Tuesday, June 28, 2016

ခြောက်ခြားခြင်း



ခင်မလွမ်း တော့တဲ့အခါ
သတိမရ
မတမ်းတတော့တဲ့အခါ
အရာရာဟာအပြစ်ဖြစ်
ကဗျာတွေဟာအဆိပ်ဖြစ်
မြင်သမျှ အရာအားလုံးမှာ
ကောင်းကင်ပြိုကျ
တိမ်တွေမလှတော့
ရက်စက်ခြင်းအညှိုးတွေ
မဲမဲမြင်ရာ
ဒေါသသင့်ပြီ
အချစ်အမုန်း
အစွန်းနှစ်ဖက်မှာ
မောင်ဟာကဗျာမဟုတ်တော့ပါလေ.....

ချစ်ခြင်းတွေနဲ့တပ်မက်
နှောင်ဖွဲ့ခြင်းတွေနဲ့သံယောဇဉ်
တမင်တကာဖယ်ခွာတိမ်းလို့
သူစိမ်းမှတ်ရမလားကွယ်
သူမုန်းပြီလား
မူပြုံးရန်မဆိုထားနဲ့
လေသံလေးနည်းနည်း
ပြောင်းလဲသွားယင်တောင်မှ
မခံစားနိုင်သူပါ
တွယ်တာခြင်းရင်က
တပ်မက်မိတဲ့နှလုံးသား
အပြုံးနဲ့စကားမဆိုသာ
အရှုံးအတွက်နားခိုရာမရှိပါလေ......

အလွမ်းဆွေးတွေနဲ့
ကူရာကယ်ရာမဲ့လေပေါ့
သေလုအောင်ခံစား
နာကျင်တယ်ရင်ခွင်တွင်းမှာ
ပူပြင်းလှချည်ဆို
ငိုမလိုပြိုတဲ့
တောင်ဆီကညိုတဲ့မိုးရယ်
သည်းနှင့်ပါဦး............

လွမ်းလွန်းတဲ့အခါ
ကာရံပျောက်ရှ
စကားလုံးတွေ
ရှာမရတဲ့အဖြစ်
အလွမ်းသင့်တော့
ပန်းပွင့်လိုကြွေချင်ပြီ..........

Friday, June 10, 2016

အိမ်ရှေ့က ကျွန်တော့ခရေပင်






အိမ်ရှေ့ကခရေပင်
တင့်တယ်အောင်စိုက်ကာထား
ရေတွေလောင်းပေါင်းတွေသင်
လက်ခုပ်တစ်ဖောင်မရောက်ခင်
မကြာခင်ပွင့်တော့မယ်လား.....

ခရေပန်းလေးမွှေးမွှေးကြူ
ရနံသင်းပျံလှိုင်လှိုင်သူ
ကြွေကျတာကိုမစောင့်အား
ဝါးလုံးဆစ်လို့ခူးမယ်တအား
ရပ်ကွက်နေသူလူအများ......

စိုက်ပျိုးသူမှာ
မုဒိတာ
ထားပြန်သော်လဲမရပါ
ပန်းကိုခူးကာ
အကိုင်းချိုးသွား
ကျနော့ခရေပင်လေး
ငုံးတိဗျား.......

အများသူငါအရိပ်ရအောင်
စွမ်းဆောင်ချင်လို့ပျိုးကာထောင်
အရိပ်နေလို့အခက်ချိုးသွား
ကျနော့လမ်းကပြည်သူများ........

လွမ်းလာတဲ့အခါ



တရှိုက်မက်မက်
နမ်းခဲ့ဖူးတဲ့ပါးပြင်
ဖွဖွ နမ်းမိတဲ့နဖူး
မြတ်နိုးစွာနှောင်တွယ်ရစ်တဲ့
ချစ်ခြင်းတွေ
ရင်ခွင်မှာတငွေ့ငွေ့
လောင်မြိုက်ကြွမ်းဝေဒနာ
သူအဝေးသွားယင်
နေမထိထိုင်မသာ
နေမိနေရာတွေ........

