ဘာပြောပြော
ဒီနေ့မနက်...နှင်းတွေကျတယ်
မြူလားနှင်းလား
မသဲကွဲပေမယ့်
ပတ်ဝန်းကျင်ကိုလည်းမသဲကွဲ
ရင်ထဲမှာတော့
အလွမ်းလား
အဆွေးလားလည်း
မသဲကွဲ.....
ချစ်ရတဲ့သခင်
အဝေးသွားတော့
အလွမ်းပိုကဲ
နှင်းသည်းသည်းမှာ
ရွာသာတည်ထား
နေ့ရက်တွေကကြာ
တစ်ရက်ဟာ
တစ်ကမ္ဘာထင်မိတဲ့နေ့
ဘယ်နေ့ရှိမလဲ.......
လွမ်းတယ်ကွယ်လို့
ဖွင့်ဟဆိုရမလား
တမ်းတတယ်လို့ပဲ
နှုတ်မြွက်ခြွေရမလား
စကားတွေဆွံ့အ
ရင်မှာလောင်ကျွမ်း
လွမ်းစရာနေ့တစ်ရက်ပါလေ.......
ပူလောင်ခြင်းတွေ
သောကပွေသည်
တမ်းတရတဲ့
နေ့စွဲများ.......
No comments:
Post a Comment