အို...အချစ်ရယ်
တနေ့တည
စက္ကန့်မျှပင်
မတွေ့ရလျှင်
ရင်သည်ပိုကဲ
သည်းသည်းကျင်ကျင်
လွမ်းချင်ချင်ပါ
မြင်လျှင်တွေ့လျှင်
မတို့ထိရက်
အနားမှာရှိ
မြင်သိယုံမျှ
ကျေနပ်နေတတ်
နေသူပါ.......
မြင်တွေ့ ထိတွေ့
အသံကြားယုံ
ဖုန်းဆက်ယုံပင်
ရင်မှာနေခက်
နေ့ရက်တွေ
ကာလရှည်လျှား
နှစ်များကြာသော်
စိုင်ခဲဖွဲ့ခွေ
ငိုင်မြဲရက်တွေမှာ
တမြည့်မြည့်........
နှောင်းတမြည့်
လမ်းတကွေ့မှာ
တွေ့ဆုံကြုံကွဲ
သံသရာထဲမှာ
အလွမ်းတွေဆိုတာ
တည်မှီရာဖြစ်
ချစ်နေယုံနဲ့
နေတတ်ခဲ့သည်
ကာလတွေလည်း
ရှည်ခဲ့ပြီ.........
အော် သည်းရယ်
ခွဲမယ်ကြံသလား
အလွမ်းနေ့စွဲများဟာ
တွဲဆက်လို့မကုန်
ခွဲရက်လို့တဖုံနှိပ်စက်
ရင်ကအပူတွေ
မမြင်သိစေချင်ပါ
ဝေဒနာလေ
လောင်မြိုက်ကျွမ်း.....
မတွေးချင်
မေ့လို့ပင်ထားခဲ့
နှစ်ကိုယ်ယှဉ်တွဲ
ရှိခဲ့ရက်တွေ
အချိန်တွေရယ်
ကုန်လွယ်လွန်း.......
မခွဲချင်ပါ
ဝေးမှာကိုလည်း
မလိုချင်ပါ
နွမ်းလျတဲ့
နေ့ရက်တွေ
တမ်းတရမယ့်
ညညတွေ
ဆယ်နွေလိုပူပြင်း
ရင်တွင်းမှာ
အလွမ်းသစ်ပင်....။ ။
2 comments:
အလွမ်းတောထဲက ချစ်သူမောင်တစ်ယောက်
ပူလောင်လွမ်းဆွေး အတွေးရိပ်မှ
အမြန်ဆုံး ရုန်းထွက်နိုင်ပါစေလို့-
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီကဗျာလေးကိုလဲအရမ်းကြိုက်တယ်
Post a Comment