အေးစက်လွန်းလှတဲ့
ရိုးမရဲ့ဆောင်းကို
ခံစား ယင်း
အမှတ်တရ
အတွေးတွေ
ရင်ကိုရိုက်ခတ်
ပညတ်နဲ့ပရမတ္တသဘော
စောကြောကာနေယင်း
တချိန်က
ညီမလေး နဲ့
ချစ်ကြင်ခဲ့စဉ်ကဆောင်းရဲ့
အ ငွေ့သက်တို့
ရင်ခွင်မှာခိုဝင်လာခဲ့
မမေ့ သေး ဘူး
ညီမ လေး ရေ
ညည်းကိုလွမ်းလို့
ပင့်သက် ဝေ
တမ်းတတာထက်
လွမ်းတယ်ပဲဆို
ညီမလေးနဲ့
မနီးခင်က
အထီးကျန်တဲ့
ဆောင်းရဲ့အ တွေး
အလွမ်းတွေနဲ့
ဟိုအဝေးမှာ
တပြည်တရွာ
ဖော်ကွာဝေးညည်းချင်းဆိုသည်လား
မပျော်ပါအတွေး တွေးယင်းငိုသည်လား
အတွေးမှာချာလည်
ခုတော့ညီမ
ဘယ်ဘဝများ
ရောက်သည်လည်း
လေလွင့်လိပ်ပြာ
တမ်းချင်းငိုယင်းဆိုသည်
ရင်မှာပူကြွ
သောကထုစိုင်
ငေးယင်းငိုင်ယင်း
အလွမ်းရွာတည်။
Friday, April 24, 2015
ညီမလေးအလွမ်း
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
2 comments:
ညီမလေးက ရှမ်းပြည်ကပါရှင့်။
အနော့ညီမလေးက nnt@tamalon.com မှာပါခင်ဗျ
Post a Comment