အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
ခေါင်းရင်းမှာချိတ်ထားတဲ့တိုင်ကပ်နာရီကြီးကိုမော့ကြည့်တာ
နောက်ပြီး(သည်းပွတ်)ရေလို့အော်ခေါ်တာ
သူကထူးတယ်ရှင်ဆိုပြီးအိပ်ယာပေါ်ကိုပြေးတက်လာတာပေါ့
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
ဘာပဲဖြစ်ဖြစ်ပေါ့ စားပါတယ်
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
လက်ရှိစားဖြစ်နေတာကကော်ဖီနဲ့ပေါင်မုန့်
(အချစ်ရယ်ဝိုင်ရယ်ပေါင်မုန့်ရယ်)ရှယ်လီကိုအားကျလို့မဟုတ်ပါ
နေ့လည်စာလွတ်တတ်လို့မနက်စာအ၀စားတာပါ
နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
အိမ်မှာပါသို့သော်ငြားလည်း မစားဖြစ်တာကများပါတယ်
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
အဲလိုတော့မရှိပါဘူးဗျာ အဆင်ပြေတာနဲ့ပဲစားတတ်ပါတယ်
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
ဆိုင်ထိုင်ဖြစ်ယင်တော့နှစ်ခွက်မကပါ
မထိုင်ဖြစ်တော့လည်းမသောက်ဖြစ်တော့ပါဘူး
ညနေစာကိုဘယ်မှာစားတတ်ပါလဲ
အိမ်မှာစားဖြစ်တာများပါတယ်၊စားတဲ့အချိန်ကညရှစ်နာရီလောက်ဆိုတော့
ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
မနက်ဖြန် ဘာဆက်လုပ်ရမလဲပေါ့
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
ဘာမှခံစားမနေပါဘူးပြီးပြီပေါ့တစ်ရက်
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
သည်းပွတ်ရေလို့လှမ်းခေါ်တာပါ
ဒုတိယလုပ်မိတာလေး..
သည်းပွတ်လေးကိုချီမယ်နမ်းမယ်
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
သောက်တတ်ပါတယ်တ၀သောက်တာမတ်ခွက်နဲ့ကိုဖျော်ပြီး
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
ပုတီးစိပ် ပြီးတော့ဘုရားရှိခိုးတာပါ..
အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
ကွန်နက်ရှင်ကောင်းယင် တစ်ညလုံးလိုလိုအွန်လိုင်းမှာရှိနေတတ်ပြီးE-book
တွေကိုဒေါင်းနေတတ်ပါတယ် တခါတခါလည်းကဗျာတွေဘာတွေရေးဖြစ်တတ်တယ်
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ
ဘာလုပ်တတ်သလဲ
အရက်သောက်ဖြစ်တတ်ပါတယ်
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
ဖုန်း၊ နောက်ပြီး ကိုယ့်အလုပ်နဲ့ပါတ်သက်တဲ့ tools တွေပါ
အဲ ပိုက်ဆံအိတ်ကမဖြစ်မနေပါတာပေါ့ခါးပတ်အိတ်နဲ့ဆိုတော့
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
သည်းပွတ်လေး(ချိုသဒ္ဒါဇော်)
သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
ဒူ့ကိုမှယုံဘူး
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
မရှိဘူးရယ် ကိုယ့်ကိုယ်ကိုအချစ်ဆုံးဆိုတော့
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
Amazon Kindle
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
အင်း သော့ချိတ်လေးပေါ့
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
ချစ်ရတဲ့သည်းပွတ်လေးရဲ့ အမေ(ကျွန်တော့ရဲ့ ရှင်မပေါ့)
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
အရောင်းဝယ်တွေပါးနေလို(့မြန်မာပြည်သူတွေစီးပွားရေးအမြန်ပြန်ကောင်းကြပါစေ)
ကဲ ပစ်ပစ်ရေ တဂ်ပို့စ်ရေးပြီးပြီနော်ဒီနေ့ကော်နက်ရှင်ကောင်းလို့ဒီနေ့မှဝင်ဖြစ်ပြီးဒီနေ့မှရေးဖြစ်လိုက်တာ
3 comments:
သည်းပွတ်လေးဆိုတာနဲ့
သည်းပွတ်လေးရဲ့အမေ
အမလေး..ကိုချစ်သူမောင်ရယ်
မနည်းနားလည်အောင်ဖတ်လိုက်ရပါတယ်
ခုတော့..ကျမနားလည်သွားပါပြီ...
တက်ဂ်ထားတာလေးရေးပေးလို့ကျေးဇူးပါ
အကိုကြီး...
ကျွန်တော်လည်း မရောက်တာတောင်ကြာနေပြီင်္ဗျာ။
ကဗျာ တွေဖတ်ဖို့လာတာ တဂ်ပို့စ် လေးကိုဖတ်ပြီး ပြန်သွားတယ် ညနက်နေပြီ မနက်ဖြန်ပေါ့နော်။
သည်းပွတ် ဆိုတာ သူ့အမေကိုခေါ်တယ်ထင်နေတာ..
ဥဥ တယ် ပီးရိုမန်းတစ်ဖြစ်နေပါလားလို့...
ထင်တာနဲ့လွဲသွားတယ်...
ဟီးဟီးး
Post a Comment