Tuesday, August 9, 2016

မထင်မှတ်တဲ့ရင်က




မထင်မှတ်တဲ့အချိန်
ရင်ကိုစပ်စပ်
ထိမှန်တဲ့
အိပ်မက်တစ်ခု
မက်ခဲ့တယ်လား
စိတ်ထဲဘာမှ
မရှိပါပဲ
အပြာရောင်အိပ်မက်
နှိပ်စက်ခဲ့.......

ချစ်သောနှမငယ်
အသင်ဟာ
ရင်ခွင်မှာ
ခိုဝင်နေသူလား
ကျူးကျော်သူလား
အမှတ်တရများမရှိလဲ
မှတ်မိပါတယ်...........

မသင့်လျော်ခြင်းများ
စိတ်တွင်းအစဉ်
အချစ်ဟာ
ဘယ်လိုလားကွယ်......

မသိခြင်း၏သိခြင်း
တွယ်မက်တပ်ငြိခြင်း
ထိုထိုသဘောတရားအစုစုက
သမုဒယပွား
အယုအယများ
ဖြစ်စေသလားကွယ်........

ဘာဖြစ်မှန်းသိရက်နှင့်
ရင်ခုန်လှိုက်မောလျ
ဝေဒနာကျွမ်းလောင်
နွမ်းလျအောင်ပြုစား
ဆောင်းအိပ်မက်မဟုတ်ပါပဲ
ဂယောက်ဂယက်ဖြစ်
အနှောင့်အယှက်မဖြစ်ယင်
လှိုက်မောစွာပင်
ရင်ခုန်ချင်.........

တိတ်တိတ်တမ်းတ
နွမ်းလျတာ
ရင်မှာမသိပဲ
မချိတရိအတွေး
သူပဲလေလား
ဝိုးတဝါးထင်
စိတ်အစဉ်မှာကြောင့်ကြခြင်း.......



No comments: