Wednesday, November 9, 2011

သက်တန့်ဖျားကငှက်ကလေးသို့(၆)












သင်းကြည်ချိုမြ
နှင်းဆီလိုလှတဲ့မေ
အပြုံးတွေဝေ
ရင်မှာလေလှိုက်မော
ချစ်မိသောဘဝမှာ
ရင်ရဲ့တခွင်တပြင်မှာ
ညည်းသာပိုင်စိုး
အနိုင်နဲ့ပဲမိုးရော့......

ခပ်လှုပ်လှုပ်ပါကွယ်
မခုန်တတ်တော့တဲ့ရင်
မင်းအသွင်တွေ့တော့မှ
ထပ်တူညီမြဲ
ရယ်ပွဲဖွဲ့ဖြစ်တဲ့
နေ့ညတွေလေ
အမှတ်တရရှိဆဲ
ထင်ရစ်ခဲ့ဘူးသော
ရင်ကခြေရာ
အမှတ်မှားခြင်းတော့
မဟုတ်စေနဲ့ပေါ့ကွယ်........

တခုတ်တရကဗျာ
စာလွှာတွေတွေး
နှလုံးသားရေးလား
ထင်မှတ်မှားယုံပဲလေ
စိတ်ဖြေသာယုံ
ကျေနပ်ယုံမျှ
နှစ်သိမ့်မှုသာ
ပေးသနားလျှင်
နေပျော်ပြီထင်
ငှက်အသွင်တောင်ပံဖြန့်လို့
ငါ့ရင်ခွင်နားခိုလှည့်ပါ
မဆိုသာသောဘဝ
ရင်ခွင်ထဲကညတွေ
တွေးမိတိုင်းလျှင်
ဘဝင်ကြည်နူး
နေဖူးချင်ရဲ့.........

သက်တန့်ရောင်ဝါ
ရင်မှာရိုက်ခတ်
နွေလည်မိုးမှ
မြင်တွေ့တတ်သော
ပုံရိပ်ရောင်ဝါ
လင်းဖြာရောင်စဉ်
မြင်လျှင်ကြိုးညှိ
တီးခတ်မိချင်
ရင်သိသံစဉ်
ချိုချင်ပါရဲ့
ညည်း မိလေသော
ကာရံနဘေထပ်တွေ
သံစဉ်သွတ်သွင်း
သီချင်းဖြစ်စေ
မင်းတွက်ပေမို့........

ရောင်စဉ်ဖြာလက်သော
ကမ်းလက်တို့
တွန့်မဆုတ်မီကြား
သခင့်ထံပါး
အခစားရောက်ချင်
တွေဝေသော
မက်မောတပ်မက်မှု
မှုန်ဝါးလေသော
ပိုင်ဆိုင်တဲ့ညများ
မာယာဖြူနဲ့
ညှို့ယူဖမ်းစားခြင်း
အတတ်ပညာ
ရင်မှာအနေထိုင်
မတတ်ခြင်းများ
နေရာယူရယ်ပွဲဖွဲ့
တတ်လေသော
ငြူစူစောင်းမြောင်း
ပြောဆိုတတ်လေသော
အငိုလွယ်လျှက်
အရှိုက်ခက်သော
အလှမ်းဝေးလွန်းလှသော
ပန်းကလေးသာ
ဖြစ်နေပါတော့
မောင့်သခင်...........။     ။


2 comments:

blackroze said...

ကဗျာလေးကို ခံစားသွားပါတယ်..

ချစ်သူမောင် said...

ကျေါ်ဇူးပစ်ပစ်ရေ