Friday, September 23, 2011

"ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကိုအကြွင်းမဲ့ကန့်ကွက်ပါတယ်ခင်ဗျာ"




ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့ပါတ်သက်လို့ကန့်ကွက်ကြောင်းလှုပ်ရှားမှုတစ်ခုအနေနဲ့တင်ရမယ့်
ပို့စ်တစ်ခုဖြစ်တဲ့အတွက် အနည်းငယ်ရင်ခုန်နေပါတယ်၊မနေ့တည်းကပေါ့လေ ။တစ်ကယ်ပြန်စဉ်း
စားကြည့်တော့ တစ်ကယ်ချစ်တဲ့ ဧရာဝတီမြစ်ကြီးကိုကွယ်ပျောက်မသွားစေချင်တာ ရင်က
ဆန္ဒအမှန်ပါ။ ပထမဆု့း ဧရာဝတီနဲ့ပါတ်သက်တဲ့ပို့စ်လေးအဖြစ် ကဗျာတပုဒ်နဲ့စဖြစ်ခဲ့ပါတယ်။
နောက်ထပ်ဆောင်းပါးတိုတိုလေးတစ်ပုဒ်ထပ်ရေးဖြစ်ခဲ့တယ်ပေါ့ ခုတပုဒ်ကအမေဧရာဝတီနဲ့
ပါတ်သက်လို့တတိယမြောက်ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့အပြင် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို
အကြွင်းမဲ့ကန့်ကွက်တယ်ဆိုတဲ့အကြောင်း ရေးတင်လိုက်တဲ့ပို့စ်ပါ ။တစ်ကယ်တော့ကျွန်တော်တို့
ဟာ politician များမဟုတ်ကြပါ ၀ါသနာပါလို့ကဗျာတိုကဗျာစလေးတွေ ကိုယ့်ရဲ့ဘလော့
မှာရေးသား တင်ပြနေတဲ့ ဘလော့ဂါများပဲဖြစ်ပါတယ် ။ ခုဟာကလှုပ်ရှားမှုတစ်ခုအသွင်နဲ့
တပြိုင်နက် ကိုယ့်ဘလော့မှာကိုယ်ရေးတင်ကြမှာ ဖြစ်တဲ့အတွက်တဂ်ပို့စ်လို့လဲခေါင်းစဉ်
တပ်မရပါ ၊
     တချို့သူတွေပြောကြပါသေးတယ် စုပြီးကိုယ့်ဘလော့မှာကိုယ်ပို့စ်တင်ဖို့ ရက်သတ်မှတ်လိုက်
တဲ့အခါကျတော့ ကူးစက်ရောဂါဆိုလား အမည်တပ်ကြပါတယ်၊တစ်ကယ်တော့ကူးစက်တာလား
သို့မဟုတ်ရင်တွင်းကနေတစ်ကယ်ဖြစ်လို့ရေးကြတာလားမစူးစမ်းမဆင်ခြင်ပဲပြောကြသူတွေကို
ဘာပြောရမလဲ သူတို့မှာလဲကိုယ်ပိုင်ဆင်ခြင်ပိုင်ခွင့်ရှိတယ် ဒါပေမယ့် ဘလော့ဂါဆိုတဲ့ ကိုယ့်
ပိုက်ဆံကိုယ်အကုန်ခံပြီး ၀ါသနာအရစာရေးနေသူ တွေဆိုတာ ရင်ထဲမှာဘာမှမရှိယင်ဘာမှမလုပ်
တတ်သူတွေဆိုတာကိုတော့စဉ်းစားခြင့်ချိန် ပြီးဝေဖန်တတ်ကြပါလို့ပြောချင်ပါတယ်။တစ်ကယ်
တော့ကူးစက်ရောဂါမဟုတ်ပါ။ We Blog We united ဆိုတဲ့ ဘလော့ဂါတွေရဲ့အသုံးနှုံးကိုမသိလို့
ဖြစ်ပါလိမ့်မယ်(သိသိကြီးနဲ့ပြောတဲ့သူလဲရှိပါတယ်)လက်တွေ့ပါဘလော့လောကနဲ့အရမ်းရင်နှီး
သူလဲဖြစ်တယ် နာမည်ဖော်လို့တော့မကောင်းတဲ့အတွက်ဒီမှာပဲ ရပ်ပါ့မယ်ဗျာ။
ခုချိန်မှာကျီးကန်းတစ်သိုက်လို့နာမည်ပေးလဲကျီးတစ်အုပ်အဖြစ်ခံပြီး
အမေဧရာဝတီအတွက်ကာကွယ်သွားချင်တဲ့ဆန္ဒတစ်ခုပဲရှိတယ် ။ကူးစက်ရောဂါဆိုလဲအဲဒီရောဂါ
အဖြစ်ခံပြီးအမေဧရာဝတီထာဝရအဓွန့်ရှည်တည်တံခိုင်မြဲဖို့ ကြိုးစားမယ်ဗျာ။
      နောက်ဆုံးနိဂုံးချုပ်အနေနဲ့ပြောချင်ပါတယ် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ဘယ်လိုအကြောင်း
ပြချက်မှမလိုလောက်အောင်ပဲ(လူတိုင်းသိရှိပြီးဖြစ်တဲ့အတွက် )တဖွဲ့တနွဲ့တခမ်းတနားဆိုတာထက်
ပြတ်ပြတ်သားသားရေးသားပြီးပို့စ်တင်ပါ့မယ်။တိုင်းပြည်ကိုအုပ်ချုပ်နေကြသော လူကြီးမင်းများခင်ဗျာ
နိုင်ငံတော်စီမံကိန်းတစ်ရပ်ဖြစ်သော ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းကိုအကြွင်းမဲ့
ကန်ကွက်ပါတယ်ခင်ဗျာ။

