လွမ်းတယ်ချစ်ရယ်
နေမရအောင်
နှောင်တွယ်ကျွမ်းရစ်
သိပ်ချစ်သတဲ့
ရင်ကအပူ
ဘယ်သူသိ
ဘယ်သူမြင်
ရင်တခွင်ကျွမ်းလုလု.....
တမ်းတတယ်ချစ်
လွမ်းနှောင်ရစ်ပေါ့
စူးစူးနစ်ရင်ထဲ
နွေလယ်ပဲ ကျွမ်းလုအောင်
နေမြဲဝေဒနာလေ
တွေဝေဆဲခြေရာတွေ အထပ်ထပ်
နေမတတ်ပါပြီ..........
နွမ်းလို့သာမှိုင်လျော့
နှစ်ကိုယ်တူယှဉ်
လျှောက်ခဲ့ဖူးလမ်း
သတိရနေ
တမ်းတထွေကာ
ဝေဒနာဖြစ်
နှလုံးသားမှာ
မျက်ရည်မြစ်လေ
နှောင်နှောင်တွယ်တွယ်
တမ်းတမ်းတ.......
ဘင်္ဂလားပင်လယ်အော်
ကပ္ပလီပင်လယ်ကွေ့
မေတွေ့သလား
အလွမ်းခြေရာ
မဖြေသာပြီ
လှိုင်းနှင့်အတူ
သခင်ရှိရာကမ်းစပ်
ဘယ်နားကသဲသောင်
ဘယ်နားကကျောက်ဆောင်
မခွဲခြားပါ
သခင်နေရာအရပ်
တမင်ဖွေရှာကာ ဆက်စပ်လို့
လွမ်းနှင့်လေဦးမည်....... ။
No comments:
Post a Comment