အတွေးဝေဒနာတွေ
ရင်မှာထင်ရှား
နင်လားကွယ်
ခွဲခဲ့တဲ့ အဖြစ်
ယူကြုံးမရခဲ့တဲ့
ငါ့အဖြစ်လေ....
ရင်ကချစ်ခြင်းတွေ
နှောင်ဖွဲ့ရင်းနဲ့
ရုန်းမဖယ်သာ
ရင်မှာသိုသိပ်
ခပ်မဆိတ်ခံစား
စိတ်မနောအစဉ်မှာ
မချိတရိပါ
သောကနဲ့ငိုပွဲဖွဲ့
နေ့တွေရက်တွေ
မြင်သိမှတ်မိမှား......
အလွမ်းထဲမှာ
မနေသာမနေရဲ
ဖြေဆည်ခြင်းမဲ့
နေခဲ့တဲ့ရင်ခွင်
အစဉ်....
ကွဲကြေပြုန်း
နင်လဲလေ
အမြဲသေဆုံးပြီလို့
မှတ်လို့မရခဲ့ပေမယ့်
ခုတော့သိပြီ
နင်သည်မရှိတော့......
ခွဲသွားတော့မယ်ဆိုလဲ
ကြိုပြောခဲ့ပါလားလေ
ငါအမှတ်မမှားအောင်လို့
ရုတ်တရက် အမှတ်တမဲ့
ခွဲသွားတဲ့အခါ
နေမထိထိုင်မသာဖြစ်ခဲ့တဲ့
ငါ့ရင်ခွင်က
ပျက်အိုနေတဲ့ဇရပ်လား......။ ။
2 comments:
နှုတ်ဆက်တဲ့စကားဆိုတာ ပြောသမျှ နားထောင်ရသမျှ စကားတွေထဲကမလိုလားဆုံးစကားပေါ့...ဝေးကာမှဝေးရော..သူကလည်း ဘယ်ပြောချင်ပါ့မလဲအကိုရာ..
ခင်တဲ့
ဝသုန်
အင်းဟုတ်မှာပါညီမရယ်
ကိုယ်ကနှုတ်ဆက်ခိုင်းတာမဟုတ်ပါဘူး
ဘယ်တော့မှလည်းနှုတ်မဆက်စေချင်ဘူး
မသိလိုက်တာကိုလည်းရင်နာတယ်
ခုချိန်ထိတခါတခါရှိနေသေးသယောင်လေ....
ထာဝရလို့တွေးထားခဲ့တာ
ခုတော့ရူးပေါ့ကွယ်
Post a Comment