Tuesday, May 31, 2016

ရင်ခွင်အတု အိပ်မက်အစစ်















ဘာပြောရမလဲကွယ်
ခဏခဏ
ပျက်ပြယ်တတ်တဲ့
အိပ်မက်တွေအကြောင်း
တဖွဲ့တနွဲ့ဆိုပြန်ယင်လည်း
လွန်တယ်ထင်မယ်......

တစ်ကယ်ကျတော့
အိပ်မက်တွေ
ခဏခဏပြယ်တာ
လက်တွေ့ဘဝမှာ
အကြောင်းတရား
တခုမဟုတ် တခုကိုရှိတယ်......

တိုက်ဆိုင်ခြင်းတွေများလာတော့
အဲတာဟာ
သာမာန်တိုက်ဆိုင်ခြင်းလား
တစုံတဦးက
ရည်ရွယ်ချက်နဲ့
လွင့်ပြယ်စေသလား
ထင်မှတ်မားဆဲတွေဝေ
မနေသာနေ့ရက်တွေမှာ
အဖြေရှာတွေ့ပေမယ့်
ဟုတ်လေနိုးနိုး
ထင်ယောင်မှား...........

မနေသာတဲ့နေ့ရက်တွေ
မဖြေသာတဲ့နေ့ရက်တွေ
ရင်ခွင်ကိုတိုက်စား
ခြွေယူပါများလာတော့
ရင်ကခပ်ပါးပါး
သောကဟာအလကားဆိုပြီး
နေသားတောင်ကျလာတယ်..........

မပျော်ချင်လဲနေတတ်
မရယ်မပြုံးတဲ့သက်ရှိအရုပ်ဟာ
အတ္တတောင်မဲ့ပြီလား
တွေဝေမှတ်မှား
တစ်ကယ်ဆို
ဘာမှ အမြဲမရှိတဲ့
လောကဓံဟာလည်း
ခပ် ပါးပါးပုတ်လို့
မရယ်တတ်တဲ့မျက်ဝန်းတစ်စုံရယ်
ပျော်စရာမဲ့ရင်ခွင်တခု
အတုများလား...........


No comments: