Tuesday, April 24, 2018

အလွမ်းညတွေအလွန်

ပြန်လာမယ်တဲ့
ကြားတဲ့စကား
နားမှာမယုံ
ထင်ယောင်မှားသို့
အလွမ်းတွေနဲ့
တွေဝေနေတဲ့
နေ့ညတွေမှာ
ချစ်သူ့ထံပါး
ချွေလာမှာတမ်း
အရမ်းလွမ်းသည်
သည်လိုစကား
ခင်ကြားဖူးလိမ့်
မောင်မြင်တွေ့ဖူး
အလွမ်းဆိုသည်
ပျော်စရာမဟုတ်ကြောင်း.....

ချစ်တဲ့အကြောင်း
ပြောလို့မှမကုန်
လွမ်းတဲ့အကြောင်း
ပြောမိအစုံစုံ
စိတ်အာရုံမှာ
ဂယောင်ခြောက်ခြား
အမှောင်ရယ်လို့တောင်
မမှားတော့တဲ့အဖြစ်
ပြောစရာစကားစတွေလည်းကုန်လို့
သုံးစရာစကားလုံး
မရှိတော့တဲ့အဖြစ်အထိ
ကျွမ်းလောင်ကာလွမ်းအောင်ပြုခဲ့
ခွဲခွာခြင်းဝေဒနာဟာ
အသေချာပြုစားလို့
ထိုင်နေယင်တောင်မှ
ဘာဖြစ်နေမှန်းမသိတဲ့အထိ
အလွမ်းကြားနစ်...နစ်နေခဲ့
နေယင်းထိုင်ယင်း
အာရုံမရတဲ့အဖြစ်ထိ
လွမ်းသည်ကို............

ပျော်လိုက်တာကွယ်
ကြိုတင်ပျော်ရင်း
မြူးတူးရွှင်ပျ
(အလွမ်းညတွေအလွန်လို့တောင်မှ)
စာဖွဲ့ယင်
သာဓကရယ်ထင်မယ်ကွယ်
မြူးတူးရွှင်ပျော်
ငယ်စဉ်က ကလေးအလား
သဏ္ဍန်ရုပ်မှာ
ဟန်လုပ်မဖြစ်
ကြည်နူးပျော်မြူး
ငိုချင်ချင်ဆိုတဲ့ရင်ခွင်
ချက်ခြင်းကြည်လင်
ချစ်သူ့အသံကို
နားနဲ့ဆတ်ဆတ်
ကြားရတဲ့မှာတမ်း
အလွမ်းကြားမှာ
မပျော်ရတဲ့အတွက်
အနမ်းများစွာနဲ့
တမ်းတခြင်းတွေဖြေသိမ့်
မောင့်ရင်ခွင်မှာ
မှေးမှိတ်လှည့်တော့
တမ်းတခြင်းတွေ
ဟိုအဝေးဆီသွား
နေ့နေ့ညည
အိပ်မရတဲ့အဖြစ်တွေ
ကုန်ဆုံးလွန်မြောက်လို့
ပျော်စရာကမ္ဘာအသစ်
တည်ဖြစ်လိမ့်မယ်..........

No comments: