အကြာကြီးမက်ခဲ့တဲ့
အိပ်မက်တွေ
နှစ်ပတ်လည်လို့ကောင်းနေတုန်း.......
အလွဲကြီးလွဲခဲ့ကြတဲ့
မဆုံစည်းခဲ့တဲ့
ရင်ဘတ်တွေ
အလွဲကြီးလွဲခဲ့တာတွေ
နှစ်ပတ်လည်လို့ကောင်းနေတုန်း......
အချစ်များစွာနဲ့
ဝေးသွားရစ်ခဲ့ကြတာ
အပြစ်မဲ့သံသရာမှာ
အဝေးကြီးဝေးတာတွေ
နှစ်ပတ်လည်လို့ကောင်းနေတုန်း.......
ချစ်ခဲ့တဲ့သက်သေ
ဖြစ်ပျက်ခဲ့တဲ့မျက်ရည်
ရင်ကအလွမ်းတွေ
ထွေးပွေ့ထားခြင်းဟာ
နှစ်ပတ်လည်လို့ကောင်းနေတုန်း........
ငိုချင်လျက်လက်တို့
အတွေးထဲကအချစ်
ဒဏ္ဍာရီဖြစ်အာင်
မျက်ရည်သက်သေ
အခက်ပွေရတက်ပွေရက်တွေ
နှစ်ပတ်လည်လို့ကောင်းနေတုန်း...........
အလွမ်းဟာတိတ်တဆိတ်
ရင်ခွင်ကိုထိုးဖောက်ဝင်
ဘယ်လိုဖြစ်ဖြစ်ဘယ်လိုနေရစ်ရစ်
ငွေရတုတောင်
ကျော်လာခဲ့ပေါ့..........
No comments:
Post a Comment