တရံတဆစ်
တူတူသွားခဲ့ဖူးတဲ့လမ်း
လျှောက်လည်ဖူးတဲ့နေရာ
အမှတ်တရများစွာ
ပျော်တယ်ထင်လား
မောင့်သခင်...သက်ထား
အလွမ်းကြားနစ်
ဆူးများရစ်ပေါ့.........

ခဏတာဝေး
တမ်းတတေးတွေ
စကြဝဠာဟိုအဝေး
ဖြန့်ကြက်တွေးယင်း
ကြယ်တွေပါလွမ်းစေ
နဂါးငွေ့တန်း
ဟိုး...အလှမ်းကွာ
ကိန္နရာအလွမ်း
တိုင်တည်သစ္စာ
အချစ်ဟာ..လေ
တွေဝေမိန်းမော......

တစ်ညဝေးလို့
ရက်ခုနစ်ရာ
ငိုတဲ့အလွမ်းဆို
တဘဝစာ
မငိုချင်ပါလေ
ရုပ်ဝတ္ထုဆန်တယ်ထား
ရင်ခွင်မှာလေ
ငုံ့ကြည့်လိုက်ယင်
သခင်ရှိမှ
ပြည့်စုံတယ်.......

လွမ်းလာတဲ့အခါ
ဟိုးအဝေးက
ကြယ်တွေဖမ်းဆုပ်
အနမ်းရဲ့သရုပ်တွေ
ပြီပြင်စေပေါ့.......

စကြဝဠာတံတိုင်း
ဟိုးအစပ်နားလေးက
ကြယ်တွေကောက်လို့ကြိုးနဲ့သီ
ညဟာကဗျာဖြစ်
အလွမ်းဟာပန်းကုံးဖြစ်
တမ်းတခြင်းတွေက
ရင်မှာစူးနစ်
အရူးမူးဖြစ်တယ်
သခင်ရယ်........

Tuesday, June 7, 2016

တမ်းတမိသော.....






လွမ်းတယ်.....
ဆိုတဲ့စကားလုံး
အခါခါသုံးပြီး
ကိုယ့်ကိုယ်နှိပ်စက်ခြင်းတွေ
ဝေးအောင်ရှောင်နေလည်း
ကြုံရ ဆုံရ
ဤ ဘဝဝယ်
အလွမ်းအဆွေး
တေးချင်းညည်းဆို
ငိုနေမယ့်ရက်တွေ
အခက်ပွေနေ့ညတွေ
ရတက်ပွေမေ့မရလေတော့
ဪ..... ချစ်ရယ်
အလွမ်းသာ....ကျန်ခဲ့.....

တမ်းတရတဲ့
နေ့ရက်များအဆုံးမှာ
ပြုံးရယ်နိုင်မှာလား
ရုန်းဖယ်ကာမထားနိုင်
အားပြိုင်ချစ်ခြင်းတွေ
မမှားနိုင်အပြစ်ကင်းပေမယ့်
တမ်းတမိတဲ့
တရှိုက်မက်မက်အနမ်း
ဖွဖွရှိုက်တဲ့ နဖူးပြင်
ရင်ကိုမှီနွဲ့စကားဆိုဟန်
အဖန်ဖန်မြင်ယောင်တွေး
မိုးရွာလျှင်အားငယ်တတ်သူ
ချစ်သူအတွက်မောင့်ရင်ခွင်
တမ်းတခြင်းတွေနဲ့
ငိုနေမယ်ကွယ်........

သခင်
အဝေးသွားတော့
တမ်းတပိုကဲ
နှလုံးအိမ်ထဲမှာ
သူမှသူပဲ ပိုင်စိုး
အစဉ် အနားရှိစေချင်
တမ်းတရတဲ့ရင်ခွင်
သခင်သိလေမလား
ခံစားချက်အချို့တလေတွေ
ထပ်တူကျခဲ့သလား
သခင်လွမ်းလျှင်
အလွမ်းပင်လယ်
ရင်မှာဝေတယ်
ကြွေတဲ့မိုးစက်တွေနဲ့အတူ.....