အိပ်ယာက
စောစောနိုးတဲ့မနက်ခင်း
နေ့တိုင်းနေ့စဉ်ပါပဲ
အသက်မရှိသလို
ခက်ချည့်နေတယ်
လွမ်းတယ်ဆို
အသာယာမဟုတ်
ရင်ထဲစူးနစ်
တမ်းတမ်းတတဖြစ်အောင်
သခင်ပြုစား.......
အပြင်ထွက်လည်း
လစ်ဟာနေ....
သခင့်အိမ်နား
အရောက်သွားယင်း
မျက်နှာမွန်ဦး
တွေ့မြင်ချင်လည်း
သခင်အဝေးသွား
အလွမ်းထဲတဝဲလည်လည်
သောင်ပြင်လွှတ်တဲ့
ငှက်ပမာကွယ်..........
ယောင်ချာချာဖြစ်
အလွမ်းတွေနဲ့စူးနစ်ရစ်ဖွဲ့
မပြောပြသာ
ရင်မှာဟာနေ
တမ်းတခြင်းတွေပိုကဲ
အလွမ်းထဲမှာ
မောင်ဟာ....
တစ်ယောက်တည်း
အထီးကျန်ဆန်.။ ။
No comments:
Post a Comment