Saturday, April 14, 2012

ယဉ်ကျေးမှုတော်လှန်ရေး နှင့် မဟာသင်္ကြန်

















ပ်ထြပီးပြောချင်ပါတယ် သြင်္ကန်ကာလမို့ဥပုသ်လည်းစောင့်မနေနိုင်ပါဘူး ဒီနှစ်သြင်္ကန်အလွန်ပဲစည်ကားလှပါတယ်။ထို့အတွက်လည်းမြန်မာပြည်သူတစ်ရပ်လုံးဝမ်းသာရွှင်မြူးနေတဲ့
အတွက်လည်းမုဒိတာပွား
ပြီးပီတိတွေနဲ့ပျော်စရာကြီးပေါ့ဗျာ။ သို့ပေမယ့်လည်း မမြင်မတွေ့ချင်တာတွေတွေ့နေရတဲ့
အတွက်လည်းခွေးရေပုရပိုဒ်နဲ့ပဲမှတ်မှတ် အိုင်ပက်(ဒ)နဲ့ပဲမှတ်မှတ် သိကြားမင်းကြီးရေ
ကန်တော့ဗျာ ကျွန်တော်စပြီးပြောတော့မှာဖြစ်ပါတယ်။မြန်မာယဉ်ကျေးမှုဆိုတာ
ဟီရိသြတပ္ပ ဆိုတဲ့ရှက်ခြင်းကြောက်ခြင်း တရားကိုလက်ကိုင်ထားပါတယ်ဗျာ.......
ခုတော့ ကျွန်တော်လည်းမျက်စေ့ မမှား မဏ္ဍပ်တိုင်းမှာCCTVကင်မရာတွေမှာ
အထင်းသားမမြင်ချင်မတွေ့ချင် အဆုံးအရှက်မရှိသောပုံတွေသာဖြစ်ပါတယ်
သတိထားကြပါ မဏ္ဍပ်တွေမှာCCTV ကင်မရာအကုန်လုံးတပ်ထားပါတယ်
မသင့်မတော်ပုံတွေ ပါလာယင်ခက်ရချည်ရဲ့လို့မတွေးမိကြပေဘူးလားမသိပါ။အယင်က
အရှက်နဲ့အသက်လဲခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ မော်ကွန်းကို မှင်အနက်လောင်းကြတော့မှာလားမသိ။အတွင်းခံတောင်မပါပဲတီရှပ်ရေစိုတော့ဘာတွေဖြစ်ကုန်မလဲ ဒီနေ့မှအကျနေ့ပဲရှိသေးတာဗျာနော်......မိဘတွေကတော့ကလေးတွေကစားပါစေဆိုပြီး
လွှတ် ၊ကလေးတွေကတော့မဏ္ဍပ်ရောက်တော့သောက်ချင်တိုင်းသောက် ဖြစ်ချင်တိုင်း
ဖြစ်နေပုံတွေများမမြင်ချင်အဆုံးပါဗျာ။မြန်မာအမျိုးသမီးတွေ မလုံ့တလုံဝတ်ထားတယ်
အရက်၊ဘီယာလည်းသောက်ထားတယ်ဆိုယင် ဖြစ်လာမယ့်အကျိုးဆက်တွေအများ
ကြီးဖြစ်သွားနိုင်ပါတယ်။ခက်တာက ယဉ်ကျေးမှုတော်လှန်ရေးလို့ပဲပြောရမလား ကိုရီးယား
ယဉ်ကျေးမှု ၊နိုင်ငံတကာယဉ်ကျေးမှုတွေစီးမျောဝင်လာတဲ့အခါသမယမှာ ထင်တိုင်းဝတ်စားနေဖို့မကောင်းပါဘူး ။ အမြင်တင့်တယ်အောင်လည်းနေတတ်ထိုင်တတ်
ကြပါစေဗျာ။တချို့ကပေါင်ပေါ်မှလှတယ်ထင်တတ်ကြတယ် ၊ခြေသလုံးကဝဲခြောက်အမာရွတ်တွေကရွံစရာ၊တချို့ကတော့ ရင်သားဖေါ်မှလှတယ်ထင်ကြတယ်ဝတ်ထားတာကြိုးပျောက် အတွင်းက ဗလာ အဲတာတွေပဲ ပြောပြန်ယင်တရားဟောနေတယ်ထင်ကြမယ်....တကယ်လှဖို့အတွက် SEXY ဖြစ်စရာမလိုဘူးလို့ထင်ပါတယ် ။ SEXY ဖြစ်မှလှမယ်ဆိုယင်လှယဉ်ကျေးမယ်တွေ
မြောင်းထဲပစ်ထည့်ယုံရှိတော့တာပေါ့။ တစ်ကယ့်အလှစစ်ဆိုတာမိမိဝမ်းထဲမှာသာတည်ပါတယ်စိတ်ထားလှယင်ရုပ်ကအလိုလို
သိမ်မွေ့ပါတယ်။“ဟယ်ချစ်စရာလေး” ဆိုတဲ့အာမေဋိတ်စကားလုံး သူ့အလိုလိုထွက်လာ
တာမဟုတ်ပါဘူး အံ့သြဝမ်းသာလို့ ရုတ်တရက်ထွက်လာတဲ့စကားလုံးမျိုးပါ။အဲဒီ
စကားလုံးမျိုးတွေထဲမှာ SEXY စိတ်မပါပါဘူး ။တွေးကြည့်ကြပါ။ခက်နေတာခုခေတ်မိန်း
ကလေးအများစု ဘီယာအရက်သောက်နေကြတဲ့ကိစ္စကအစပေါ့ ဒီမိုကရေစီရပြီ ငါတို့
လုပ်ချင်ရာလုပ်လို့ရပြီဆိုပြီး ထင်ရာလုပ်နေကြသူတွေကိုလည်းပြောချင်ပါတယ်ဗျာ
အနာဂါတ်ရေးတွေးပြီးရင်လေးနေမိပါတယ်။
ချိတ်လုံချည် ၊ရင်ဖုံးအင်္ကျ ီဝတ်မှမဟုတ်ပါဘူးဗျာလုံလုံခြုံခြုံပေါ့ ဂျင်းဘောင်းဘီအရှည်
ဝတ်ပြီးတီရှပ်ကိုသေချာဝတ်တတ်ယင်လည်းအဆင်ပြေပါတယ်။ဖီလာဆန့်ကျင်တဲ့စကတ်အတို...
တိုသည်ထက်တို ရှေ့ကပစ္စည်းတစ်ခုကျလို့ငုံ့ကောက်
ယင်နောက်ကနေအတွင်းခံဘောင်းဘီဘာအရောင်ဆိုတာမြင်ရတာမျိုး ၊နောက်ဘောင်းဘီအရှည်ဝတ်လည်းအတွင်းခံရဲ့ ရှုံ့ကြိုးအနားစပေါ်နေတာမျိုးတွေမဝတ်
စေချင်တာပါ။လိင်စိတ်ထကြွစေမယ့်အဝတ်မျိုးတွေမဝတ်ကြစေချင်ပါကမ္ဘာပေါ်မှာ
ယောက်ကျားများသာရှိပါတယ် ယောက်ယုန် တို့ယောက် သမင်တို့မရှိဘူးဆိုတာသိထား
ကြစေချင်ပါတယ် ။ ယောက်ကျားဆိုမှတော့ နှာဘူး ဂန်ဒူးနဲ့ ....ပဲရှိပါတယ်။ဂန်ဒူးကို
မကြောက်ချင်နေပါ အရက်မူးနေတဲ့ ကိုယ်ကျင့်သိက္ခာကိုမငဲ့ကွက်တတ်တဲ့ နှာဘူးတွေ
ကိုသတိထားကြပါ။စေတနာနဲ့သတိပေးမိတာဝေဒနာဖြစ်သွားယင်ခွင့်လွှတ်စေချင်ပါတယ်ဗျာ။ဥပုသ်မစောင့်
နိုင်တဲ့ အန်တီတို့ ကြီးတော်တို့လည်း ဘီယာလေးတမြမြ မလုပ်ကြစေချင်ပါဘူး။ယဉ်ကျေး
မှုအရပါ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတားမြစ်တယ်လို့မထင်စေချင်ပါ ။မြင်လို့ရေးမိတာပါ ။
ကျွန်တော်ရေးမိတဲ့အတွက်ပရိုက်ဗေစီထိပါးတယ်လို့ပြောယင်လည်း သဘောပါဗျာ.......။

