မိုးရိပ်ကညို
စိုးစိတ်ပိုခဲ့
သည်းသည်းညံညံ
ရွာဟန်ရှည်လှ
သည်ညတွေလေ
အတွေးမဆုံး......
ဆုံးစမထင်
မျက်နှာရှစ်ခွင်
တိမ်ဆင်ရာမိုး
စိတ်မှာစိုးထင့်
ညို့ညို့ညိုကာ
ရွာလေရွှေမိုး
သည်းသည်းလှိုက်ကာ
ချမ်းစိမ့်တုန်........
ဖြောက်ဖြောက်မြည်ဟီး
ရွာလေပြီးသော်
တန်တန်မစဲ
ဘယ်အငြိုးနဲ့
ရွာလေလဲလေ
လျှပ်နွယ်ဝင်းဝင်း
သူခင်းကျင်းကာ
ငြိုးမာန်ပိုမှာ
အကျွန်တွေးကြောက်
စိုးစိတ်နှောက်သည်......
ဖောက်ပြန်မြည်ဟီး
တေးသွားညည်းသံ
ဖော်ဝေးသံလား
ထင်ယောင်မှားသည်
အတွေးဆိုးတွေ
ညနက်ထဲက
သံသရာမှာ
တဝဲလည်လည်........
6 comments:
မိုးရာသီကို ပီပြင်စေတဲ့ ကဗျာကောင်းလေး အားပေးသွားတယ် ချစ်သူမောင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိုးရိပ်ညိုညို
စိုးစိတ်ပိုပြီး
ကဗျာလေးလာရောက်ခံစားနေမိတယ်
မိုးကဗျာလေး လာရောက်ခံစားအားပေးသွားပါတယ်နော်
အကို့ကဗျာလေးတွေ အထက်မှာ
ကျွန်တော့်ခံစားချက်တွေလည်း ထင်ဟပ်နေစဲပေါ့ အကို
ညအိုအိုတွေမှာ အတွေးပိုမိခဲ့တာတွေလည်း များနေပါပြီ။
မိုးရာသီကို ပုံဖော်သွားတာ လှတယ် အစ်ကိုရေ...
တီတင့် ၊စံပယ်ချို ၊ မိုးနတ်ကြယ်စင် ၊ညီလေးမင်းဧရာ ၊
ညီမလေးကန်ဒီခင်တို့အားလုံးကျေးဇူးတင်ပါတယ်
ခင်မင်လေးစားလျှက်
ချစ်သူမောင်
Post a Comment