ခုအသက်ရွယ်မှ
ဆယ့်ရှစ်နှစ်သားလို
ချစ်နေရတာ
ပင်ပန်းလွန်းတယ်
စိတ်ဝယ်သိရှိ
မြင်သော်လည်း
ချစ်နေတဲ့စိတ်
တိတ်တဆိတ်နေမရ
ခက်သည်ကလေ
လွမ်းသည်ကို.......
ခုရွယ်ကျမှ
မေတ္တာဖြန်းပြီး
လန်းဆန်းရမှာ
အေးမြရမှာ
ပူလောင်နေတဲ့
ချစ်ခြင်းလည်း
မဖြစ်လိုပါ
ချစ်ခြင်းတွယ်တာ
မြတ်နိုးခြင်းတွေဟာ
အစဉ်တစိုက်
ရင်မှာလှိုက်ပြီး
ဖြစ်တည်ဖြစ်မြဲ
ဖြစ်မြဲဓမ္မတာလေ
မကွေကွင်းဘူး
ဆိုလျင်တောင်မှ
ခနတာ ခွဲခွာ
မတွေ့ကြရတဲ့အချိန်မှာ
သေလုအောင်လွမ်းတဲ့
အချစ်မျိုးဟာ
စန္ဒကိန္နရီဇတ်ထက်
မလျော့တာပဲ
သူသိစေချင်.........
ချစ်ခြင်းငယ်ပြိုင်
သံသာလေကမ်းတိုင်
တူယှဉ်ဖက်ကူး
တူကြင်လျက်မြူးချင်တာပေါ့
ခနတာဝေးလို့
ရက်ခုနစ်ရာ
မငိုချင်ပါလေ
ခုတော့ဒီသဘော
ကိန္နရီမောင်နှံကို
အပြစ်မဆိုသာ
အချစ်ရေ...
ဖော်လှစ်ကာပြချင်တဲ့
မောင့်အချစ်ကို
မောင့်ရင်ထဲကို
မောင့်နှလုံးသားကို
နှောင်တွယ်စွာချည်တုပ်
ဖြည်ထုတ်မရတဲ့ကြိုး
ဘဝမှာလေတိုးကြုံ
အထပ်ထပ်ဖွဲ့လို့ရစ်တွယ်
အချစ်ရယ်......
သြော်....
လွမ်းလိုက်တာကွယ်......
No comments:
Post a Comment