သခင်
ရင်ထဲမှာ
နင်အမြဲရှိတယ်
အစဉ်ပဲလေ
ထာဝရချုပ်နှောင်
သံယောဇဉ်နွယ်မျှင်က
တင်းတရစ်ရစ်
တိုးတိုးဖြစ်ကျန်
ရင်မှာဖော်ဝေး
ကွာဝေးခဲ့ကြ
ငါတို့ဘ၀တွေ.....
အမှတ်တမဲ့
အမှတ်တရ
ဘာပဲဖြစ်နေနေပေါ့
တွယ်တာနှောင်ရစ်
သိပ်ချစ်ခဲ့ကြတာလား
တစ်ဖက်သတ်ဖြစ်
ငါပဲချစ်ခဲ့သလား
အမှတ်မှားတွေ
မတွေးချင်
မတွေးလို
သို့ပေမယ့်
အတွေးပိုခဲ့.......
ချစ်ခဲ့မိသည်
နှစ်ပေါင်းရှည်ကြာ
ကြာကြာလာလျှင်
ဘာမှမဖြစ်သလို
နေတတ်ပြီထင်
တစ်ကယ်ဆိုယင်
မနေတတ်သေးပါ
ဝန်ခံရလျှင်
မြတ်နိုးနေဆဲ
ချစ်နေဆဲမို့
ချစ်တဲ့လက်များ
မကမ်းသာသည်
အလွမ်းဆီမှာ
တ၀ဲလည်လည်........
ပျော်နေချင်သည်
လိုချင်တာမရခဲ့သည့်အဖြစ်
တမ်းတယင်း
တွေဝေနေရတဲ့အဖြစ်လေ
သခင်.....နင်သိပါစေ.......။ ။
1 comment:
သခင်..
ရင်ထဲမှာ
နင်အမြဲရှိတယ်...
အစဉ်ပဲလေ....
ထာဝရချုပ်နှောင်...
စကားလုံးလေးတွေက နူးညံ့လိုက်တာ...
နူးညံ့တဲ့ အချစ်ကဗျာလေး ခံစားအားပေးသွားတယ်နော်
ဆက်လက်ထုဆစ်နိုင်ပါစေ...
ခင်တဲ့ ..မိုးနတ်
Post a Comment