အိမ်ရှေ့ကခရေပင်
တင့်တယ်အောင်စိုက်ကာထား
ရေတွေလောင်းပေါင်းတွေသင်
လက်ခုပ်တစ်ဖောင်မရောက်ခင်
မကြာခင်ပွင့်တော့မယ်လား.....
ခရေပန်းလေးမွှေးမွှေးကြူ
ရနံသင်းပျံလှိုင်လှိုင်သူ
ကြွေကျတာကိုမစောင့်အား
ဝါးလုံးဆစ်လို့ခူးမယ်တအား
ရပ်ကွက်နေသူလူအများ......
စိုက်ပျိုးသူမှာ
မုဒိတာ
ထားပြန်သော်လဲမရပါ
ပန်းကိုခူးကာ
အကိုင်းချိုးသွား
ကျနော့ခရေပင်လေး
ငုံးတိဗျား.......
အများသူငါအရိပ်ရအောင်
စွမ်းဆောင်ချင်လို့ပျိုးကာထောင်
အရိပ်နေလို့အခက်ချိုးသွား
ကျနော့လမ်းကပြည်သူများ........
No comments:
Post a Comment