 "ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကိုအကြွင်းမဲ့ကန့်ကွက်ပါတယ်ခင်ဗျာ"

10 comments:

ညီရဲ said...

ဟုတ်တယ် သူငယ်ချင်း ကူးစက်ရောဂါ မဟုတ်ပါဘူး...
ကိုယ်ပိုင်အသိစိတ်ကနေ ပေါက်ဖွားလာတဲ့ နှလုံးသားထဲက ဖြစ်တည်လာတဲ့ ရောဂါပါ...
ဘယ်သူဘာပြောပြော တို့ တွေ လုပ်စရာရှိတာ ဆက်လုပ်ကြတာပေါ့...
လင့် ပါတခါတည်းယူသွားတယ် သူငယ်ချင်း...

Candy said...

လာဖတ်သွားပါတယ်ရှင့်...

Anonymous said...

အကိုကြီး......
အသွေးအသားနဲ့ ရေးတာဗျ
ကျီးတစ်အုပ် မဟုတ်ဘူး
မဲပုပ်သွားသွား မှန်တာကိုတော့ လုပ်ရမှာပဲ
ထိုမြစ်ဆုံရေကာတာ စီမံကိန်းကြီးကို အကြွင်းမရှိကန့်ကွက်ပါတယ်။

blackroze said...

ဒါကူးစက်ရောဂါမဟုတ်ပါဘူး..သူငယ်ချင်းရေ
တာဝန်သိမှု့ပါ...

ချစ်သူမောင် said...

အမှန်တော့ပြောချင်တာကကျီးပဲဖြစ်ဖြစ် ပိုးလောက်လန်းပဲဖြစ်ဖြစ် ဧရာဝတီကိုချစ်မြတ်နိုးတန်ဖိုးထားလေးစားရကောင်းမှန်သိယင်....ကန့်ကွက်ရကျိုးနပ်မှာပါဗျာ

ဟန်ကြည် said...

လေးစားမြတ်နိုးဖွယ်ကောင်းလှတဲ့ မြန်မာတို့ရဲ့ သမိုင်းကြောင်းအမွေ ဧရာဝတီ...မြန်မာပြည်သားတွေအပေါ် သစ္စာကြီးလှတဲ့ ချစ်သောဧရာဝတီ နောင်နှစ်သန်းပေါင်းများစွာအထိ တည်ငြိမ်ခန့်ညားစွာ ကျက်သရေရှိစွာဖြင့် ဆက်လက်စီးဆင်းနိုင်စေကြောင်း ၀ိုင်းဝန်းဆုတောင်းပေးလိုက်ပါတယ်...

ယွန်း said...

စာဆိုတာခံစားချက်ရှိမှ ရေးလို့ ရတာပါ ...ကူးစက်ေ၇ာဂါမဟုတ်ပါ ...ဧရာဝတီကို ချစ်တဲ့စိတ် .. ကာကွယ်ပေးလိုတဲ့စိတ်ပါ..

ငွေလမင်း said...

ဧရာဝတီကို လွတ်လပ်ခွင့်ပြုပါ

မြသွေးနီ said...

ဧရာဝတီနဲ့ မြန်မာပြည်
ဧရာဝတီနဲ့ ဗမာလူမျိုး
ခွဲခြားလို့မရဘူး...။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဆုံးပြီးရင်းဆုံး ရှုံးပြီးရင်း ရှုံးထဲမှာ ပင်မသွေးကြောဖြစ်တဲ့ ဧရာဝတီကိုတော့ မဆုံးရှုံးချင်ပါဘူး၊ ဒီအတွက် လုပ်သင့်တဲ့ အရာ အားလုံးကို လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်မှ မဟုတ်ပါဘူး။