Tuesday, May 5, 2015

တိမ်တွေညိုပြိုတော့မယ့်အရပ်ဆီ


နွေနှောင်းရာသီ
အပူဒါဏ်မခံစားနိုင်တော့
မှိုင်းလို့မှုန်ဝေ
မိုးရာသီကို
တမ်းတမ်းတ....

ရွာမယ့်ဟန်ပြင်လဲလေပေါ့
အပူမစဲနိုင်ဘူး
ဆူဆဲ လေပူထဲမှာလ
မှိုင်းလို့သာမှုန်ဝေ
ဟန်ရေးအခါခါကြွယ်လေပေါ့
မိုရေမှုန်ကျ
ဝဿန်လကို
မျှော်မှန်းတမ်းတ
မိလေသော...........

ပူချက်ကယ်ကမ်းကုန်
ငရဲပြည်ရောက်လုလုမှတ်တယ်
ရွာမယ့်ဟန်ပြင်တော့
တိမ်တွေညိုကာလေ
ပြိုတော့မယ့်အရပ်ဆီ
အပြေးသော့နှင်
ရွာဟန်ပြင်သူ
မိုးမင်းသမီး
လာမယ့်အရပ်ဆီ
အကြိုထောက်
အရောက်လာကာ
တမ်းတ တတ
မျှော်မိလေကြောင်း............

တိမ်ပလီနွေနှောင်း
ဝဿန်ကူးလု
ဥတုသည်လေ
အပူခိုးဝေ
နွေနေ့တွေမတွေ့ချင်တော့
ရာသီအပြောင်း
မျှော်မိလေကြောင်း
နှုတ်ဖျားမှပင်
ဖွင့်ဟကာလျှင်
တမ်းငြီးမိ..........


No comments: