို
မျက်လုံးထဲပေါ်လာတဲ့
နန်းဆန်တဲ့ဤမြို့လေ......
--
ချစ်သူမောင်