ဘာပဲပြောပြော
ပြောချင်တာပြော
ကြ ပစေတော့
ညီမလေးရေ..........
တမလွန်ရောက်နေတဲ့
မင်းရဲ့ဘဝလေး
အေးချမ်းသာယာပါစေ.....
အမှတ်တရတွေ
မင်းထားသွားလို့
တနှစ်တနှစ်
မေ့မပစ်ရက်
အခက်ပွေ
သောကဝေစေ
ရင်မှာဝေဒနာ
ဒီရေအလား
မဟုတ်တောင်
တရိပ်ရိပ်တော့တိုး
အလွမ်းမိုးနဲ့အတူ
နွမ်းလျမော
ဝေဒနာတွေ
ရင်မှာထင်ကျန်
မခံစားနိုင်အောင်ပဲ
အလွမ်းထဲတဝဲလည်လည်......
တစ်ကယ်သာဆို
ကိုကို့ကိုမင်းထားရစ်
အလွမ်းနှစ်တွေပါကွာ
တစ်ကယ်ဆို
ခြောက်နှစ်တင်းတင်း
ပြည့်တော့မည်လေ.......
တစ်နေ့တစ်ရက်မှ
မေ့မရဘူးဆို
ကိုယ်လိမ်မိသလား
အဲလိုလဲမဟုတ်ရပါ
တမ်းတမိတာအခါခါပေါ့
လောကထဲလမ်းလျှောက်ယင်း
ပြိုလဲချင်တဲ့အချိန်ကျတော့
မင်းကိုပိုသတိရ........
"သေသောသူကြာယင်မေ့တဲ့လား"
သွားပါကွာ..အလကား ထင်ရာတွေ
တစ်ကယ်ဆို အလုပ်များနေချိန်တောင်
ပင့်သက်ရှိုက်တဲ့အခါ
မင်းမျက်နှာလေးတွေးမြင်
မပီပြင်ဝို့တဝါး
မျက်ရည်စတွေတောင်မှ
ထွက်ခဲ့ဖူးပါရဲ့........
အလွမ်းထဲမနေရဲပေမယ့်
ကျွမ်းဝင်တဲ့နေရာ
သည်နေရာဟာ
ရွာတည်လို့သာနေဖြစ်
အချစ်ဆိုတဲ့စကား
ကိုယ်တို့ကြားမှာ
ယုံမှားသံသယဖြစ်စရာမရှိ
တချိန်ကပြိုလဲခဲ့စဉ်
အနားမှာရပ်တည်ပေးတာ
မင်းမှမင်းပါကွယ်
နှင်းထဲမှာမင်းမပါလဲ
ကိုယ်တစ်ယောက်တည်း
ကြောင်တောင်တောင်နေဖြစ်
ငယ်ကချစ်ရေ
အလွမ်းနှစ်တွေ
ကျွမ်းရစ်သက်သေတွေပါ........
ငိုချင်ရက်လက်တို့ဆိုမလား
အတွေးကြားမှာ
မျောလွင့်စိတ်ဝေဒနာ
ပြောပြမချင့်ချိန်ချင်တော့ပါလေ
တမလွန်ခရီးကို
အပြီးစီးထွက်သွားခဲ့တဲ့
ကိုကို့ရဲ့ ညီမလေး
ကိုကိုကတော့လေ
အလွမ်းတေးတွေ
ဆိုနေရဦးမှာ
အလွမ်းကဗျာတွေ
ရေးဖြစ်နေဦးမှာ
နွမ်းလျတဲ့ရုပ်နဲ့
၂၆.၂.၂၀၁၀မှာ
ညီမလေးရှိတဲ့နေရာ
ကိုကိုလာဦးမှာ............
အလွမ်းပြေမဟုတ်ပေမယ့်
တစ်ကယ်တမ်းတော့လေ
နွမ်းလို့ကြွေ............
မှတ်ချက်။ ။NNT ညီမလေးရေ ခွဲသွားခဲ့တာတစ်ကယ် ခြောက်နှစ်ပြည့်တော့မယ် ကိုကိုလည်း
သတိရတမ်းတယင်း အလွမ်းကဗျာတွေသီ နွမ်းစာတွေစီဖြစ်နေခဲ့ သတိတရပါပဲကွာ။
4 comments:
ဥဥရေ...လွမ်းနေဆဲပါလား...
ကိုယ်အရမ်းချစ်တဲ့သူ သေတောင်မမေ့ဘူးဆိုတာ တစ်ကယ်မှန်တယ်.. သေသောသူကြာရင်မေ့ဆိုတာ ကိုယ်ချစ်တဲ့သူတွေ မပါဘူးနော်။
ဟုတ်တယ်ကူကူး ညကမင်္ဂလာဆောင်ခွေကို
သတိ တရကြည့်ပြီး convert လုပ်ပြီး
တအားသတိရနေခဲ့တာ ဥဥ ရဲ့ mp4
ထဲမှထည့်ယင်းကြည့်ယင်း သတိတွေရပြီး
လွမ်းနေခဲ့တာပါ................
ကိုမောင်ရေ....
ကဗျာလေးကိုဖတ်ရတာ...စိတ်မကောင်းပါဘူးဗျာ...။
တစ်ကယ်ဖြစ်ခဲ့တာဆိုတော့...ပိုစိတ်မကောင်းဖြစ်ရတယ်...။
ပျော်ရွှင်နိုင်ပါစေဗျာ....
ခင်မင်တဲ့
ဏီလင်းညို
ကိုဏီရေ
စိတ် မကောင်းစရာတွေရေးဖြစ်ယင်ဆောရီးပါ
အဖြစ်ကတစ်ကယ်ပါ သူဆုံးတဲ့ ခြောက်နှစ်ပြည့်နေ့နီးလာလို့စိတ်ကယောက်ကယက်နဲ့ ရေးဖြစ်တာ ပါ ၂၆.၂.၂၀၀၄ကဆုံးခဲ့တာပါ ခုတော့လည်း..
Post a Comment