ဓါတ်ပုံတွေကတော့ Google မှ ရှာတွေ့ပါတယ် သို့သော် ရွှေဒါလင်ကွန်းမှ ဓါတ်ပုံပိုင်ရှင်(ရိုက်ကူးသူ)ကိုစိုးဇေယျထွန်းကိုခရက်ဒစ်ပေးပါတယ်ယူသုံးခွင့်ပြုရန်လည်း
အနူးညွတ်တောင်းဆိုပါတယ်


4 comments:

mstint said...

ရေးသင့်တာလေးတွေရေးသွားတော့
ဖတ်သင့်တဲ့သူတွေလည်းဖတ်သင့်တယ်
မောင်ချစ်သူမောင်ရေ။ တစ်လွဲဆံပင်ကောင်းနေကြတဲ့
သူတွေအတွက်နှုတ်တစ်ရာစာတစ်လုံးပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်သူမောင် said...

ကျေးဇူးပါခင်ဗျာ
အပြောမတတ်တော့ဆဲသလိုဖြစ်မှာစိုးရိမ်မိပါတယ်

နွေတေးရှင် (မင်းဧရာ) said...

ditအစ်ကိုကြီးရာ...
သူရို့ဟာကလည်း လွန်ကို လွန်လွန်းပါတယ်
တိုင်းတပါးသား အတုကိုယူချင်သပဆိုရင် အသိပညာအတတ်ပညာတွေယူပါတော့လား
အခုအဲလိုမဟုတ်ဘူးဗျ အင်းးးး စိတ်ထဲရှိတဲ့အတိုင်းသာပြောရရင် မကောင်းရှိရော့မယ်ဗျာ အဲလောက်မှ ဖေါ်ချင်သပဆိုလည်း ဘာမှကိုဝတ်မနေကြပါနဲ့ဗျာ။

ဟန်ကြည် said...

ကရင်ပြည်နယ်မှာတော့ အဲဒီလောက်ဆိုးတာတွေ သိပ်မတွေ့ခဲ့ရဘူး...ကိုယ်ပဲ သိပ်မနှံ့ခဲ့လို့လားတော့ မသိဘူးဗျို့...နှစ်တန်းအရွယ်ကလေးစုံတွဲလေးတွေ စင်ပေါ်တက်ပြီး ဖင်ယမ်းကနေတာတော့ တွေ့ခဲ့သဗျ...

မြို့ကြီးတွေမှာ ပိုပျက်စီးမယ်ထင်တာပဲလေ...နယ်က ကလေးတွေကလည်း မြို့ကြီးတွေသွားပြီး ဖော်ပြကြော်ငြာကြတာကိုး...