ခင်မလွမ်း တော့တဲ့အခါ
သတိမရ
မတမ်းတတော့တဲ့အခါ
အရာရာဟာအပြစ်ဖြစ်
ကဗျာတွေဟာအဆိပ်ဖြစ်
မြင်သမျှ အရာအားလုံးမှာ
ကောင်းကင်ပြိုကျ
တိမ်တွေမလှတော့
ရက်စက်ခြင်းအညှိုးတွေ
မဲမဲမြင်ရာ
ဒေါသသင့်ပြီ
အချစ်အမုန်း
အစွန်းနှစ်ဖက်မှာ
မောင်ဟာကဗျာမဟုတ်တော့ပါလေ.....
ချစ်ခြင်းတွေနဲ့တပ်မက်
နှောင်ဖွဲ့ခြင်းတွေနဲ့သံယောဇဉ်
တမင်တကာဖယ်ခွာတိမ်းလို့
သူစိမ်းမှတ်ရမလားကွယ်
သူမုန်းပြီလား
မူပြုံးရန်မဆိုထားနဲ့
လေသံလေးနည်းနည်း
ပြောင်းလဲသွားယင်တောင်မှ
မခံစားနိုင်သူပါ
တွယ်တာခြင်းရင်က
တပ်မက်မိတဲ့နှလုံးသား
အပြုံးနဲ့စကားမဆိုသာ
အရှုံးအတွက်နားခိုရာမရှိပါလေ......
အလွမ်းဆွေးတွေနဲ့
ကူရာကယ်ရာမဲ့လေပေါ့
သေလုအောင်ခံစား
နာကျင်တယ်ရင်ခွင်တွင်းမှာ
ပူပြင်းလှချည်ဆို
ငိုမလိုပြိုတဲ့
တောင်ဆီကညိုတဲ့မိုးရယ်
သည်းနှင့်ပါဦး............
လွမ်းလွန်းတဲ့အခါ
ကာရံပျောက်ရှ
စကားလုံးတွေ
ရှာမရတဲ့အဖြစ်
အလွမ်းသင့်တော့
ပန်းပွင့်လိုကြွေချင်ပြီ..........
No comments:
Post a Comment