Thursday, May 7, 2015

မိုးစက်ပုံပြင်

တိမ်ညိုလေးတွေ
မြေကိုသက်ဆင်း
ခနှင်းရောက်စဉ်
ရွာချင်တယ်ဆို
ပြိုချင်လျက်နဲ့
မပြိုခင်အကြောင်းကြားကာ
မှာတမ်းချွေဖွင့်ဟဆိုဦး........

မိုးရေမှုန်တွေ
မြေမှာခလို့
အစုဝေးဖွဲ့ကာ
ရေအိုင်ငယ်ဖြစ်တော့
ရာသီရယ်အေးမြစေဦး.....

အလွမ်းရာသီရယ်
ရင်မှာခိုက်လို့
ပိုက်ပိုက်ထွေးထွေး
ထွေးပွေ့ပါရစေဦး......

နှစ်ကိုယ်အတူ
ယှဉ်ကာလျှောက်တဲ့
စင်္ကြန်လမ်းလေးထက်မှာ
ထွေးပွေ့လိုအနမ်းခြွေ
ရွှေလည်တိုင်မော့လို့ထားဦး
နဖူးဆံစမွှေးမြချင်လို့........

တမ်းတသူ
တွယ်ရာမဲ့ပေါ့
ရင်ခွင်ကိုအလွမ်းတိုးဝှေ့စဉ်
တိုင်တည်စရာနေရာမဲ့ပေါ့
တစ်ကိုယ်တည်းလွမ်းတေးညည်းစဉ်
ပျော်ရွှင်ရာနေရာရှာခဲ့ဖို့
ကူလှည့်ခဲ့ဦး......


Tuesday, May 5, 2015

တိမ်တွေညိုပြိုတော့မယ့်အရပ်ဆီ


နွေနှောင်းရာသီ
အပူဒါဏ်မခံစားနိုင်တော့
မှိုင်းလို့မှုန်ဝေ
မိုးရာသီကို
တမ်းတမ်းတ....

ရွာမယ့်ဟန်ပြင်လဲလေပေါ့
အပူမစဲနိုင်ဘူး
ဆူဆဲ လေပူထဲမှာလ
မှိုင်းလို့သာမှုန်ဝေ
ဟန်ရေးအခါခါကြွယ်လေပေါ့
မိုရေမှုန်ကျ
ဝဿန်လကို
မျှော်မှန်းတမ်းတ
မိလေသော...........

ပူချက်ကယ်ကမ်းကုန်
ငရဲပြည်ရောက်လုလုမှတ်တယ်
ရွာမယ့်ဟန်ပြင်တော့
တိမ်တွေညိုကာလေ
ပြိုတော့မယ့်အရပ်ဆီ
အပြေးသော့နှင်
ရွာဟန်ပြင်သူ
မိုးမင်းသမီး
လာမယ့်အရပ်ဆီ
အကြိုထောက်
အရောက်လာကာ
တမ်းတ တတ
မျှော်မိလေကြောင်း............

တိမ်ပလီနွေနှောင်း
ဝဿန်ကူးလု
ဥတုသည်လေ
အပူခိုးဝေ
နွေနေ့တွေမတွေ့ချင်တော့
ရာသီအပြောင်း
မျှော်မိလေကြောင်း
နှုတ်ဖျားမှပင်
ဖွင့်ဟကာလျှင်
တမ်းငြီးမိ..........


Sunday, May 3, 2015

တစ်ကယ်ဆိုယင်

တစ်ကယ်တော့
တွယ်တာတပ်မက်ခြင်း
အနှစ်
အပြစ်မဖြစ်သ၍
နေသာပါတယ်
တွယ်တာယုံပဲ
ဆိုယင်......
မြင်နေယင်ကျေနပ်
ဝမ်းသာယင်လိုက်ပျော်
စိတ်ညစ်ယင်
အားပေး
အလွမ်းအဆွေး
မတွေးကြေးဆို
နေသာပါတယ်
ပျော်ပါတယ်လေ........
မတွေ့ယင်လွမ်း
တွေ့တော့ကျွမ်းလောင်
အလွမ်းနှောင်ဖွဲ့
ချစ်သူသက်ထား
အတွေးများမှာ
မတွေ့ရမမြင်ရယင်
မျက်နှာမွန်ဦး
တွေ့ချင်မိ..........
ချိုသာစကား
နှုတ်ဖျားကနေ
ကြားရယင်ဖြင့်
အတိုင်းမသိ
ပျော်နေမိတယ်
တွယ်တာနှောင်
ရစ်ပတ်မိသူရင်ထဲ
အတွေးမှာအစဉ်ရှိ
မတွေးလည်း
အမြဲရှိတယ်.............
တစ်ကယ်သာဆို
တွယ်တာမိခြင်းဝေဒနာ
အသံကြားယုံ
မြင်ရယုံမျှ
ပြည့်စုံပါတယ်
ချစ်သည်းငယ်ရယ်......